အပိုင္း - 21 ပထမပိုင္း ( Z + U )

Màu nền
Font chữ
Font size
Chiều cao dòng

အပိုင္း ၂၁ ( ပထမပိုင္း )

မီးလ်ွံ ဖုန္းကိုခ်လိုက္ၿပီးေနာက္ ရင္ခြင္ထဲ႐ွိေသြးအလိမ္းလိမ္းနဲ႔
ေကာင္ေလးအား ငံု႔ၾကည့္လိုက္မိေတာ့သည္ ။
အျပံဳးမပ်က္ ကိုယ့္ဗုိက္ကို ကိုယ္တိုင္ဓားနဲ႔ထိုးစိုက္ရဲသည့္
ထိုေကာင္ေလးရဲ႕သတၱိကို မီးလ်ွံမခ်ီးက်ဴးပဲမေနႏိုင္ေပ ။

"မင္းက သတၱိေကာင္းသားပဲ ဟက္ အဲ့ဒါေၾကာင့္ငါ့အစ္ကိုက
သဲသဲလႈပ္ေနတာကိုး...."

႐ုတ္တရက္ မီးလ်ွံ ရဲ႕မ်က္လံုးထဲတြင္ ကြန္ကရစ္လမ္းမႀကီး
ထက္ေသြးအလိမ္းလိမ္းနဲ႔လဲက်ေနေသာ Moon ကို
ျပန္ျမင္ေယာင္လာၿပီး အထိတ္တလန္႔ရင္ခြင္ထဲကိုယ္ေလးကို
တင္းၾကပ္စြာဖက္တြယ္ထားမိေတာ့သည္ ။

"မဟုတ္ဘူး မဟုတ္ဘူး Moon မေသရဘူး Moon ဘာမွ
မျဖစ္ရဘူး ငါခြင့္မျပဳဘူး ဟင့္အင္း...."

"အင့္ ဦး....."

ကေယာင္ေခ်ာက္ခ်ားျဖစ္ေနရာမွ ရင္ခြင္ထဲလူးလြန္႔လာသူ၏
ဦး ဆိုၿပီးခပ္တိုးတိုးညည္းသံၾကားေတာ့မွ မီးလ်ွံ သတိျပန္ဝင္
လာရကာ ခပ္အက္အက္ရယ္လိုက္မိေတာ့သည္ ။

မတရားလိုက္တာ....

အ႐ွင္သခင္ ဆိုတဲ့လူအတြက္ ကားအေ႐ွ႕ေျပးဝင္ကာကြယ္
ေပးတဲ့သူနဲ႔ ျဖဴစင္မႈကိုကာကြယ္ဖို႔ ကိုယ့္ကိုယ္ကို ဓားနဲ႔ထိုးတဲ့
သူနဲ႔....

အစ္ကိုေရ ခင္ဗ်ားကေတာ့ အခ်စ္ေရးမွာေတာ္ေတာ္ကံေကာင္း
တဲ့လူပဲဗ်ာ...

"ဘယ္လိုေနေသးလဲ...."

"ေသြးထြက္လြန္သြားတာေၾကာင့္ အားနည္းၿပီးသတိလစ္သြား
တာပါ အသက္အႏၱရာယ္ေတာ့စိုးရိမ္စရာမ႐ွိေတာ့ပါဘူး..."

"အင္း ေက်းဇူး ေဒါက္တာ...."

"ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး.... "

ဆရာဝန္ေကာင္ေလး အခန္းအျပင္ထြက္သြားေတာ့ မီးလ်ွံ
ကုတင္ထက္ကေကာင္ေလးကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္
သက္ျပင္းအသာခ်ကာအခန္းအျပင္သို႔ထြက္လိုက္ေတာ့သည္ ။

ဒီအခ်ိန္ဆို အစ္ကို တစ္ေယာက္ရင္ထဲမွာဘယ္ေလာက္ေတာင္
မီးေတာက္ေနလိုက္မလဲ....

ခ်စ္ရသူေပ်ာက္သြားလို႔ ေသာကေရာက္ေနမည့္ အစ္ကိုျဖစ္သူ
၏ျဖစ္အင္ကိုေတြးမိကာ မီးလ်ွံရဲ႕ႏႈတ္ခမ္းတစ္စံုေကာ့တက္
သြားရေတာ့သည္ ။

ေပ်ာ္ဖို႔ေတာ့ ေကာင္းသား....

ခင္ဗ်ားရဲ႕ေသာကေတြက ကြၽန္ေတာ့္အတြက္ေတာ့
ေပ်ာ္ရႊင္စရာပဲ ဦးအ႐ွင္သခင္....

♣ ♠ ♣ ♠

"ေတာက္ မင္းတို႔လူေလးတစ္ေယာက္ကိုေတာင္အျဖစ္႐ွိေအာင္
မ႐ွာႏိုင္ဘူးလား...."

ခြမ္း.....

