Arc-1 (Extra)

Màu nền
Font chữ
Font size
Chiều cao dòng

Zawgyi
Jun Renကသူ႔ရဲ႕႐ုံးကေနျပန္လာခဲ့သည္။ သူ႔ရဲ႕အိမ္ခန္းသည္တိတ္ဆိတ္လို႔ေနၿပီး စၾကႍတစ္ေလ်ွာက္ကလည္း တိတ္ဆိတ္မႈေတြနဲ႔အထီးက်န္ပံုေပါက္ေနသည္။ သူ႔ရဲ႕အိမ္အလုပ္သမားေတြကေတာ့ ဒီအခ်ိန္ဆိုအိပ္ေပ်ာ္ေနေလာက္ၿပီျဖစ္သည္။ ဘယ္သူကအိပ္မေပ်ာ္ေနမွာလဲ? အခ်ိန္ကမနက္သံုးနာရီပင္ရိွေတာ့မည္။ Jun Renက သူ႔ရဲ႕ႏွဖူးကိုပင္ပန္းစြာႏွိပ္နယ္လိုက္သည္။ Xiu Liကသူ႔ကို တစ္ေန႔လံုးအေႏွာက္အယွက္ေတြေပးေနၿပီး သူ႔ရဲ႕ရံုးခန္းကေနအျပင္ထြက္ေအာင္လဲ တြန္းအားေပးေနသည္။ သူထိုအမ်ိဳးသမီးကိုသက္ညာေပးတယ္ဆိုတာကလည္း Queen ကထမုလူကိုႏွစ္သက္တာေၾကာင့္ပင္။ *သက္ျပင္းခ်သံ* တစ္ျခားသူေတြကိုလည္းပင္ပန္းေနၿပီ
ျဖစ္သည္။ သူ႔အေမကိုေခၚတဲ့အထိေတာင္ သူတို႔ေတြရဲ႕ဆႏၵကိုျဖည့္ေပးေနရသည္။ သူေရခ်ိဳးခန္းကိုသြားသည္ႏွင့္ သူရပ္လိုက္ၿပီးလြမ္းဆြတ္ေနတဲ့အၾကည့္ေတြနဲ႔ ေသးငယ္တဲ့ေနရာေလးကို ေငးၾကည့္လို႔ေနသည္။ သူအသံုးျပဳေနၾကသူမအတြက္ေရခ်ိဳးဆပ္ျပာေလး...သူမႏွစ္သက္တဲ့ ေခါင္းေလ်ွာ္ရည္ပုလင္းေလးေတြ။ သူမရဲ႕႐ႈပ္ေထြးေနတဲ့အေမႊးေတြကိုျပဳျပင္တဲ့အခ်ိန္အသံုးျပဳတဲ့ သူမအရမ္းမုန္းတဲ့ေခါင္းဘီးႀကီးေတြ။ Jun Ren ေတြးေနတာကိုပ္လိုက္ၿပီသူ႔ရဲ႕မယံုၾကည္ႏိုင္ေလာက္တဲ့အျပဳအမူေၾကာင့္ စိတ္ပ်က္စြာသက္ပ်င္းခ်လိုက္သည္။ သူ႔ရဲ႕အက်ႌေတြကိုခြၽတ္လိုက္
ၿပီး ေရပန္းေအာက္မွာဝင္လိုက္ၿပီး စိတ္ေတြထပ္
ၿပီးလြင့္သြားကာေရခ်ိဳးလိုက္သည္။

အဲ့တာကသူစိတ္ကူးယဥ္သပ္သပ္ဘဲျဖစ္ရမယ္။ ဒါေပမယ့္သူ႔ရဲ႕အိပ္ခန္းကေန တိုးတိုး တိုးတိုးနဲ႔
ၾကားလိုက္ရသည္။ သူေခါင္းေမာ့လိုက္ၿပီး သူ႔ရဲ႕ျဖဴေဖ်ာ့ေနတဲ့ ႏႈတ္ခမ္းေတြနဲ႔ဝမ္းနည္းစြားရယ္ေမာလိုက္သည္။ သူလက္မလႊတ္စတမ္း အသက္ကိုျပင္းျပင္းထန္ထန္႐ွဴ႐ႈက္လိုက္သည္။ ဒါေပမယ့္မိနစ္အနည္းငယ္ေက်ာ္လြန္သြားတဲ့အခါမွာေတာ့ သူထိုတိုးညႇင္းသံေလးကိုၾကားေနရတံုးဘဲျဖစ္သည္။ သူေမ်ွာ္လင့္ခ်က္ေတြထြက္ေပၚမလာေစခ်င္ဘူး၊ သူ႔ရဲ႕မ်က္လံုးေတြနဲ႔ သူ႔ရဲ႕လက္ေတြကQueenထိုေနရာမွာေသေနခဲ့တာကို
ျမင္ေတြ႔ခဲ့ၿပီးၿပီ။ ဒါေပမယ့္ဘယ္သူကအခန္းထဲမွာရိွေနတာလဲ? သရဲလား? ေရပန္းကိုပတ္ၿပီး ေရခ်ိဳးဝတ္ကိုဝတ္လိုက္သည္။ သူေရခ်ိဳးခန္းထဲကေနသူ႔ရဲ႕ေခါင္းေပၚမွာ မ်က္ႏွာသုတ္ပုဝါတစ္ထည္နဲ႔ထြက္လာလိုက္သည္။ ထိုေနာက္မွာေတာ့သူ႔ရဲ႕ေၾကာင္ေလးကိုေတြ႔လိုက္ရသည္။ ေသးငယ္တဲ့အျဖဴေရာင္ေဘာ္လံုးေလးလိုနဲ႔ ပင္လယ္ျပာေရာင္မ်က္လံုးေလးေတြက သူ႔ကိုေငးၾကည့္လို႔ေနသည္။

