အဖြူရောင်နယ်မြေ
Màu nền
Font chữ
Font size
Chiều cao dòng
Zawgyi
[Stats!
Host : xxx
Level : 2/100
Exp : 2000
စွမ်းရည် : ????
ဂုဏ်ကျက်သရည် : 50
ထက်မြတ်မှု : 45]
အခိုက်အတန့်ခဏလောက်ကြာတဲ့အခါမှာတော့
[စိတ်မပူပါနဲ့။ သင်လုံခြုံပါတယ်။ ဂရုတစိုက် သာနေပါ။]
Unicode
Host က ခေါင်းမူ‌းနောက်စွာနဲ့နိုးထလာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ကလည်း နာကျင်လို့နေသည်‌။ သူမမျက်နှာကိုရှုံ့မဲ့လိုက်ပြီး သူမမျက်လုံးတွေကိုဖွင့်လိုက်ကာ သက်သောင့်သက်သာရှိတဲ့အဖြူရောင်ကုတင်ပေါ်မှာထိုင်‌နေလိုက်သည်။ 
သူမအခုရောက်ရှိနေတဲ့နေရာက သူမပထမကမ္ဘာကိုမကူးပြောင်းမီတုန်းကရှိနေခဲ့တဲ့နေရာဘဲ။ သူမရဲ့လူသားပုံစံကဘယ်လိုပုံလဲဆိုတာကို ဆန်းစစ်ရန်ဆုံးဖြတ်လိုက်သည်။
အနက်ရောင်ရေလှိုင်းတွန့်ဆံပင်က ပုခုံးထိရှည်နေပြီး ကျောက်စိမ်းလိုမျိုးဖြူဝင်းနေတဲ့အသားအရည်ကနူးညံ့တဲ့ပုံပေါ်နေသည်။ သေးငယ်တဲ့ဗာဒံသီးလိုမျက်လုံး၊ နှာခေါင်းလုံးလုံးလေးနဲ့ ပွင့်ချပ်နဲ့တူတဲ့ပန်း‌ရောင်နှုတ်ခမ်း။ သူမကရိုးရှင်းတဲ့အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားသည်။ သူမကအရမ်းကိုချစ်ဖို့ကောင်းနေသည်။
[Host! သင်နောက်ဆုံးတော့နိုးလာခဲ့ပြီ! ငတုံးhostလေး! ဘာလို့သင်သေတာမြန်ရတာလဲ?! သင်ထိုကမ္ဘာကိုရောက်တာ တစ်နှစ်တောင်မပြည့်သေးဘူးလေ ဘာလို့အလွယ်တကူသေလိုက်ရတာလဲ?! ယုံတောင်မယုံနိုင်ဘူး!] ကြောင်စနစ်လေးက အွန်လိုင်းပေါ်တက်လာခဲ့ပြီးသူ့ရဲ့hostကို ချက်ချင်းဘဲဆူပူတော့သည်။ hostကတော့ ဆူညံပူညံလုပ်နေတဲ့ systemကိုကူရာမဲ့နေသည်။ စကားမပြောခင်သူ့ရဲ့ဒေါသကိုအရင်ဆုံး ငြိမ်းသတ်လိုက်သည်။
"ပထမကမ္ဘာကအရမ်းကိုအန္တရာယ်များလွန်းတယ်...အဲ့ဒီဇာတ်လိုက်ကောင်...ငါသူ့ကိုချစ်မိတော့မလို့။ အဲ့တာကြောင့် ငါအရှိန်မြင့်ပြီးမစ်ရှင်ကိုချက်ချင်း အဆုံးသတ်လိုက်တာလေ။ ကဲအဲ့တော့ကဘယ်လိုဖြစ်သွားလဲ။ ငါ့ရဲ့အခြေအနေလေး?" သူမမေးလိုက်သည်။
[Stats!
Host : xxx
Level : 2/100
Exp : 2000
သိမ်းဆည်းထားမှု : [ကွက်လပ်]
စွမ်းရည် : ????
ဂုဏ်ကျက်သရည် : 50
ထက်မြတ်မှု : 45]
"ဟေး! ငါ့ရဲ့ထက်မြတ်မှုကအဲ့လောက်ကြီးမနိမ့်သင့်ဘူး!"