ေဒါသတႀကီးေသာင္းက်န္းေနေသာ သခင့္အား မည္သူမွ
မတားရဲၾကသလို ဘာအသံမွလည္းမထြက္ရဲၾကေပ ။
ကေလးေပ်ာက္သြားတာ ၁ရက္ေတာင္႐ွိသြားၿပီ ။အခုထိ
ဘာသတင္းအစအနမွမၾကားရေပ ။
မိနစ္တိုင္း စကၠန္႔တိုင္း သခင္တစ္ေယာက္ကေလးအတြက္
ေတြးပူရလြန္းလို႔ ရင္ဘတ္တစ္ခုလံုးလည္းဗလာင္ဆူေနၿပီ
ျဖစ္သည္ ။

"ဘယ္ေရာက္ေနတာလဲ ကေလးရာ..."

"Boss...."

ထိုအခ်ိန္ စိုင္းသုခ အခန္းထဲသို႔ဝင္လာကာ သခင့္ ဆီ USB
Stick ေလးတစ္ခုကမ္းေပးလာေလသည္ ။

"ကိုရန္ေနာင္ထက္တို႔အိမ္ကအခန္းတစ္ခုမွာတပ္ထားတဲ့
လ်ိွဳ႕ဝွက္ကင္မရာက႐ိုက္ထားတာေတြပါ Boss ၾကည့္သင့္
တယ္ထင္လို႔...."

သခင္ လည္းထိုUSB ကိုLaptopမွာအျမန္ထိုးကာဖြင့္ၾကည့္
လိုက္ေတာ့ ျမင္လိုက္ရတာေတြေၾကာင့္လက္သီးကိုတင္းတင္း
ဆုပ္ကာအံကိုႀကိတ္ရင္းလူသတ္ခ်င္စိတ္ေတြကို မနည္းထိန္း
ထားရေလသည္ ။

"ေတာက္ ဟာကြာ...."

ဒုန္း....

အားျပင္းျပင္းနဲ႔ခံုကိုလက္သီးနဲ႔ထိုးလိုက္တာေၾကာင့္ ေဘးနား
မွာရပ္ေနေသာစိုင္းသုခပင္တုန္တက္သြားရေလသည္ ။
သခင့္ မ်က္ဝန္းေတြမွာလူသတ္ခ်င္ရိပ္တြင္ျပည့္ႏွက္ေနၿပီး
အခုေနၿပီး သခင့္ေ႐ွ႕တြင္ထိုဗီဒီယိုထဲေကာင္ေတြမ်ား႐ွိခဲ့ရင္
တစစီပင္လုပ္ပစ္ႏိုင္ေလာက္သည္ ။

"သြား႐ွာလာခဲ့ အဲ့ဒီ့ေခြးမသားသံုးေကာင္ကို ေျမလွန္ၿပီးပဲျဖစ္
ျဖစ္႐ွာၿပီး အခုခ်က္ခ်င္းငါ့အေ႐ွ႕ကိုေခၚလာခဲ့...."

သခင့္ရဲ႕ေက်ာခ်မ္းဖြယ္အေနအထားေၾကာင့္ စိုင္းသုခ လည္း
အမိန္႔ကိုလက္ခံၿပီးသည္ႏွင့္ အခန္းထဲကေနတခ်ိဳးတည္းလစ္
ေျပးေတာ့သည္ ။
သခင္ ကေတာ့ေစာနကဗီဒီယိုထဲမွာျမင္လိုက္ရသည့္ မိမိခ်စ္ရ
တဲ့ကေလး၏ေသြးပ်က္ဖြယ္လုပ္ရပ္ေၾကာင့္ ေဒါသထြက္ရသလို
ေၾကာက္လည္းေၾကာက္ရြံ႕မိသည္ ။

"ကေလး ဘာမွမျဖစ္ပါဘူးေနာ္ ဟင့္အင္း ဘာမွမျဖစ္ရဘူး
ဟုတ္တယ္ ကေလးကၾကံ့ခိုင္တဲ့သူပါ ကိုယ့္ရဲ႕ကေလးက
သန္မာၿပီးသား...."

သခင္ မိမိ၏တုန္လႈပ္ေနေသာစိတ္ေၾကာင့္ လက္ဖဝါးႏွစ္ဖက္နဲ႔
မ်က္ႏွာကိုအုပ္ကာပါးစပ္ကတတြတ္တြတ္ေရရြတ္ေနမိသည္ ။

"မီးလ်ွံ မင္း ကေလးကိုဘယ္ေခၚသြားတာလဲ...."

အကယ္၍ကေလးသာတစ္ခုခုျဖစ္လို႔ကေတာ့ ညီပင္ျဖစ္ေနပါ
ေစ မီးလ်ွံအားသတ္ရန္သူဝန္ေလးမည္မဟုတ္ေပ ။

"ကေလးဆိုးေလး ကိုယ့္ခြင့္ျပဳခ်က္မ႐ွိပဲ ကိုယ့္ကိုယ္ကို ထိခိုက္
ေအာင္လုပ္ရဲတယ္ေပါ့ ေတြ႔ေတာ့မွအျပစ္ေကာင္းေကာင္း
ေပးရမယ္...."