သူမ်က္ေတာင္ခတ္လိုက္မိသည္။ သူ႔ရဲ႕ေခါင္းထဲမွာဘာမွရိွမေနေတာ့ဘဲနဲ႔ သူ႔ရဲ႕ေၾကာင္ေလးကို ေငးၾကည့္ေနမိသည္။ လေရာင္ေအာက္မွာဘဲေၾကာင္ေလးရဲ႕ပံုက ႐ွင္းလင္းစြာေပၚလာခဲ့သည္။ သူ႔ရဲ႕အေတြးေတြထဲကေန ႐ုန္းထြက္လိုက္ၿပီး သူ႔ေၾကာင္ေလးသက္ေသာင့္သက္သာထိုင္ေနတဲ့နားကို သတိထားၿပီးျဖည္းညင္းစြာနဲ႔ သူကုတင္နားကိုခ်ဥ္းကပ္လာလိုက္သည္။ သူကုတင္ရဲ႕အစြန္းဖ်ားနားကိုေရာက္ေတာ့ ေၾကာင္ေလးရဲ႕ေခါင္းဆီကိုျဖည္းညင္းစြာထိေတြ႔လိုက္သည္။ သူ႔ရဲ႕မ်က္လံုးေတြကလည္း သူ႔ေ႐ွ႕မွာရိွေနတဲ့ ျမင္ကြင္းေလးကေပ်ာက္ကြယ္သြားမွာကိုေၾကာက္ရြံ႔လို႔ေနသည္။ သူေႏြးေထြးမႈအနည္းငယ္ကို ခံစားလိုက္ရသည္။ သူေပ်ာ္ရႊင္သြားရသည္! ဒါကတကယ္ကိုသူ႔ရဲ႕Queenေလးဘဲ! သူ႔ရဲ႕လက္ေခ်ာင္းေတြကပံုရိပ္ကိုျဖည္းညင္းစြာပြတ္သပ္သြားေတာ့ သူျပံဳးလိုက္မိသည္။

'ဒါကQueenရဲ႕အိပ္ေနၾကေနရာေလး ....
Queenရဲ႕အေႏြးဓာတ္....Queen...' သူ႔ရဲ႕အေတြးေတြကသူ႔ကိုရပ္တန္႔သြားေစသည္။ ၿပီးေတာ့ေအာက္ကိုငံု႔ၾကည့္လိုက္သည္။ ဘာလဲ... ငါသူ႔ရဲ႕ဝိညာဥ္ကိုျမင္ေနရတာလား? အဲ့တာကသူ႔ကိုကူညီႏိုင္မွာလား? အဲ့တာကသူမကို အသက္ျပန္႐ွင္ေအာင္လုပ္ႏိုင္မွာလား? သူမဘယ္ေတာ့မွဝိညာဥ္အျဖစ္နဲ႔ေတာင္ထြက္သြားမွာ မဟုတ္ဘူးလား? က်စ္...စိတ္ကူးယဥ္အေတြးေတြက သူ႔ရဲ႕စိတ္ကိုေႏွာက္ယွက္လို႔ေနသည္။

သူ႔ရဲ႕အိပ္ယာကိုေနာက္တစ္ႀကိမ္ျပန္ၾကည့္လိုက္ေတာ့ ေၾကာင္တစ္ေကာင္ရဲ႕အရိပ္အေယာင္ မေတြ႔ရေတာ့ေပ...ေတြ႔လား? ဘယ္ေလာက္ေတာင္ရီခ်င္စရာေကာင္းလိုက္သလဲ။ သူမတ္တပ္ ရပ္လိုက္ၿပီး အဝတ္လဲရန္ဗီဒိုဆီသို႔သြားလိုက္သည္။ သူ႔ကိုထိန္႔လန္႔သြားေစတာကထပ္တူညီတဲ့ နက္႐ႈိင္းတဲ့ပင္လယ္ျပာေရာင္မ်က္လံုးတစ္စံုက သူ႔ကိုစိုက္ၾကည့္လို႔ေနခ်င္းပင္။ သူမ်က္လံုးျပဴးစြာ ျပန္စိုက္ၾကည့္လိုက္ရင္းနဲ႔ အသက္ျပင္းျပင္း႐ွဴလိုက္မိသည္။

'ငါအိမ္မက္မ်ားမက္ေနတာလား? ငါဘာလို့ ဒီမ်က္လံုးတစ္စံုကိုအရမ္းရင္းႏွီးေနရတာလဲ? လူသားခႏၶာကိုယ္နဲ႔? နက္ေမွာင္ေသာဆံပင္က အျပာေရာင္သန္းေနတဲ့က်ီးအေမႊးေလးလိုျဖစ္ေနတဲ့ ဆယ္ႏွစ္သားေကာင္ေလးတစ္ေယာက္? ဟမ္? Queenကေၾကာင္တစ္ေကာင္ဘဲ...ေၾကာင္မေလးတစ္ေကာင္...'

