Arc-1 (Jun Ren)
Màu nền
Font chữ
Font size
Chiều cao dòng
CHAPTER : 1.2
Unicode
Jun Ren သေတ္တာကိုဖွင့်လိုက်တဲ့အချိန် အဖြူနဲ့ခရမ်းရောင်စပ်ထားတဲ့ တိရစ္ဆာန်လှောင်အိမ်လေးကို တွေ့လိုက်ရသည်။ လှောင်အိမ်ထဲကကြောင်ကလေးကတော့ တိတ်ဆိတ်လို့နေသည်။
'သေနေပြီလား? အသက်ရှူကျပါပြီးသေသွားတာလား?'
Jun Ren အစာအိမ်အတွင်းမှထိန့်လန့်တုန်လှုပ်လာပြီးလှောင်အိမ်ကိုဖွင့်ကာအလျင် အမြန်ဖွင့်ကာ ကြောင်ကိုသူ့ရဲ့စားပွဲခုံပေါ်ကို တင်လိုက်သည်။ အဲ့အချိန်မှာဘဲ ကြောင်လေးရဲ့အသံကိုကြားလိုက်ရပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာ ဘာထိခိုက်မှုမှမရှိဘဲ စာပွဲခုံပေါ်ကိုခုံဆင်းသွားသည်။
Jun Ren ကြောင်လေးကိုကြည့်နေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်က နူးညံ့ပြီးအဖြူရောင်ရှိတဲ့ အမွှေးလေးတွေနဲ့ဖုံးထားပြီး သူ့ရဲ့အမြီးကို နောက်ကျောကနေပြီးတော့ဖော်ပြလို့နေသည်
(A/N : ဒီတစ်ကြောင်းကသိပ်နားမလည်လို့ အဆင်ပြေသလိုဘဲရေးထားတာပါနော်🥺)
သူတို့နှစ်ယောက်မျက်လုံးချင်းဆုံတဲ့အချိန်မှာ Jun Ren နက်ရှိုင်းပြီးအပြာရောင်ပင်လယ်နဲ့ တူတဲ့ကြောင်လေးရဲ့မျက်လုံးထဲမှာ သူ့ရဲ့ပုံရိပ်ကိုတွေ့လိုက်ရသည်။ ပထမဦးဆုံးအနေနဲ့ သူဒီကြောင်လေးရဲ့ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။ Jun Renတိရစ္ဆာန်တွေကိုမုန်းသည် ဆိုသောအရာမှာ ဒီသေးငယ်တဲ့ကြောင်လေးကိုဆိုလိုခြင်းတော့မဟုတ်ပေ။
သူမျက်တောင်ခတ်လိုပြီး ကြောင်ကသူ့ရဲ့ဘဝကို‌စတင်တောက်ပလာအောင်လုပ်နိုင်ခဲ့သည်။
'အား...! မင်းဘယ်လိုလုပ်ရဲတာလည်း! ငါက ဒီဘဝမှာရိုးရိုးကြောင်လေးပါ! မင်းကငါ့ကို ဒဏ်ရာရစေချင်တာလား! အား...! မင်းဘယ်လိုတောင်လုပ်နိုင်ရတာလဲ! ငါကမင်းရဲ့ တိရစ္ဆာန်ဖြစ်ချင်ဖြစ်မယ်ဒါပေမယ် ငါ့အသက်ငါ ထိန်းသိမ်းစောင့်ရှောက်ရမယ်ကွ!'
သူ့ရဲ့အမြီးကို ဇာတ်လိုက်ဘက်လှည့်လိုက်ကာ စာပွဲပေါ်ကနေအလျင်အမြန်ဆင်းလိုက်ပြီးအခန်းရဲ့ဘေးဘက်မှာရှိတဲ့ ပြတင်ပေါက်ဆီကိုသွားလိုက်သည်။ ကြောင်လေးကပြတင်းပေါက်ပေါ်ကိုတက်လိုက်ပြီး ညဘက်ကြီးမြို့ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသာ ကြည့်နေလိုက်သည်။
Jun Ren နည်းနည်းတော့စိတ်ဆိုးသွားသည်။ ဒီကြောင်ကတော်တော်ထူးဆန်းနေသည်။ သူက သူ့(Jun Ren)ဆီကနေ အာရုံစိုက်မှုရအောင်လည်း ပွတ်သပ်မနေခဲ့ပေ။ ဒါ့အပြင်သူ့ကို ခြစ်ရာလေးတစ်ခုကိုတောင် မကုတ်ခဲ့ပေ။ အရမ်းကိုထူးဆန်းနေပြီး အရမ်းကိုအေးဆေးဖြစ်လွန်းနေသည်။
'ဒီတစ်ခါတော့ ငါကဘဲပထမဦးဆုံးမင်းနဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်သင့်ပါတယ်လေ။ ဘာဘဲဖြစ်ဖြစ် ငါကသူ့ရဲ့သခင်ဖြစ်နေပြီဘဲ။ မကြာခင်မှာငါသူ့ရဲ့ အာရုံစိုက်မှုကို ရ‌နိုင်ပါတယ်။ ခနနေပါဦး...ဘယ်သူကကြောင်ကိုဘယ်လိုနားလည်နိုင်မှာလဲ? ဘယ်သူက‌တိရစ္ဆာန်တွေကိုနားလည်နိုင်မှာလည်း?
