Arc-1 (Jun Ren)
Màu nền
Font chữ
Font size
Chiều cao dòng
CHAPTER-1.12
Zawgyi
"ဘာကိစ္စလည်း?"
"ဘာကိစ္စလည်း?" ဇာတ်လိုက်က ကားပါကင်ကိုလမ်းလျောက်သွားလိုက်ပြီး ငြိမ်သက်စွာစောင့်လို့နေသည်။
"..." - ဇာတ်လိုက်
"ငါ့ရဲ့ဘဝကတော့တကယ်ကိုကံမကောင်းလိုက်တာ" - တစ်ဖက်ကလူ။
Hostကသူမရဲ့"ရန်လိုမှု" ဆိုတာကို ဆက်လက်သရုပ်ဆောင်နေပြီးသူမရဲ့အမြီးကို ထုတ်ကာ မြေပြင်ပေါ်၌ရပ်လိုက်သည်။
CHAPTER-1.12
Unicode
Hostကဆေးရုံမှာနှစ်လလောက်နေလိုက်ရသည်။ နေ့တိုင်းသူမက ဗီတာမင်အချို့နဲ့ဘဲနှစ်ပါးသွားနေရသည်။ ပြီးတော့လဲအမြဲတမ်းတစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်ဘဲကျွေးသည်!!! ဒါကြီးကရူးချင်စရာဘဲ! သူမရဲ့ပထမအပါတ်အပြီးမှာ ဆရာဝန်နဲ့တွေ့ပြီးချိန်မဟုတ်ရင်သူနာပြုတွေနဲ့ သူမရဲ့ယာယီအခန်းထဲခေါ်သွားခံရတဲ့အချိန်ဆိုရင် လေ့ကျင့်ခန်းတွေလုပ်လာရသည်။ သူမအော်လိုက်ပြီး အထပ်မြင့်ပေါ်သို့ခုန်တက်လိုက်သည်။ သူတို့ရဲ့လက်တွေကိုကုတ်လိုက်ပြီး သူမကိုအောက်ချပေးရန်လုပ်နေချိန်တွင်သူမဒေါသထွက်စွာဟစ်လိုက်လေသည်။
systemကငြိမ်သက်နေပြီးhostကိုစိတ်ရှုပ်ထွေးမှုနဲ့အတူ ကြည့်လိုက်သည်။
[Hostဘာလို့ဆေးမသောက်ချင်ရတာလဲ? သင်ဒီလိုလုပ်နေရင်ပိုပြီးသက်သာလာမှာမဟုတ်ဘူးနော်]
'ငါသိပါတယ်။ ဒါပေမယ့်ဇာတ်လိုက်ကောင်ကငါ့ဆီလာမလည်တော့ ငါဒီမှာပိတ်မိနေပြီလေ။ ငါဘယ်လိုနှလုံးသားအမှတ်ကိုတိုးလာအောင်လုပ်ရတော့မှာလဲ?! ဒါကငါ့ရဲ့ဖြေရှင်းချက်ဘဲ။'
[ဒါပေမယ့် တုံးအနေတုံးဘဲ...အကယ်၍အလုပ်ဖြစ်ခဲ့ရင်ပေါ့ *သက်ပျင်းချ*] systemကသူမကိုတစ်ယောက်ထဲထားခဲ့တော့သည်။
အချိန်သုံးရက်လောက်ရှေ့မတိုးနောက်မဆုတ်သာကြာပြီးတဲ့နောက်မှာတော့ဆရာဝန်တွေက ဇာတ်လိုက်ကိုစိတ်ပျက်လက်ပျက်နဲ့ ခေါ်လိုက်ပြီးသူ့ရဲ့ကြောင်ကမှားယွင်းနေကြောင်းကိုပြောလိုက်သည်။ သူတို့ကသူမကိုသုံးရက်လောက်အစာကောင်းကောင်းမကျွေးရသေးပေ။ ဘာလို့လဲဆိုတော့ သူမကအမြဲတမ်းအဲ့တာတွေကိုဖွက်ရင်ဖွက် မဟုတ်ရင်မစားဘဲဒီအတိုင်းထားထားတာတို့လုပ်တာကြောင့်ဖြစ်သည်။ သူတို့ကြိုးစားပြီးတော့စိတ်ငြိမ်ဆေးတွေလည်းပေးကြည့်ပါသေးတယ်။ ဒါပေမယ့်အဲ့တာကလည်း အသုံးမဝင်ချေ! သူမကအမြဲတမ်းတိမ်းလျှောင်နေခဲ့သည်။
'ငါတို့အရှုးပေးလိုက်ပြီ! သူ့ရဲ့သခင်ကိုခေါ်လိုက်တော့!'