"အား....သူမထြက္သြားၿပီးေနၿပီ..." Jun Ren ဒီေကာင္ေလးရဲ႕စကားေတြကိုနားမလည္ႏိုင္ေအာင္အ့ံျသသြားၿပီး ေငးၾကည့္ေနမိသည္။ ပထမကသူ႔Queenေလးရဲ႕ဝိညာဥ္။ ေနာက္ထပ္တစ္ပံုစံထဲရိွတဲ့မ်က္လံုးေတြနဲ႔ေကာင္ေလးတစ္ေယာက္-ဘယ္သူေတြခ်န္ခဲ့တာလဲ!? ဒီေလာက္ေနာက္က်ေနတာကို! သူ႔ကိုလဲအိပ္ခိုင္းပါအံုး!

ငယ္ရြယ္တဲ့ေကာင္ေလးက သူ႔ရဲ႕႐ုိင္းစိုင္းတဲ့မ်က္လံုးနဲ႔သူ႔ကိုၾကည့္ေနၿပီး ထိုေကာင္ေလးရဲ႕ ပါးလႊာတဲ့ပန္းေရာင္နွုတ္ခမ္းေလးေတြကလဲ တခစ္ခစ္နဲ႔ရယ္ေသာအသံေလးေတြျပဳလုပ္လ်က္ရိွသည္။ သူ႔ရဲ႕စြဲမက္စရာေကာင္းတဲ့အသံက Jun Renရဲ႕အခန္းတြင္းပဲ့တင္ထပ္သြားသည္။ သူမ်က္ေတာင္တစ္ခတ္အတြင္းမွာဘဲ ထိုေကာင္ေလးကေပ်ာက္ကြယ္သြားခဲ့သည္။ သူေမာပန္းစြာနဲ႔သက္ပ်င္းမခ်ခင္ သူ႔ရဲ႕မ်က္လံုးကိုပင္ပန္းစြာဘပြတ္လိုက္သည္။ ဘာျဖစ္သြားတာလဲ? သူအရမ္းကို႐ႈပ္ေထြးေနၿပီ!

"မင္းဘယ္သူ႔ကို႐ွာေနတာလဲ?" ႏူးည့ံၿပီးေအးစက္တဲ့အသံက သူ႔ရဲ႕ေနာက္ေက်ာဘက္ကေန သူ႔ရဲ႕နားထဲသို႔ေရာက္ရိွလာၿပီး သူေက်ာ႐ုိးတစ္ေလ်ာက္တုန္တက္သြားကာ ေနာက္ကိုလွည့္ၾကည့္လိုက္သည္။

ေငြေရာင္........

Jun Renရဲ႕မ်က္လံုးေတြကသူ႔ေ႐ွ႕မွာ႐ွိတဲ့ ငယ္ရြယ္တဲ့လူတစ္ေယာက္ရဲ႕ ႐ွည္လ်ားၿပီးေငြျပာေရာင္ရိွတဲ့ဆံပင္ဆီကို ေရာက္ရိွသြားသည္။ ခြၽန္ေနတဲ့ေမး႐ိုး၊ စူး႐ွၿပီးနက္႐ႈိင္းတဲ့ပင္လယ္ျပာေရာင္မ်က္လံုးေတြနဲ႔ သူ႔ရဲ႕ပန္းေရာင္ႏႈတ္ခမ္းပါးတို႔က ဝမ္းနည္းဖြယ္ေကာင္းတဲ့အျပံဳးတစ္ခုကို တပ္ဆင္ထားသည္။ သူ႔ေ႐ွ႕ကလူကိုျမင္ေတာ့ ထိန္႔လန္႔သြားၿပီးသူ႔ကိုစစ္ေဆးၾကည့္လိုက္သည္။ ထို''သရဲ''က မထီမဲ့ျမင္နဲ႔တျခားတစ္ဖက္ကို လွည့္သြားသည္။ သူက ''စူးစမ္းေနတဲ့မ်က္လံုး'' ေတြမွပုန္းကြယ္သလိုလုပ္လိုက္သည္။

"ေဟး! မင္းဘယ္ေနရာကိုလာၾကည့္ေနတာလဲ?! ငါေဂးမဟုတ္ဘူး*ေသစမ္း*! " Jun Ren သူ႔ကိုၾကည့္လိုက္ၿပီးသူ႔ရဲ႕မ်က္ႏွာေပၚမွာ မယံုႏိုင္စရာေကာင္းေသာအၾကည့္ေတြနဲ႔ မ်က္ေတာင္ခတ္လိုက္သည္။ ၿပီးေတာ့"ေသာက္က်ိဳးနည္း ငါလဲေဂးမဟုတ္ဘူးကြ! ေအာ့!"

"ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္ကေတာ္ေတာ္တူတယ္..." ထို'သရဲ'ကသူ႔ကိုေလးနက္စြာၾကည့္ေနခ်ိန္မွာဘဲ သူညည္းတြားလိုက္သည္။

"သူမကိုေမ့လိုက္ေတာ့...မင္းအတြက္ေမ်ွာ္လင့္ခ်က္ဆိုတာမရိွေတာ့ဘူး။ ဒါေပမယ့္....*သူထိုလူကို႐ူးႏွမ္းတဲ့အၾကည့္နဲ႔ၾကည့္လိုက္ၿပီး သူ႔ရဲ႕ႏႈတ္ခမ္းကေနဆိုးသြမ္းတဲ့အျပံဳးကထြက္ေပၚလာခဲ့သည္။* မင္းအခြင့္အေရးေတာင္ရမွာမဟုတ္ဘူး! ဟဟဟဟ!" ေျပာျပီးတာနဲ႔သူ႔ရဲ႕႐ူးႏွမ္းတဲ့ရယ္သံကJun Renရဲ႕အခန္းထဲမွာ ပဲ့တင္ထပ္သြားၿပီး ေပ်ာက္ကြယ္သြားျပန္သည္။