[အဲ့တာက ပထမကမ္ဘာကဟာကိုမှတ်တမ်းတင်ထားတာ။ ဆိုလိုတာက သင်ကြောင်တစ်ကောင်ဖြစ်ခဲ့တဲ့ဟာကိုပြောတာ။ အရမ်းကြီးသိမ်မငယ်နေပါနဲ့။]
"ဒါနဲ့ ငါရုတ်တရက်ကြီးlevel-2 ရောက်သွားပြီး ပွိုင့်2000ကရှိနေသေးတာလဲ? ဘာလို့လဲ?"
[ဘာလို့လဲဆိုတော့ သင်ကမစ်ရှင်အားလုံးကိုပြီးခါနီးဖြစ်နေလို့လေ။ တစ်ခုကလွဲလို့။ ဘယ်လိုဘဲဖြစ်ဖြစ်သင်က နှလုံးသားအမှတ်ရဲ့အမြင့်ဆုံး‌အမှတ်ကို ရောက်ခဲ့တာ‌ကြောင့်ဆုကြီးကြီးတွေရပြီး သင့်ရဲ့အဆင့်မြင့်တာကမြန်သွားတာ]
"အိုး..." hostကခေါင်းသာညိမ့်လိုက်သည်။
[သင်ပြီးခဲ့တဲ့မစ်ရှင်ကမ္ဘာရဲ့ သင်သေသွားခဲ့တဲ့နောက်ပိုင်းကိုကြည့်ချင်လား?] systemကသူ့ရဲ့hostကိုမေးလိုက်သည်။ တိတ်ဆိတ်မှုကထွက်လာခဲ့သည်။ သူ့ရဲ့hostက တုန်လှုပ်နေတာကိုသူမြင်နိုင်သည်။
"ကောင်း-ကောင်းပြီ! ငါကြည့်ချင်တယ်" hostကစကားထစ်နေပြီးသူမရဲ့နောက်မှာပေါ်လာတဲ့ အပြာရောင်ပိတ်ကားကြီးကို ကြည့်လိုက်သည်။
[သင်မြင်ရသလိုဘဲ။ ဒီမှာရလဒ်တွေပါ ဒါမှမဟုတ် သင့်ရဲ့သေဆုံးခြင်းပါ :
ဇာတ်လိုက်ရူးသွပ်သွားခဲ့ပြီး ဇာတ်လိုက်မကိုသူ့ရဲ့မှန်ပြတင်းပေါက်ကနေ တွန်းထုတ်လိုက်သည်။ ငါမင်းကိုသတိပေးရရင်တော့ အဲ့တာကအထပ်သုံးဆယ်ရှိတဲ့အဆောက်အအုံကြီးပေါ့။ သူမကအသက်ရှင်နိုင်ရုံလေးသာဖြစ်ပြီး ခပ်မြော့မြော့သာရှိနေတယ်။ သူမကဇာတ်လိုက်ရဲ့အိမ်ထဲမှာလဲ ပုန်းကွယ်ထားခံရပြီး သင့်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် သူမရဲ့နောက်ဆုံးထွက်သက်အထိ သူမကိုနှိပ်စက်လို့နေသည်။ Xiu Li ကပြိုင်ပွဲမှာအနိုင်ရခဲ့ပြီး သူမအဖေရဲ့ကုန်တွေကို အဆင့်မြင့်ကာကူညီခဲ့တယ်။ အောင်မြင်တဲ့လူတစ်‌ယောက်လည်းဖြစ်လာခဲ့သည်။ သူမက ဇာတ်လိုက်ကသူတို့ကြားမှာဖန်တီးထားတဲ့ရေခဲနံရံတွေကြားထဲမှလည်း ဇာတ်လိုက်နဲ့သူငယ်ချင်းဖြစ်လာခဲ့တယ်။
ပြီးတော့ဇာတ်လိုက်က သင်နဲ့သက်ဆိုင်တဲ့မှတ်ညဏ်တွေကို အမှတ်တရတစ်ခုအနေနဲ့သလင်းကျောက်လေးကိုဖန်တီးလိုက်ပြီး သူဘယ်သွားသွားသူ့ရဲ့ကြောင်လေးကိုမှတ်မိနေအောင် သယ်ဆောင်ထားတယ်။ သူကပိုပြီးလျစ်လျူရှုလာတတ်ပြီး ပိုပြီးအေးစက်လာကာ ပိုပြီးစိတ်ဆိုးတတ်လာသည်။ ပြီးတော့နတ်ဆိုးသခင်တောင်ဖြစ်လာသေးတယ်။ *ချွေးစက်ကျ*