အဲ့အချိန်မှာဇာတ်လိုက်က မော်လ်ဒယ်ရှိုးပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်နေတဲ့နေရာမှာရှိနေပြီး ဝန်ထမ်းတွေကို ညွှန်ကြားဆနတာဖြစ်သည်။ ယနေ့ပွဲအတွက်မီးမောင်းထိုးတဲ့အကြောင်းကိုလဲ ဒါရိုက်တာနဲ့ဆွေးနွေးနေတာဖြစ်သည်။ သူလုံးဝမအားလပ်နေတာဖြစ်ပြီး အရမ်းကိုစိတ်ရှုပ်လို့နေပြီဖြစ်သည်။
သူ့ဘေးနားမှာသူ့ကြောင်လေးမရှိတဲ့အချိန်ထဲက အရမ်းကိုသူမရဲ့နနနူးညံ့တဲ့အမွှေးလေးတွေနဲ့ သူမရဲ့ချစ်စရာကောင်းမှုလေးတွေကိုလွမ်းနေပြီ ဖြစ်သည်။ အဲ့အချိန်မှာလည်းဇာတ်လိုက်က နွေးထွေးမှုရှိတဲ့အပြုံးကိုပြုံးလိုက်သည်။ လူတိုင်းကကြောင်အသွားပြီး တစ်ခနတာလောက်ဇာတ်လိုက်ကို ငေးကြည့်လိုက်ကြသည်။ ဒါပေမယ့်ခနအကြာမှာဘဲ သူ့ကြောင်လေးကဆေးရုံမှာဆေးကုနေရတာကိုသတိရလိုက်တဲ့အချိန်မှာတော့ ထိုအပြုံးကပျောက်ကွယ်သွားလေသည်။ သူ့ရဲ့မျက်နှာကပိုပြင်းထန်လာပြီး ဒေါသထွက် လာတာကိုတွေ့တော့ လူတိုင်းကပုခုံးတွန့်သွားပြီး ဒီအခန်းထဲကသူနဲ့ဝေးရာကိုလွတ်မြောက်အောင်ကြိုးစားချင်သွားသည်။
"မင်းတို့အားလုံးကအဲ့မှာဘဲရပ်နေတော့မှာလား?! သွားပြီးတော့အဆင်သင့်ဖြစ်အောင်သွားလုပ်လေ!" အားလုံးကသူတို့ရဲ့အလုပ်ကို အလျင်အမြန်လုပ်လိုက်ပြီး သူ့ရဲ့အမျက်ဒေါသကနေဝေးဝေးရှောင်လိုက်သည်။ ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့နတ်ဆိုးဘုရင်ဖြစ်တဲ့ ဇာတ္လိုက္ကို သတိလက်လွတ်သွားပြီးတော့ စကားသွားပြောရန်ကြံစည်လိုက်သည်။ အဲ့တာကတော့ဇာတ်လိုက်မဘဲပေါ့! သူမကလက်ဖက်စိမ်းရည်တစ်ခွက်ကိုကိုင်ထားပြီး သူမကသူ့ရှေ့မှာပိတ်ရပ်လိုက်တဲ့အချိန်မှာ ဇာတ်လိုက်ကိုပေးရန်ရည်ရွယ်ထားတာဖြစ်သည်။
