Arc-1 (Final)
Màu nền
Font chữ
Font size
Chiều cao dòng
CHAPTER-1.15
Zawgyi
*ဘမ်း!*
[ဒင်!
အဲ့ဒီနောက်ထိုနေရာမှာဘဲသူတို့နှစ်ယောက် ထိုကမ္ဘာကနေထွက်ခွာသွားလေသည်။
😞😞😞
CHAPTER -1.15
Unicode
HostကXiu Li ရှိုးပွဲမှာအနိုင်ရသွားတာကို တိတ်တဆိတ်စောင့်ကြည့်လို့နေသည်။ သူနိုင်သွားတာကောင်းပါတယ်။ တစ်ခြားတဖက်မှာတော့ အခြားသူတွေကဂုဏ်ပြုနေပေမယ့် ကမ်ဘာကြီးရဲ့ဇာတ်လိုက်မအဝတ်လဲခန်းမှာငိုနေလေသည်။ Hostကမတ်မတ်ရပ်လိုက်ပြီး သူမထိုင်ခုံပေါ်ကနေခုန်ချလိုက်သည်။ တခြားသူတွေရဲ့ခြေလှမ်းတွေကိုရှောင်ဖယ်လိုက်ပြီး သူမတည်ရှိမှုကိုဖုံးကွယ်လိုက်သည်။ အခုအပြီးသတ်ဖို့အချိန်ရောက်ပြီ...သူမအချစ်လို့ခေါ်တဲ့ထူးဆန်းတဲ့ခံစားချက်ကနေ မပျော်ရွှင်မီပေါ့။
"Systemရေ side taskတွေကိုပြပါအုံး" သူမအမိန့်ပေးလိုက်သည်။ system ခေါင်းငြိမ့်လိုက်ပြီး tasksတွေကိုပြလိုက်သည်။
[အဓိကမစ်ရှင်: 'Viral God'အဖြစ်ကျော်ကြားလာအောင်လုပ်ရန် [ပြီးဆုံး]
Side Task#1: ဇာတ်လိုက်မကိုပြိုင်ပွဲကနေအနိုင်မရအောင် တားဆီးပေးရန် [ပြီးဆုံး]
Side Task#2: ဇာတ်လိုက်မရဲ့ဘဝကိုရှုပ်ထွေးအောင်ပြုလုပ်ရန်
Side Task#3: ဇာတ်လိုက်မကိုကိုက်ရန်
အဓိကပန်းတိုင်: ၉၀-၁၀၀% နှလုံးသားအမှတ်သို့ရောက်ရှိရန်
Hidden မစ်ရှင်: ဗီလိန်ကိုဖော်ထုတ်ပါ [ပြီးဆုံး]]
"...အစဉ်လိုက်အတိုင်းကို ငါလက်ဖြောင့်တစ်ချက်တီးပြီးအကုန်လုံးကိုလုပ်ပြမယ်။" သူမပြောလိုက်သည်။ ပြီးတော့သူတို့ရဲ့ချိတ်ဆက်မှုကိုဖြတ်တောက်လိုက်သည်။ Systemကတော့ပြောစရာကိုမရှိတော့ပေ...အမ်...ဘာဖြစ်သွားတာလဲ?!