Jun Renသူ႔ရဲ႕အိပ္ယာေပၚမွာေခြၽးေတြရႊဲနစ္စြာနဲ႔ႏုိးထလာခဲ့သည္။ သူထထိုင္လိုက္ၿပီး သူ႔ရဲ႕လက္ေခ်ာင္းေတြကဆံပင္ကို သပ္တင္လိုက္သည္။

"ဘာေတြျဖစ္သြားတာလဲ...အာ..." Jun Ren မွာသူညက'အိမ္မက္'ကိုမွတ္မိရန္ ခက္ခဲလို႔ေနသည္။ ၿပီးေတာ့သူကဘာတစ္ခုမွ မမွတ္မိေတာ့သလိုျဖစ္ေနသည္။

သူညာဘက္လက္ကိုငုံ႔ၾကည့္လိုက္သည္။ သူ႔ရဲ႕လက္ေခ်ာင္းေတြကိုၾကည့္ရင္းနဲ႔ အေတြးေတြထဲနစ္ျမဳပ္သြားသည္....
.
.
.
.
သူတို႔ကဘယ္သူေတြလဲ?
# # # # # # #

"မင္းသူ႔ကိုေတြ႔ခြင့္မေပးသင့္ဘူး အ႐ူးရဲ႕!" ေငြျပာေရာင္နဲ႔သူကငယ္ရြယ္ၿပီး က်ီးေမႊးသ႑ာန္ဆံပင္နဲ႔သူကိုေျပာလိုက္သည္။

"ဒါဆိုမင္းလဲသူ့ရဲ႕ေနာက္ကေနေပၚမလာသင့္ဘူးေလ! ပူညံပူညံလုပ္ေနတာက္ုေတာ္လိုက္ေတာ့! စိတ္အေႏွာက္အယွက္ျဖစ္လြန္းတယ္!"
ငယ္တဲ့ေကာင္ေလးကမ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ေျပာလိုက္သည္။ ေငြျပာေရာင္နဲ႔သူက မယံုႏိုင္ဘူးဆိုတဲ့အမူအယာနဲ႔ ၾကည့္လိုက္ျပန္သည္။ ခ်က္ခ်င္းကိုသူ႔ကိုဖမ္းမိလိုက္သည္။

"ေဟး-ေဟး! အဲ့တာငါ့အမွားမဟုတ္ဘူး ဟုတ္ၿပီလား? သူ႔အမွားေလ-"

"ပါးစပ္ပိတ္ထား! ငါသိတယ္ ဒါေၾကာင့္ဖုံးကြယ္ထာမေနနဲ႔အ႐ူးေကာင္ရဲ႕! သြားေသလိုက္ငတံုး- ခနေနပါအံုး။ ငါမွတ္မိၿပီ။ မင္းကေသၿပီးေနၿပီဘဲ! ဒိုးလိုက္ေတာ့!"

*တိတ္ဆိတ္* - ေငြျပာေရာင္ေကာင္ေလး

သူတို႔ေလလိုမ်ိဳးေပ်ာက္ကြယ္သြားကာ ေသးငယ္ၿပီးအခန္းငယ္ေလးတစ္ခုမွာ ျပန္ေရာက္လာသည္။

"ငါတို႔သူမကို႐ွာဖို႔လိုတယ္...ငါတို႔ေဆာင္းခိုေနတဲ့အခ်ိန္မွာ အဲ့ဒီေခြးေကာင္ေတြကသူမကို ေခၚ
သြားရဲတယ္ေပါ့! * -ီး!* " ငယ္ရြယ္တဲ့ေကာင္ေလးကေပ်ာက္ကြယ္ေနတဲ့နံရံေပၚကို သူ႔ရဲ႕လက္သီးနဲ႔ထိုးလိုက္ကာ က်ယ္ေလာင္ေသာအသံနဲ႔ ႀကီးမားတဲ့အက္ကြဲေၾကာင္းႀကီးကို ျဖစ္ေပၚသြားေစသည္။ ေငြျပာေရာင္ေကာင္ေလးကလည္း အေလးအနက္နဲ႔လွည့္မၾကည့္မီ တုန္လႈပ္သြားခဲ့သည္။

"သူမရဲ႕ေျခရာလက္ရာကလည္း အဲ့ဒီေသးငယ္တဲ့မစ္႐ွင္ကမၻာမွာ ေပ်ာက္သြားၿပီ။ ငါတို႔ကမၻာႀကီးမပ်က္ဆီးခင္အရင္ဆံုးသတိထားဖို႔လိုတယ္။ ငါတို႔ရဲ႕စြမ္းအားေတြကအဲ့ေလာက္အမ်ားႀကီးမရႏိုင္ဘူး။ ဒါေၾကာင့္စိတ္ေလ်ာ့ထား။ သူတို႔သူမကို ထိခိုက္ေအာင္မလုပ္ႏိုင္ဘူး...မလုပ္ေသးဘူး။" ေငြျပာေရာင္ေကာင္ေလးကအနက္ေရာင္စားပြဲေပၚမွာရိွေနတဲ့ ထုႏွက္ထားတဲ့စက်င္ေက်ာက္နဲ႔တူတဲ့ မစ္႐ွင္ကမာၻကိုငံု့ၾကည့္ၿပီး ေျပာလိုက္သည္။