ကျစ်...ဒီတော့ညီမလေးရေ...မဟုတ်သေးဘူး...
ငါသူ့ကိုငါ့ဆီမှာဘဲအာရုံရှိနေတာကိုလိုချင်တယ်။ သူ့ရဲ့မျက်လုံးလှလှလေးတွေက ငါ့ဆီမှာဘဲရှိနေတာကိုဘဲလိုချင်တယ်။ ငါကြောင်တွေကြိုက်တဲ့ပစ္စည်းတွေကို အဆင်သင့်ရှိအောင်လုပ်ထားဖို့လိုတယ်။
သူအတွေးတွေကိုရပ်လိုက်ကာ Jun Ren သူ့ရဲ့ကွန်ပျူတာရှေ့ကိုလှည့်လိုက်ပြီး စတင်ကာအွန်လိုင်းဈေးအရောင်းအဝယ်အချို့ကိုရှာဖွေနေလိုက်သည်။
ထိုအချိန်မှာ hostကတော့ systemလိုင်းပြန်တက်လာအောင် အကျိုးမရှိကြိုးစားလို့နေသည်။
'***system! မင်းပြန်လာတဲ့အချိန်ကြရင်! အရှင်လတ်လတ်အရေခွံစုတ်ပစ်မယ်! ဂါး...!'
4.9.2020
Friday
Zawgyi
Jun Ren သေတ္တာကိုဖွင့်လိုက်တဲ့အချိန် အဖြူနဲ့ခရမ်းစပ်ထားတဲ့ တိရစ္ဆာန်လှောင်အိမ်လေးကိုတွေ့လိုက်ရတယ်။ လှောင်အိမ်ထဲကကြောင်လေးကတော့ တိတ်ဆိတ်လို့နေလေသည်။
'သေ‌နေပီလား? အသက်ရှူကျပ်ပြီးသေသွားတာလား? သူအစာအိမ်အတွင်းမှထိန့်လန့်တုန်လှုပ်လာပြီး လှောင်အိမ်ကိုဖွင့်ကာ အလျင်အမြန် ဘဲကြောင်ကိုသူ့ရဲ့စာပွဲခုန်ပေါ်တင်လိုက်သည်။ အဲ့အချိန်မှာဘဲကြောင်လေးရဲ့အသံကိုကြားလိုက်ရပြီး သူ့ရဲ့ခန္ဓာကိုယ်ကဘာထိခိုက် မှုမှမရှိဘဲ စားပွဲခုံပေါ်ကိုခုန်ဆင်းသွားသည်။
(A/N:ဒီနားလေးကိုသိပ်မရှင်းလို့ သိသလောက်ဘဲပြန်ထားပါတယ်။)
သူမျက်တောင်ခတ်လိုက်ပြီးကြောင်ကသူ့ရဲ့ဘဝကိုစတင်‌တောက်ပလာအောင် လုပ်နိုင်ခဲ့သည်။
'အား...! မင်းဘယ်လိုတောင်လုပ်ရဲတာလဲ! ငါကဒီဘဝမှာရိုးရိုးကြောင်လေးပါ! မင်းကငါ့ကိုဒဏ်ရာရစေချင်တာလား! အား...!?မင်းဘယ်လိုတောင်လုပ်နိုင်ရတာလဲ! င်ကမင်းရဲ့တိရစ္ဆာန်ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့်ငါ့အသက်ငါ ထိန်းသိမ်းစောင့်ရှောက်ရမယ်ကွ!'
သူ့ရဲ့အမြီးကိုဇာတ်လိုက်ဘက်လှည့်လိုက်ကာ စားပွဲပေါ်ကနေအလျင်အမြန်ဆင်းလိုက်ပြီး အခန်းရဲ့ဘေးဘက်မှာရှိတဲ့ ပြတင်းပေါက်ဆီကိုသွားလိုက်သည်။ ကြောင်လေးကပြတင်းပေါက်ဆီကိုတက်လိုက်ပြီး ညဘက်ကြီးညဘက်ကြီး မြို့ထဲမှာဘာတြွေဖစ်ပျက်နေလဲဆိုတာကိုသာ ကြည့်နေလိုက်သည်။
ထိုအချိန်မှာဘဲhostကတော့ systemလိုင်းပြန်တက်လာအောင်အကျိုးမရှိကြိုးစားလို့နေသည်။
'***system! မင်းပြန်လာတဲ့အချိန်ကြရင်! အရှင်လတ်လတ် အရေခွံကိုစုတ်ခွာပစ်မယ်!ဂါး...!!'
4.9.2020
Firday
Bạn đang đọc truyện trên: Truyen4U.Pro