သူမအနည်းငယ်ဟနေတဲ့တံခါးဆီကိုသွားလိုက်ပြီးအဲ့အခန်းက ဇာတ်လိုက်ရဲ့ရုံးခန်းဆိုတာကိုတွေ့လိုက်ရသည်။ သူမအထဲကိုဝင်လိုက်ပြီးရှုပ်ပွနေတာကို မျက်မြင်တွေ့လိုက်ရသည်။ ပြီးတော့မိန်းကလေးတစ်ယောက်က ကြမ်းပြင်ပေါ်မှာစိတ်ဆင်းရဲစွာငိုနေလေသည်။ မိတ်ကပ်တွေကပျက်နေပြီး ဆံပင်ကလည်းရှုပ်ပွနေသည်။ သူမကိုကြည့်ရတာသနားစရာကောင်းနေသည်။
'ဘာလို့လဲ?!! ဘာလို့အဲ့ဒီရုပ်ဆိုးတဲ့ကောင်မကအနိုင်ရသွားတာလဲ?! ငါကဘာလို့ရှုံးရတာလဲ?! ငါကသူမထပ်ပိုပြီးအရည်အချင်းရှိတာလေ! ငါကမစ္စတာJun Renနဲ့တောင်အဆက်အသွယ်ရခဲ့သေးတယ်လေ! ဒါပေမယ့်အဲ့တာကဘာလို့မလုံလောက်တာလဲ?!!! အား!!!' ဇာတ်လိုက်မက ရှုပ်ထွေးနေပြီးသူမ၏ဆင်ခြေတုံးတရားသည်ဖရိုဖရဲဖြစ်နေသည်။ သူမဒီလိုပုံစံမျိုးဖြစ်နေတာကိုတွေ့ရတာက ဒီလူကတကယ်ကိုစိတ္တဇဆေးရုံဆီကိုပို့ဖို့လိုနေပြီဆိုတောhostကပြောနိုင်သည်။
သက်ရှိနှစ်ယောက်ကအခန်းတစ်ခန်းထဲမှာရှိနေပြီး တစ်ယောက်ကသူမရဲ့ရှုံးနိမ့်မှုအတွက်အသည်းအသန်ငိုနေချိန်မှာ တစ်ယောက်ကတိတ်ဆိတ်စွာနဲ့တစ်ခြားတစ်ယောက်ကိုငေးကြည့်နေသည်။ အဲ့တာကနေ့တစ်ဝက်လောက်ကြာတယ်လို့ ခံစားရတယ်။ ဇာတ်လိုက်မကသူမရဲ့လက်ကြားထဲကနေ မော့ကြည့်လိုက်တဲ့အခါမှာတော့ တံခါးနားမှာအဖြူရောင်ပုံရိပ်လေးကိုတွေ့လိုက်ရသည်။ သူမရဲ့မျက်ရည်တွေကိုသုတ်လိုက်တဲ့အခါမှာတော့ အဲ့တာကဇာတ်လိုက်ရဲ့ကြောင်လေးဖြစ်နေပြီး သူ့ရဲ့မျက်လုံးတွေနဲ့အန္တရာယ်ရှိတဲ့အကွက်တွေကို စိုက်ကြည့်လို့နေသည်။
'ဇာတ်လိုက်မရေ။ နင်ကအမျက်ထွက်နေတဲ့ဝိညာဉ်လိုဘဲ။ အကယ်၍နင်မပြောင်းလဲဘူးဆိုရင် ငါနင့်အတွက်ပုဂ္ဂိုလ်ရေးအရ လုပိပေးပါ့မယ်။ သူ့ရုံးခန်းကိုဖျက်ဆီးနေတာကို တော်လိုက်တော့!' hostကသူမရက်စက်သော အကြည့်တို့ဖြင့်ထိုနေရာမှာထိုင်နေရင်းစဉ်းစားလိုက်သည်။ ဇာတ်လိုက်မကသတိထားမိသွားသည်။ ဘာလို့ဒီကြောင်ကသူမကိုစောင့်ကြည့်နေရတာလဲ။ သူမသတိထားမတ်တပ်ရပ်လိုက်ပြီး စားပွဲရှည်ရဲ့အနောက်သိုသွားလိုက်သည်။ သူမရဲ့လက်တွေကလည်းတစ်စုံတစ်ခုကိုရှာဖွေနေသည်။ Hostကသူမရဲ့အပြုအမူကိုတွေ့တော့ဒေါသတကြီးဟစ်လိုက်သည်။
'ငါ့ကိုထိခိုက်အောင်လုပ်ချင်တာလား?! ငါလဲကျေးဇူးပြန်ဆပ်ပါရစေ!' သူမတိုက်ပွဲစိန်ခေါ်သံနှင့်အတူ သူမဆီကိုခြေလှမ်းပြောင်းသွားသည်။ ဇာတ်လိုက်မကတုန်လှုပ်သွားပြီးစားပွဲခုံပေါ်ကတစ်ခုခုကိုကောက်ယူလိုက်ပြီး ကြောင်ကိုသူမရှိသမျှအားနဲ့ ရိုက်လိုက်လေသည်။