"မင္းကငါ့ကိုေျဖသိမ့္ဖို႔ႀကိဳးစားေနတာလား ဒါမွမဟုတ္ ထပ္ျပီးလွည့္စားဖို႔လုပ္ေနတာလား! မင္းရဲ႕စိတ္ကိုျပန္ျပင္လိုက္!ဟမ့္!" ငယ္တဲ့ေကာင္ေလးကတျခားတစ္ေနရာကို ၾကည့္လိုက္ၿပီး ဝုန္းဒိုင္းၾကဲလိုက္သည္။ ေငြျပာေရာင္ေကာင္ေလးကသူ႔ရဲ႕ေပါက္ကြဲမႈေတြကို ေနသားက်ေနတယေၾကာင့္ လႊတ္ထားလိုက္ၿပီး ထိုင္ခံုေပၚကို စိတ္ေလ်ွာ့ကာထိုင္ခ်လိုက္သည္။ သူမကိုဘယ္လိုေျခရာခံရမလဲဆိုတာ စဥ္းစားေနေတာ့သည္။

'အျပာေရာင္သန္းေနၿပီး က်ီးေမႊးနဲ႔တူတဲ့ဆံပင္' ဆိုတာဒီလိုပံုစံကိုေျပာတာျဖစ္မယ္....

အခုဆိုရင္ေတာ့Arc1ၿပီးသြားၿပီ
ကို္ယ္ေနာက္ထပ္system fic ေလးတစ္ပုဒ္
ထပ္ၿပီးtranဖို႔စဥ္းစားထားတယ္😁😁😁
E-tranကိုသိတဲ့သူေတာ့သိလိမ့္မယ္
....................

Unicode
Jun Renကသူ့ရဲ့ရုံးကနေပြန်လာခဲ့သည်။ သူ့ရဲ့အိမ်ခန်းသည်တိတ်ဆိတ်လို့နေပြီး စင်္ကြံတစ်လျှောက်ကလည်း တိတ်ဆိတ်မှုတွေနဲ့အထီးကျန်ပုံပေါက်နေသည်။ သူ့ရဲ့အိမ်အလုပ်သမားတွေကတော့ ဒီအချိန်ဆိုအိပ်ပျော်နေလောက်ပြီဖြစ်သည်။ ဘယ်သူကအိပ်မပျော်နေမှာလဲ? အချိန်ကမနက်သုံးနာရီပင်ရှိတော့မည်။ Jun Renက သူ့ရဲ့နှဖူးကိုပင်ပန်းစွာနှိပ်နယ်လိုက်သည်။ Xiu Liကသူ့ကို တစ်နေ့လုံးအနှောက်အယှက်တွေပေးနေပြီး သူ့ရဲ့ရုံးခန်းကနေအပြင်ထွက်အောင်လဲ တွန်းအားပေးနေသည်။ သူထိုအမျိုးသမီးကိုသက်ညာပေးတယ်ဆိုတာကလည်း Queen ကထမုလူကိုနှစ်သက်တာကြောင့်ပင်။ *သက်ပြင်းချသံ* တစ်ခြားသူတွေကိုလည်းပင်ပန်းနေပြီ
ဖြစ်သည်။ သူ့အမေကိုခေါ်တဲ့အထိတောင် သူတို့တွေရဲ့ဆန္ဒကိုဖြည့်ပေးနေရသည်။ သူရေချိုးခန်းကိုသွားသည်နှင့် သူရပ်လိုက်ပြီးလွမ်းဆွတ်နေတဲ့အကြည့်တွေနဲ့ သေးငယ်တဲ့နေရာလေးကို ငေးကြည့်လို့နေသည်။ သူအသုံးပြုနေကြသူမအတွက်ရေချိုးဆပ်ပြာလေး...သူမနှစ်သက်တဲ့ ခေါင်းလျှော်ရည်ပုလင်းလေးတွေ။ သူမရဲ့ရှုပ်ထွေးနေတဲ့အမွှေးတွေကိုပြုပြင်တဲ့အချိန်အသုံးပြုတဲ့ သူမအရမ်းမုန်းတဲ့ခေါင်းဘီးကြီးတွေ။ Jun Ren တွေးနေတာကိုပ်လိုက်ပြီသူ့ရဲ့မယုံကြည်နိုင်လောက်တဲ့အပြုအမူကြောင့် စိတ်ပျက်စွာသက်ပျင်းချလိုက်သည်။ သူ့ရဲ့အကျႌတွေကိုချွတ်လိုက်
ပြီး ရေပန်းအောက်မှာဝင်လိုက်ပြီး စိတ်တွေထပ်
ပြီးလွင့်သွားကာရေချိုးလိုက်သည်။

အဲ့တာကသူစိတ်ကူးယဉ်သပ်သပ်ဘဲဖြစ်ရမယ်။ ဒါပေမယ့်သူ့ရဲ့အိပ်ခန်းကနေ တိုးတိုး တိုးတိုးနဲ့
ကြားလိုက်ရသည်။ သူခေါင်းမော့လိုက်ပြီး သူ့ရဲ့ဖြူဖျော့နေတဲ့ နှုတ်ခမ်းတွေနဲ့ဝမ်းနည်းစွားရယ်မောလိုက်သည်။ သူလက်မလွှတ်စတမ်း အသက်ကိုပြင်းပြင်းထန်ထန်ရှူရှုက်လိုက်သည်။ ဒါပေမယ့်မိနစ်အနည်းငယ်ကျော်လွန်သွားတဲ့အခါမှာတော့ သူထိုတိုးညှင်းသံလေးကိုကြားနေရတုံးဘဲဖြစ်သည်။ သူမျှော်လင့်ချက်တွေထွက်ပေါ်မလာစေချင်ဘူး၊ သူ့ရဲ့မျက်လုံးတွေနဲ့ သူ့ရဲ့လက်တွေကQueenထိုနေရာမှာသေနေခဲ့တာကို
မြင်တွေ့ခဲ့ပြီးပြီ။ ဒါပေမယ့်ဘယ်သူကအခန်းထဲမှာရှိနေတာလဲ? သရဲလား? ရေပန်းကိုပတ်ပြီး ရေချိုးဝတ်ကိုဝတ်လိုက်သည်။ သူရေချိုးခန်းထဲကနေသူ့ရဲ့ခေါင်းပေါ်မှာ မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ထွက်လာလိုက်သည်။ ထိုနောက်မှာတော့သူ့ရဲ့ကြောင်လေးကိုတွေ့လိုက်ရသည်။ သေးငယ်တဲ့အဖြူရောင်ဘော်လုံးလေးလိုနဲ့ ပင်လယ်ပြာရောင်မျက်လုံးလေးတွေက သူ့ကိုငေးကြည့်လို့နေသည်။