အင်တာနက်ပေါ်မှာလဲ သင်ရဲ့သေဆုံးကြောင်းကိုသတင်းရလိုက်ပြီး ဇာတ်လိုက်ကိုဝမ်းနည်းစကားလည်းပြောကြလေသည်။ သင့်ရဲ့ပရိတ်သတ်အချို့ကသင့်ရဲ့ ပန်းချီကားအချို့ကိုလည်းဖန်တီးခဲ့ပြီး သော့ချိတ်လေးတွေ၊ နားကပ်လေးတွေနဲ့ fanartလေးတွေက သင့်အကြောင်းကိုသူတို့နဲ့ ဇာတ်လိုက်ကိုယ်တိုင်တို့ သတိရစေအောင်ဖန်တီးခဲ့ကြတယ်။ အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုရင် hostသင့်ကိုအားလုံးကချစ်ကြတယ်။] systemကပြောလိုက်ပြီး ပိတ်ကားကိုပိတ်လိုက်လေသည်။
ထို့နောက်တိတ်ဆိတ်မှုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့hostကခါးခါးသီးသီးနဲ့ တိတ်ဆိတ်စွာငိုနေခဲ့တာဖြစ်သည်။ 
အခိုက်အတန့့််ခဏလောက်ကြာတဲ့အခါမှာတော့
"အမ်း... ငါတစ်ခုလောက်တောင်းဆိုချင်တယ်" hostကရုတ်တရက်ပြောလိုက်သည်။ systemကသူမကိုဘာလဲဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်သည်။
"ငါလိုချင်...ငါက...ငါလိုချင်တာက..." hostကရုတ်တရက်ရှက်သွားပြီး အထစ်ထစ်နဲ့ရှုပ်ထွေးသွားသည်။ systemကတိတ်ဆိတ်လျက်ရှိနေသေးပြီး သူမအတွက်အချိန်အနည်းငယ်ပေးလိုက်သည်။
"ငါ...ငါ့ရဲ့မှတ်ညဏ်တွေကိုဖျောက်ပစ်ချင်တယ်... အခြားမစ်ရှင်ကမ္ဘာကဟာတွေကောဘဲ... ငါတို့ဒီအဖြူရောင်နယ်မြေကိုပြန်လာတဲ့အချိန်တိုင်း ကျေးဇူးပြုပြီးအဲ့တာတွေကိုပိတ်ထားပေးပါ။ အကုန်လုံးကိုချိတ်ပိတ်လိုက်ပါ။" သူမကြောင်စနစ်လေးကိုကြည့်ပြီးပြောလိုက်သည်။ systemကတိတ်ဆိတ်နေသည်။
[သင်လဲသိပါတယ် အဲ့တာကလူသားအဖြစ်ရှင်သန်မှုမှာ ကူညီနိုင်တယ်လေ...အခုကဝိညာဥ်အဖြစ်နဲ့ရှိနေတယ်ဆိုပေမယ့်လဲ] systemကပြောလိုက်သည်။ hostကသူမခေါင်းကိုခါလိုက်ပြီး systemကိုသူမရဲ့ခံစားချက်တွေကိုကောင်းမွန်စွာထိန်းသိမ်းထားလျက် ပြုံးပြခဲ့သည်။
"ငါကဒီကမ္ဘာတွေအားလုံးမှာ အိမ်မွေးတိရစ္ဆာန်အနေနဲ့ဘဲရှိနေမှာဘဲလေ။ ဘယ်သူမှငါ့ကိုလူသားအဖြစ်နဲ့မြင်ပြီး ချိုမြိန်တဲ့ဆက်ဆံရေးကို လိုချင်မှာမဟုတ်ဘူး။ ဒါတွေကအလကားသတ်သတ်ပိုနေတဲ့ခံစားချက်တွေဘဲ ကျေးဇူးပြုပြီးငါ့ရဲ့မစ်ရှင်တွေမှာ မသက်ရောက်စေအောင်ချိပ်ပိတ်ပေးပါ" သူမပြောလိုက်သည်။ systemကခေါင်းညိမ့်လိုက်ပြီး သူမတောင်းဆိုတဲ့အတိုင်းလုပ်လိုက်သည်။