*ဘမ်း!*
Hostကစာအုပ်စင်ရှိတဲ့ဘက်ကို လွင့်ထွက်သွားသည်။ သူမဇဝေဇဝါဖြစ်ပြီး ခေါင်းရှုပ်ထွေးသွားသည်။ သူမခေါင်းကိုမြှောက်ပြီးမူးဝေမှုကို ပျောက်သွားအောင်လုပ်လိုက်သည်။ ဒါပေမယ့်သူမအခွင့်အရေးတောင်မရလိုက်ဘဲ ဇာတ်လိုက်မကသူမရဲ့လည်ပင်းကနေမလိုက်ပြီး သူမသေနိုင်လောက်တဲ့အထိ ညှစ်လို့နေသည်! သူမချက်ချင်းဇာတ်လိုက်မရဲ့လက်ကိုကိုက်လ်ုက်ပြီး သူမလက်ထဲကနေလွတ်အောင် လုပ်လိုက်သည်။ဒါပေမယ့်သူမချက်ချင်းချည်နှောင်ခံလိုက်ရပြီး သူမလည်ပင်းကဖိအားကပိုပြီးပျင်းထန်လာခဲ့သည်။
"နင့်လိုကြောင်လေးကများ! မစ္စတာJun Renရဲ့ အာရုံကနင့်ဆီမှာသာရှိမနေခဲ့ရင်! ငါတို့ကကောင်းကင်ကပြုလုပ်ထားတဲ့ ချစ်သူစုံတွဲတွေဖြစ်နေလောက်ပြီ! ငါတို့က ငါတို့ရဲ့ခံစားချက်တွေကိုတောင်အစပျိုးပြီးနေပြီ! ပြီးတော့ငါပြိုင်ပွဲမှာအနိုင်ရနေလောက်ပြီ! သေလိုက်စမ်း!" ဇာတ်လိုက်မကတုန်လှုပ်နေပြီး သူမရဲ့မုန်းတီးမှုနဲ့တကိုယ်ကောင်းဆန်မှုတွေကြောင့်မျက်ကန်းလိုပင်ဖြစ်နေလေသည်။ Hostကအကူအညီခေါ်ရန်ကြိုးစားလိုက်သည်။ အကူညီအတွက်အော်မြည်ရန်ကြိုးစားလိုက်သော်လည်း ဇာတ်လိုက်မကသူမရဲ့ပါးစပ်ကို တိပ်နဲ့ပတ်ပြီးချည်လိုက်သည်။ သူမရဲ့ချွန်ထက်တဲ့လက်သည်းနဲ့ဇာတ်လိုက်မရဲ့ လက်မောင်းတွင်းကို လက်သည်းအားလုံးကို ရက်စက်စွာထိုးသွင်းလိုက်သည်။ ပြီးတော့သူမသည်းမခံနိုင်တော့အောင် ကုတ်ခြစ်ပစ်လိုက်သည်။ ဇာတ်လိုက်မကအပြင်းအထန် အော်ဟစ်ပစ်လိုက်ပြီး နာကျင်စွားညည်းညူလိုက်သည်။ Hostကသူမကိုအသားပဲ့အောင်ကုတ်ခြစ်ရင်းနဲ့ သူမကိုယ်ပေါ်ကို တွယ်ကပ်နေလိုက်သည်။ သွေးတွေနဲ့အသားစတွေက သူမလက်မောင်းကနေကျဆင်းလာသည်။ ဇာတ်လိုက်မကလည်းထိုမြင်ကွင်းကို ထိန့်လန့်သွားတော့သည်။
လူတိုင်းကထိုရုပ်ဆိုးလှတဲ့အော်သံကိုကြားလိုက်ရပြီး လူတိုင်းရဲ့အာရုံတို့ကထိုအပေါ်ကို ကျရောက်သွားသည်။ ဇာတ်လိုက်ကမျက်မှောင်ကြုတ်လိုက်ပြီး နေရာအနှံ့ကိုကြည့်လိုက်မိသည်။ သူ့ရဲ့ကြောင်လေးကဘယ်နေရာမှ မမြင်ရချေ။ သူချက်ချင်းဘဲလူတိုင်းကို သူ့ကြောင်လေးကိုရှာရန်ပြောလိုက်သည်။ ရှိုးပွဲကပြီးသွားပြီဖြစ်တာကြောင့် အကုန်လုံးကပျင်းရိနေကြသည်။ သူတို့ခေါင်းညိမ့်လိုက်ပြီး ကြောင်လေးကိုရှာဖွေနေလိုက်သည်။ ရုပ်ဆိုးတဲ့အော်သံက ထပ်ခါထပ်ခါ ပဲ့တင်ထပ်လာပြီး ပိုပြီးတော့ကြောက်စရာကောင်းလာသည်။ အဲ့ဒီနောက်တစ်နေရာမှတိုက်ခိုက်သံကအကျယ်ကြီးထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကသည်းမခံနိုင်တော့ဘဲ ထိုအခန်းထဲကိုဝင်သွားခဲ့သည်။ အဲ့တာကသူ့ရဲ့ရုံးခန်းဖြစ်ပြီး...ဘယ္သူလဲ...အဲ့တာကဇာတ်လိုက်မလား? ဘာလို့သူမကဒီမှာရှိနေတာလဲ? သူတံခါးကိုဖွင့်ပြီး ရုပ်ဆိုးဆိုးမြင်ကွင်းကိုတွေ့လိုက်ရသည်။
ဇာတ်လိုက်မကလဲကျနေတဲ့စာအုပ်စင်ရှိရာကို ကြောက်ရွံ့ခြင်းတဝက် ရူးသွပ်ခြင်းတဝက်နဲ့ကြည့်နေစဉ်မှာဘဲ သူမကိုယ်ကသွေးတွေနဲ့ရွှဲနစ်နေပြီး ထိန့်လန့်စရာကောင်းနေသည်။ စာအုပ်တွေနဲ့စာရွက်စာတန်းတွေကလည်းပြန့်ကျဲနေပြီး ထိုနေရာမှာသွေးတွေကလဲရှိလို့နေသည်။ အဖြူရောင်လက်ချောင်းလေးက စာအုပ်စင်ရဲ့အဖျားလေးမှာထွက်နေလေသည်။
"မဖြစ်ရဘူး!" Jun Ren အထိတ်တလန့်ဖြစ်သွားပြီး စာအုပ်စင်ကိုတစ်ခြားတစ်ဖက်သို့ ချက်ချင်းကိုတွန်းရွှေ့လိုက်သည်။ သူယုံကြည့်မှုတို့ကျော်လွန်သွားအောင်တောင် ထိန့်လန့်သွားပြီးသူ့ရဲ့လက်တို့ကတုန်လှုပ်စွာနဲ့ သွေးတွေနဲ့ နီရဲနေတဲ့ကြောင်လေးဆီရောက်သွားခဲ့သည်။ သူမကပြားချပ်နေပြီး သူမရဲ့နောက်ဆုံးအသက်ရှူသံကလည်း ပြီးသွားခဲ့ပြီဖြစ်သည်။ Jun Ren ရုတ်တရက်ဝေဒနာတွေနဲ့အသဲကွဲမှုတို့ပေါင်းပြီး ငိုမိသွားပြီးသူမရဲ့နူးညံ့တဲ့ခေါင်းလေးကိုလဲဖွဖွလေးပွတ်သပ်ပေးနေမိသည်။
[ဒင်!
အဓိကမစ်ရှင်: 'Viral God'အဖြစ်ကျော်ကြားလာအောင်လုပ်ရန် [ပြီးဆုံး]
Side Task#1: ဇာတ်လိုက်မကိုပြိုင်ပွဲကနေအနိုင်မရအောင် တားဆီးပေးရန် [ပြီးဆုံး]
Side Task#2: ဇာတ်လိုက်မရဲ့ဘဝကိုရှုပ်ထွေးအောင်ပြုလုပ်ရန် [ကျရှုံး]
Side Task#3: ဇာတ်လိုက်မကိုကိုက်ရန် [ပြီးဆုံး]
အဓိကပန်းတိုင်: ၉၀-၁၀၀% နှလုံးသားအမှတ်သို့ရောက်ရှိရန် [ပြီးဆုံး]
Hidden မစ်ရှင်: ဗီလိန်ကိုဖော်ထုတ်ပါ [ပြီးဆုံး]
Hostကဒီကမ်ဘာမှာသေဆုံးသွားပါပြီ။ အဖြူရောင်နယ်မြေသို့ဝိညာဉ်ကူးပြောင်းနေပါပြီ။]
အဲ့ဒီနောက်ထိုနေရာမှာဘဲသူတို့နှစ်ယောက် ထိုကမ်ဘာကနေထွက်ခွာသွားလေသည်။
voteလေးတွေအားမရလိုက်တာ
😞😞😞
Bạn đang đọc truyện trên: Truyen4U.Pro