သူမျက်တောင်ခတ်လိုက်မိသည်။ သူ့ရဲ့ခေါင်းထဲမှာဘာမှရှိမနေတော့ဘဲနဲ့ သူ့ရဲ့ကြောင်လေးကို ငေးကြည့်နေမိသည်။ လရောင်အောက်မှာဘဲကြောင်လေးရဲ့ပုံက ရှင်းလင်းစွာပေါ်လာခဲ့သည်။ သူ့ရဲ့အတွေးတွေထဲကနေ ရုန်းထွက်လိုက်ပြီး သူ့ကြောင်လေးသက်သောင့်သက်သာထိုင်နေတဲ့နားကို သတိထားပြီးဖြည်းညင်းစွာနဲ့ သူကုတင်နားကိုချဉ်းကပ်လာလိုက်သည်။ သူကုတင်ရဲ့အစွန်းဖျားနားကိုရောက်တော့ ကြောင်လေးရဲ့ခေါင်းဆီကိုဖြည်းညင်းစွာထိတွေ့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေကလည်း သူ့ရှေ့မှာရှိနေတဲ့ မြင်ကွင်းလေးကပျောက်ကွယ်သွားမှာကိုကြောက်ရွံ့လို့နေသည်။ သူနွေးထွေးမှုအနည်းငယ်ကို ခံစားလိုက်ရသည်။ သူပျော်ရွှင်သွားရသည်! ဒါကတကယ်ကိုသူ့ရဲ့Queenလေးဘဲ! သူ့ရဲ့လက်ချောင်းတွေကပုံရိပ်ကိုဖြည်းညင်းစွာပွတ်သပ်သွားတော့ သူပြုံးလိုက်မိသည်။

'ဒါကQueenရဲ့အိပ်နေကြနေရာလေး ....
Queenရဲ့အနွေးဓာတ်....Queen...' သူ့ရဲ့အတွေးတွေကသူ့ကိုရပ်တန့်သွားစေသည်။ ပြီးတော့အောက်ကိုငုံ့ကြည့်လိုက်သည်။ ဘာလဲ... ငါသူ့ရဲ့ဝိညာဉ်ကိုမြင်နေရတာလား? အဲ့တာကသူ့ကိုကူညီနိုင်မှာလား? အဲ့တာကသူမကို အသက်ပြန်ရှင်အောင်လုပ်နိုင်မှာလား? သူမဘယ်တော့မှဝိညာဉ်အဖြစ်နဲ့တောင်ထွက်သွားမှာ မဟုတ္ဘူးလား? ကျစ်...စိတ်ကူးယဉ်အတွေးတွေက သူ့ရဲ့စိတ်ကိုနှောက်ယှက်လို့နေသည်။

သူ့ရဲ့အိပ်ယာကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်တော့ ကြောင်တစ်ကောင်ရဲ့အရိပ်အယောင် မတွေ့ရတော့ပေ...တွေ့လား? ဘယ်လောက်တောင်ရီချင်စရာကောင်းလိုက်သလဲ။ သူမတ်တပ် ရပ်လိုက်ပြီး အဝတ်လဲရန်ဗီဒိုဆီသို့သွားလိုက်သည်။ သူ့ကိုထိန့်လန့်သွားစေတာကထပ်တူညီတဲ့ နက်ရှိုင်းတဲ့ပင်လယ်ပြာရောင်မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်လို့နေချင်းပင်။ သူမျက်လုံးပြူးစွာ ပြန်စိုက်ကြည့်လိုက်ရင်းနဲ့ အသက်ပြင်းပြင်းရှူလိုက်မိသည်။

'ငါအိမ်မက်များမက်နေတာလား? ငါဘာလို့ ဒီမျက်လုံးတစ်စုံကိုအရမ်းရင်းနှီးနေရတာလဲ? လူသားခန္ဓာကိုယ်နဲ့? နက်မှောင်သောဆံပင်က အပြာရောင်သန်းနေတဲ့ကျီးအမွှေးလေးလိုဖြစ်နေတဲ့ ဆယ်နှစ်သားကောင်လေးတစ်ယောက်? ဟမ်? Queenကကြောင်တစ်ကောင်ဘဲ...ကြောင်မလေးတစ်ကောင်...'

"အား....သူမထွက်သွားပြီးနေပြီ..." Jun Ren ဒီကောင်လေးရဲ့စကားတွေကိုနားမလည်နိုင်အောင်အ့ံသြသွားပြီး ငေးကြည့်နေမိသည်။ ပထမကသူ့Queenလေးရဲ့ဝိညာဉ်။ နောက်ထပ်တစ်ပုံစံထဲရှိတဲ့မျက်လုံးတွေနဲ့ကောင်လေးတစ်ယောက်-ဘယ်သူတွေချန်ခဲ့တာလဲ!? ဒီလောက်နောက်ကျနေတာကို! သူ့ကိုလဲအိပ်ခိုင်းပါအုံး!