[အိပ်ယာပေါ်မှာလှဲလိုက်ပြီးသင့်ရဲ့မျက်လုံးကိုမှိတ်ထားလိုက်ပါ။] hostကခေါင်းညိမ့်ပြီးသူမကိုပြောတဲ့အတိုင်း လုပ်လိုက်သည်။
[ကျွန်တော်သင်ပထမကမ္ဘာမှာခံစားခဲ့ရတဲ့ ခံစားချက်တွေကိုချိပ်ပိတ်နိုင်ပါမယ်။ မှတ်ညဏ်တွေကိုတော့ သင်ယူထားနိုင်ပါတယ်။ ဒါကကျွန်တော်လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါ။]
"ကောင်းပြီ...အဲ့တာလည်းအဆင်ပြေပါတယ်။" hostကပြောလိုက်ပြီးသူမမျက်လုံးတွေကို ပိတ်လိုက်သည်။ တောက်ပတဲ့အလင်းရောင်တို့က hostရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးသူမရဲ့နှလုံးသားအပေါ်မှာ စက်လုံး‌လေးကပေါလောပေါ်လာ‌ခဲ့သည်။ Systemကစက်လုံးလေးကိုယူလိုက်ပြီး စင်မြင့်တစ်ခုပေါ်တွင်ထားလိုက်သည်။ စက်လုံးလေးက အဝါနဲ့အညိုရောင်သန်းနေသည်။ systemက အဲ့တာကအဝါ‌ရောင်မှာဆိုရင်ဝမ်းနည်းဖွယ်ကောင်းတဲ့အရောင်လို့တွေးလိုက်ပြီး အဲ့တာကhostဖြစ်လို့နေသည်။ Hostကအချိန်အနည်းငယ်လောက်ကိုမာဖြစ်သွားသည်။
ရက်သတ္တတစ်ပါတ်လောက်ကြာအောင်အိပ်ပြီးသွားတော့hostကနိုးထလာပြီး သူမကအရင်ပုံစံလိုမျိုးတည်ရှိလို့နေသည်။
"systemငါအခု အနားယူပြီးသွားပြီ။ လာမယ့်မစ်ရှင်ကမ္ဘာကဘာလဲ?" သူမမေးလိုက်သည်။
[အဲ့တာက ရှေးခေတ်ကမ္ဘာပါ။ ဆိုလိုတာကသင့်ပုံမှန်ကမ္ဘာထပ် လူနေမှုပုံစံနိမ့်ကျတဲ့ကမ္ဘာကို ကူ‌းပြောင်းရမှာပါ။ ကျွန်တော်တို့ အဲ့ကိုရောက်ရင်သင်သိပါလိမ့်မယ်။]
မလွယ်ကူလှတဲ့ခံစားချက်တွေက သူမရဲ့ဗိုက်ကိုချွေး‌ထွက်စေသည်။ ဒါက...ဆိုလိုတာကအဲ့မှာ အရိုင်းအစိုင်းတွေနဲ့ အန္တရာယ်တွေရှိနေတယ်မလား?!!!!
systemရဲ့မျက်နှာအမူအရာကပျောက်သွားပြီးhostကိုကူးပြောင်းဖို့ အသင့်ရှိပြီးနေပြီဖြစ်သည်။
[စိတ်မပူပါနဲ့။ သင်လုံခြုံပါတယ်။ ဂရုတစိုက်သာနေပါ။] 
"ငါ- ငါကြိုးစားကြည့်ပါ့မယ်။" Hostကစိတ်လှုပ်ရှားလျက်သာရှိနေသေးသည်။
[ကူးပြောင်းဖို့ အဆင်သင့်ဖြစ်ပြီလား?]
"ငါ့- ငါ့မှာရွေးချယ်စရာမှမရှိတာ။ ဟဟ...သွား- သွားရအောင်။" သူမတံတွေးမြိုချလိုက်ပြီး စိတ်ဆုံးဖြတ်ကာပြောလိုက်သည်။
Bạn đang đọc truyện trên: Truyen4U.Pro