"ဒါ-ဒါက....မစ္စတာRen ကျေးဇူးပြုပြီးရှင့်ရဲ့ဒေါသကိုအများကြီးမထွက်ပါနဲ့။ ဒီမွာ ဒီလက်ဖက်ရည်ကသင့်ကိုကူညီကောင်းကူညီနိုင်ပါလိမ့်မယ်။" ဇာတ်လိုက်မကရှက်သွေားဖြာကပြောလိုက်သည်။ အားလုံးကဇာတ်လိုက်ကို သိမ်မွေ့ပြီး သွက်လက်တဲ့မိန်းကလေးကစကားပြောဖို့ကြိုးစားနေတာကို တွေ့လိုက်ရသည်။ ဒါပေမယ့်အဲ့တာကသူ့အပေါ်ကို ဘာတစ်ခုမှမသက်ရောက်ဘဲ သူကအေးစက်စွာနဲ့သူမကိုဆူပူလိုက်သည်။
"မင်းအခုဘာလုပ်နေတယ်လို့ထင်နေတာလဲ? ထိတ်ဆုံးကိုရောက်ဖို့ငါ့မျက်နှာသာပေးတာကို လိုချင်နေတာလား? ဟ! မင်းကဒီလောက်တောင်နိမ့်ကျပြီး ဖီးနစ်ငှက်ပုံစံပြောင်းဖို့သစ်ကိုင်းမြင့်မြင့်ကို ဖမ်းယူဖို့လိုချဂ်နေတာလား? အိမ်မက်ဘဲမက်နေလိုက်။" သူရယ်ပြီးပြောလိုက်သည်။ အဲ့အချိန်မှာဘဲဇာတ်လိုက်ကဆေးရုံကဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။ သူဖုန်းဖြေဆိုလိုက်တဲ့အခါမှာဘဲ သူ့ရဲ့မျက်ခုံးကိုပိုပြီးကြုံ့လိုက်သည်။ သူက ဇာတ်လိုက်မသနားစရာကောင်းစွာမငိုခင် အာရုံစိုရ်မနေတော့ဘဲသူမအတွက်တစ်ခြားသူရဲ့စိတ်ခံစားချက်ကတွေကိုသာ နှိုးဆွပေးခဲ့လိုက်သည်။
"ဘာကိစ္စလည်း?"
"ဆ-ဆရာ။ အကယ်၍စိတ်မရှိရင်အချိန်အနညးငယ်လောက် စကားပြောချင်လို့ပါ။ ဒါပေမယ့်ကျွန်တော်တို့မှာ အခက်အခဲကြုံနေရလို့ပါ။"
တစ်ခြားတစ်ဖက်ကလူက ချွေးထွက်နေပြီးပြောလိုက်သည်။
"ဘာကိစ္စလည်း?" ဇာတ္လိုက္က ကားပါကင်ကိုလမ်းလျောက်သွားလိုက်ပြီး ငြိမ်သက်စွာစောင့်လို့နေသည်။
"ဆရာ သင့်ရဲ့ကြောင်လေးကတစ်ခုခုမှားနေပြီ။ ကျွန်တော်တို့ကုသမှုကိုဆက်ပြီးလုပ်ဆောင်လို့မရဘူး။ ဘာလို့လဲဆိုတော့သူမက စင်ပေါ်တွေတက်ပြီးပြေးတာနဲ့ ပုန်းနေတာတို့ကို လုပ်နေတယ်။ ကျွန်တော်တို့သူမအိပ်ပျော်အောင်လည်းလုပ်ကြည့်ပါသေးတယ်။ ဒါပေမယ့်သူမကရှောင်တမ်းနေတယ်။ ကျွန်တော်တို့ရဲ့ကုသမှုမပြီးမြောက်တဲ့အတွက်တကယ်ကိုတောင်းပန်ပါတယ်!! သူမအစာကောင်းကောင်းမစားတာလည်းသုံးရက်လောက်ရှိပြီ!" တစ်ဖက်ကလူကလည်းကြောက်ရွံ့နေပြီး သူ့ရဲ့အသံက အသံအဆုံးထိမြင့်ပြီးပြောနေချင်းဖြစ်သည်။ ဇာတ်လိုက်ကသူ့ရဲ့ဒေါသကိုမထုတ်ရသေးခင်အချိန်မှာဘဲ တစ်ဖက်လူကဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်လေသည်။