ငယ်ရွယ်တဲ့ကောင်လေးက သူ့ရဲ့ရိုင်းစိုင်းတဲ့မျက်လုံးနဲ့သူ့ကိုကြည့်နေပြီး ထိုကောင်လေးရဲ့ ပါးလွှာတဲ့ပန်းရောင်နှုတ်ခမ်းလေးတွေကလဲ တခစ်ခစ်နဲ့ရယ်သောအသံလေးတွေပြုလုပ်လျက်ရှိသည်။ သူ့ရဲ့စွဲမက်စရာကောင်းတဲ့အသံက Jun Renရဲ့အခန်းတွင်းပဲ့တင်ထပ်သွားသည်။ သူမျက်တောင်တစ်ခတ်အတွင်းမှာဘဲ ထိုကောင်လေးကပျောက်ကွယ်သွားခဲ့သည်။ သူမောပန်းစွာနဲ့သက်ပျင်းမချခင် သူ့ရဲ့မျက်လုံးကိုပင်ပန်းစွာဘပွတ်လိုက်သည်။ ဘာဖြစ်သွားတာလဲ? သူအရမ်းကိုရှုပ်ထွေးနေပြီ!

"မင်းဘယ်သူ့ကိုရှာနေတာလဲ?" နူးည့ံပြီးအေးစက်တဲ့အသံက သူ့ရဲ့နောက်ကျောဘက်ကနေ သူ့ရဲ့နားထဲသို့ရောက်ရှိလာပြီး သူကျောရိုးတစ်လျောက်တုန်တက်သွားကာ နောက်ကိုလှည့်ကြည့်လိုက်သည်။

ငွေရောင်........

Jun Renရဲ့မျက်လုံးတွေကသူ့ရှေ့မှာရှိတဲ့ ငယ်ရွယ်တဲ့လူတစ်ယောက်ရဲ့ ရှည်လျားပြီးငွေပြာရောင်ရှိတဲ့ဆံပင်ဆီကို ရောက်ရှိသွားသည်။ ချွန်နေတဲ့မေးရိုး၊ စူးရှပြီးနက်ရှိုင်းတဲ့ပင်လယ်ပြာရောင်မျက်လုံးတွေနဲ့ သူ့ရဲ့ပန်းရောင်နှုတ်ခမ်းပါးတို့က ဝမ်းနည်းဖွယ်ကောင်းတဲ့အပြုံးတစ်ခုကို တပ်ဆင်ထားသည်။ သူ့ရှေ့ကလူကိုမြင်တော့ ထိန့်လန့်သွားပြီးသူ့ကိုစစ်ဆေးကြည့်လိုက်သည်။ ထို''သရဲ''က မထီမဲ့မြင်နဲ့တခြားတစ်ဖက်ကို လှည့်သွားသည်။ သူက ''စူးစမ်းနေတဲ့မျက်လုံး'' တွေမှပုန်းကွယ်သလိုလုပ်လိုက်သည်။

"ဟေး! မင်းဘယ်နေရာကိုလာကြည့်နေတာလဲ?! ငါဂေးမဟုတ်ဘူး*သေစမ်း*! " Jun Ren သူ့ကိုကြည့်လိုက်ပြီးသူ့ရဲ့မျက်နှာပေါ်မှာ မယုံနိုင်စရာကောင်းသောအကြည့်တွေနဲ့ မျက်တောင်ခတ်လိုက်သည်။ ပြီးတော့"သောက်ကျိုးနည်း ငါလဲဂေးမဟုတ်ဘူးကွ! အော့!"

"ဒါပေမယ့် မင်းတို့နှစ်ယောက်ကတော်တော်တူတယ်..." ထို'သရဲ'ကသူ့ကိုလေးနက်စွာကြည့်နေချိန်မှာဘဲ သူညည်းတွားလိုက်သည်။

"သူမကိုမေ့လိုက်တော့...မင်းအတွက်မျှော်လင့်ချက်ဆိုတာမရှိတော့ဘူး။ ဒါပေမယ့်....*သူထိုလူကိုရူးနှမ်းတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းကနေဆိုးသွမ်းတဲ့အပြုံးကထွက်ပေါ်လာခဲ့သည်။* မင်းအခွင့်အရေးတောင်ရမှာမဟုတ်ဘူး! ဟဟဟဟ!" ပြောပြီးတာနဲ့သူ့ရဲ့ရူးနှမ်းတဲ့ရယ်သံကJun Renရဲ့အခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး ပျောက်ကွယ်သွားပြန်သည်။

Jun Renသူ့ရဲ့အိပ်ယာပေါ်မှာချွေးတွေရွှဲနစ်စွာနဲ့နိုးထလာခဲ့သည်။ သူထထိုင်လိုက်ပြီး သူ့ရဲ့လက်ချောင်းတွေကဆံပင်ကို သပ်တင်လိုက်သည်။

"ဘာတွေဖြစ်သွားတာလဲ...အာ..." Jun Ren မွာသူညက'အိမ်မက်'ကိုမှတ်မိရန် ခက်ခဲလို့နေသည်။ ပြီးတော့သူကဘာတစ်ခုမှ မမှတ်မိတော့သလိုဖြစ်နေသည်။

သူညာဘက်လက်ကိုငုံ့ကြည့်လိုက်သည်။ သူ့ရဲ့လက်ချောင်းတွေကိုကြည့်ရင်းနဲ့ အတွေးတွေထဲနစ်မြုပ်သွားသည်....
.
.
.
.
သူတို့ကဘယ်သူတွေလဲ?
# # # # # # #

"မင်းသူ့ကိုတွေ့ခွင့်မပေးသင့်ဘူး အရူးရဲ့!" ငွေပြာရောင်နဲ့သူကငယ်ရွယ်ပြီး ကျီးမွှေးသဏ္႑ာန်ဆံပင်နဲ့သူကိုပြောလိုက်သည်။

"ဒါဆိုမင်းလဲသူ့ရဲ့နောက်ကနေပေါ်မလာသင့်ဘူးလေ! ပူညံပူညံလုပ်နေတာက်ုတော်လိုက်တော့! စိတ်အနှောက်အယှက်ဖြစ်လွန်းတယ်!"
ငယ်တဲ့ကောင်လေးကမျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်။ ငွေပြာရောင်နဲ့သူက မယုံနိုင်ဘူးဆိုတဲ့အမူအယာနဲ့ ကြည့်လိုက်ပြန်သည်။ ချက်ချင်းကိုသူ့ကိုဖမ်းမိလိုက်သည်။

"ဟေး-ဟေး! အဲ့တာငါ့အမွားမဟုတ္ဘူး ဟုတ်ပြီလား? သူ့အမှားလေ-"

"ပါးစပ္ပိတ္ထား! ငါသိတယ် ဒါကြောင့်ဖုံးကွယ်ထာမနေနဲ့အရူးကောင်ရဲ့! သွားသေလိုက်ငတုံး- ခနနေပါအုံး။ ငါမှတ်မိပြီ။ မင်းကသေပြီးနေပြီဘဲ! ဒိုးလိုက်တော့!"

*တိတ်ဆိတ်* - ငွေပြာရောင်ကောင်လေး

သူတို့လေလိုမျိုးပျောက်ကွယ်သွားကာ သေးငယ်ပြီးအခန်းငယ်လေးတစ်ခုမှာ ပြန်ရောက်လာသည်။

"ငါတို့သူမကိုရှာဖို့လိုတယ်...ငါတို့ဆောင်းခိုနေတဲ့အချိန်မှာ အဲ့ဒီခွေးကောင်တွေကသူမကို ခေါ်
သွားရဲတယ်ပေါ့! * -ီး!* " ငယ်ရွယ်တဲ့ကောင်လေးကပျောက်ကွယ်နေတဲ့နံရံပေါ်ကို သူ့ရဲ့လက်သီးနဲ့ထိုးလိုက်ကာ ကျယ်လောင်သောအသံနဲ့ ကြီးမားတဲ့အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်သွားစေသည်။ ငွေပြာရောင်ကောင်လေးကလည်း အလေးအနက်နဲ့လှည့်မကြည့်မီ တုန်လှုပ်သွားခဲ့သည်။

"သူမရဲ့ခြေရာလက်ရာကလည်း အဲ့ဒီသေးငယ်တဲ့မစ်ရှင်ကမ်ဘာမှာ ပျောက်သွားပြီ။ ငါတို့ကမ်ဘာကြီးမပျက်ဆီးခင်အရင်ဆုံးသတိထားဖို့လိုတယ်။ ငါတို့ရဲ့စွမ်းအားတွေကအဲ့လောက်အများကြီးမရနိုင်ဘူး။ ဒါကြောင့်စိတ်လျော့ထား။ သူတို့သူမကို ထိခိုက်အောင်မလုပ်နိုင်ဘူး...မလုပ်သေးဘူး။" ငွေပြာရောင်ကောင်လေးကအနက်ရောင်စားပွဲပေါ်မှာရှိနေတဲ့ ထုနှက်ထားတဲ့စကျင်ကျောက်နဲ့တူတဲ့ မစ်ရှင်ကမ္ဘာကိုငုံ့ကြည့်ပြီး ပြောလိုက်သည်။

"မင်းကငါ့ကိုဖြေသိမ့်ဖို့ကြိုးစားနေတာလား ဒါမှမဟုတ် ထပ်ပြီးလှည့်စားဖို့လုပ်နေတာလား! မင်းရဲ့စိတ်ကိုပြန်ပြင်လိုက်!ဟမ့်!" ငယ်တဲ့ကောင်လေးကတခြားတစ်နေရာကို ကြည့်လိုက်ပြီး ဝုန်းဒိုင်းကြဲလိုက်သည်။ ငွေပြာရောင်ကောင်လေးကသူ့ရဲ့ပေါက်ကွဲမှုတွေကို နေသားကျနေတယကြောင့် လွှတ်ထားလိုက်ပြီး ထိုင်ခုံပေါ်ကို စိတ်လျှော့ကာထိုင်ချလိုက်သည်။ သူမကိုဘယ်လိုခြေရာခံရမလဲဆိုတာ စဉ်းစားနေတော့သည်။

'အပြာရောင်သန်းနေပြီး ကျီးမွှေးနဲ့တူတဲ့ဆံပင်' ဆိုတာဒီလိုပုံစံကိုပြောတာဖြစ်မယ်....

အခုဆိုရင်တော့Arc1ပြီးသွားပြီ
ကို်ယ်နောက်ထပ်system fic လေးတစ်ပုဒ်
ထပ်ပြီးtranဖို့စဉ်းစားထားတယ်😁😁😁
E-tranကိုသိတဲ့သူတော့သိလိမ့်မယ်
....................

Bạn đang đọc truyện trên: Truyen4U.Pro