"..." - ဇာတ်လိုက်
"ငါ့ရဲ့ဘဝကတော့တကယ်ကိုကံမကောင်းလိုက်တာ" - တစ္ဖက္ကလူ။
systemကHostကိုသူမရဲ့အကြံအစည်အောင်မြင်သည်ဆိုတာကိုပြောလိုက်သည့်အချိန်မှာတော့ hostကနှိမ့်ချရုံနဲ့ရန်လိုရန် ဆက်လက်ရှိနေဆဲဖြစ်ပြီး ဆရာဝန်နဲ့သူနာပြုတွေကို ကုတ်ဆွဲနေတုန်းဘဲဖြစ်သည်။ systemကထိုလုပ်ရပ်က ရူးသွပ်ပြီးတော့အဓိပ္ပါယ်မရှိဘူးလို့ထင်လိုက်သည်။ ဒါပေမယ့်အဲ့တာကိုhostက မှားယွင်းကြောင်းသက်သေပြလိုက်သည်။ ဇာတ်လိုက်ကမိုးကြိုးလိုမျိုးလျင်မြန်စွာရောက်လာပြီး ဘာတွေဖြစ်နေလဲဆိုတာကိုသိရန် လုပ်လိုက်တဲ့တခနတာအကြာမှာ သူကသူနာပြုတွေနဲ့ဆရာဝန်တွေက သူ့ရဲ့ကြောင်လေးကိုလှိုင်းပုံစံလိုမျိုးစင်ပေါ်ကနေ အောက်သို့ချပေးရန်ကြိုးစားနေတာကိုတွေ့လိုက်ရသည်။ သူ့ရဲ့ကြောင်လေးကအစွန်ဆုံးဘက်မှာနေပြီးအသိညဏ်မရှိတော့လောက်အောင် ကြောက်ရွံ့နေခဲ့တာဖြစ်သည်။
"ရပ်လိုက်!" သူ့ရဲ့အသံကအခန်းကျဉ်းလေးထဲမှာပဲ့တင်ထပ်သွားသည်။ အားလုံးကလည်းရပ်လိုက်သည်။ ဒါပေမယ့်သူ့ရဲ့ကြောင်လေးကမရပ်ဘဲ ဆ်လက်ဟစ်အော်နေပြီး သူမရဲ့ရန်လိုမှုကိုသာပြသနေသည်။ သူကထိုအသုံးမကျတဲ့လူတွေကိုကြောက်ခမန်းလိလိစိုက်ကြည့်လိုက်တော့ သူတို့အားလုံးကပုခုံးတွန့်သွားပြီး အခန်းထဲကနေတင်းကျပ်စွာထွက်သွားတော့သည်။ တံခါးပိတ်သွားတဲ့အချိန် သူ့ရဲ့ကြောင်လေးဆီကို သူချက်ချင်းမသွားဘဲ သူမအောက်ဆင်းလာအောင်သာငေးကြည့်နေလိုက်သည်။
Hostကသူမရဲ့"ရန်လိုမှု" ဆိုတာကို ဆက်လက်သရုပ်ဆောင်နေပြီးသူမရဲ့အမြီးကို ထုတ္ကာ မြေပြင်ပေါ်၌ရပ်လို်က်သည်။
Bạn đang đọc truyện trên: Truyen4U.Pro