႐ွာရမည္ ။သခင္ ဒီအတိုင္းထိုင္မေနႏိုင္ပါ ၊ခ်စ္ရသူေလးကို
ျပန္ေတြ႔ဖို႔ ကိုယ္တိုင္ထြက္႐ွာရမည္ ။

ကိုယ့္ကို ေစာင့္ေနပါ ကေလးငယ္....

♠ ♣ ♠ ♣

မီးလ်ွံ ေခၚလာေသာေကာင္ေလးသတိေမ့ေနတာ ၂ရက္႐ွိၿပီ
ျဖစ္သည္ ။အစ္ကိုျဖစ္သူအ႐ွင္သခင္လည္း သူ႔ကိုအပူတျပင္း
လိုက္႐ွာေနသည္ဟုၾကားေတာ့ မီးလ်ွွံ ျပံဳးလိုက္မိသည္ ။
မီးလ်ွံ ကေကာင္ေလးကိုေဆးရံုသို႔ေခၚမသြားပဲ မိမိအနားယူရန္
သီးသန္႔ဝယ္ထားသည့္ စံအိမ္ႀကီးမွာထားထားျခင္းျဖစ္တာ
ေၾကာင့္ အ႐ွင္သခင္ ဘယ္ေလာက္႐ွာ႐ွာေတြ႔မည္မဟုတ္ေပ ။

မီးလ်ွံ လည္းမနက္စာစားၿပီးသည္ႏွင့္ ေကာင္ေလး႐ွိသည့္
အခန္းထဲသို႔ဝင္သြားလိုက္ေတာ့သည္ ။ေကာင္ေလးကေတာ့
ကုတင္ထက္တြင္ ဘာအပူအပင္မွမ႐ွိသည့္ပံုႏွင့္သတိေမ့ေန
ဆဲျဖစ္သည္ ။
အျပစ္အနာအဆာကင္းၿပီး ေႂကြ႐ုပ္ေလးလိုလွပလြန္းသည့္
ေကာင္ေလးရဲ႕မ်က္ႏွာကိုတစိမ့္စိမ့္ၾကည့္မိေနရင္း အ႐ွင္သခင္
ဆိုတဲ့လူကိုမနာလိုျဖစ္လာရသည္ ။
ထို႔ေၾကာင့္ ထိုမ်က္ႏွာလွလွေလးကို ထိေတြ႔ခ်င္လာတာေၾကာင့္
မ်က္ႏွာနားဆီသို႔လက္လွမ္းလိုက္စဥ္ သူ႔ရဲ႕လက္ေကာက္ဝတ္
အားလက္သြယ္သြယ္ေလးတစ္ဖက္က႐ုတ္တရက္ဖမ္းဆုပ္
လိုက္ေလသည္ ။

"ခင္ဗ်ား ဘယ္သူလဲ...."

"မင္းကသတိရေနၿပီပဲ...."

႐ုတ္တရက္အံ့ျသသြားမိေပမဲ့ မီးလ်ွံ ျပံဳးလိုက္ကာေကာင္ေလး
အားထူမေပးလိုက္ေတာ့သည္ ။

"ဒါ ဘယ္ေနရာလဲ...."

"ကိုယ့္အိမ္...."

"ခင္ဗ်ား အိမ္ ေသေတာ့မယ့္လူနာကိုေဆးရံုေခၚမသြားပဲ
ခင္ဗ်ားအိမ္ေခၚလာရေအာင္ ခင္ဗ်ားကဆရာဝန္မို႔လို႔လား...."

ပက္ခနဲျပန္ေျပာလာေသာေကာင္ေလးေၾကာင့္ မီးလ်ွံ မ်က္ခံုး
ပင့္လိုက္မိေတာ့သည္ ။

"မင္းကလည္း ကယ္လည္းကယ္ရေသးတယ္ လူကိုစစ္လား
ေဆးလားနဲ႔..."

"ေက်းဇူးတင္ပါတယ္ ရၿပီလား အခုကြၽန္ေတာ္ျပန္လို႔ရၿပီလား..."

"ျပန္မယ္ ဘယ္ကိုလဲ...."

"ကြၽန္ေတာ့္အိမ္ကိုေပါ့ ကြၽန္ေတာ့္အေဖ ကြၽန္ေတာ့္ကိုစိတ္ပူ
ေနေလာက္ၿပီ ကြၽန္ေတာ့္ခ်စ္သူေရာ...."

ခ်စ္သူဆိုတဲ့စကားလည္းၾကားေရာ မီးလ်ွံရဲ႕မ်က္ႏွာတင္းမာ
သြားေလသည္ ။သို႔ေသာ္ ဘာစကားမွမေျပာပဲ အခန္းအျပင္သို႔
ထြက္သြားေလေတာ့သည္ ။

"ဘာျဖစ္သြားတာလဲဟ...."

႐ိုးရာ ကေတာ့ဘာမွနားမလည္ႏိုင္စြာေၾကာင္ေတာင္ေတာင္
ေလးျဖစ္ေနေတာ့သည္ ။ဝမ္းဗိုက္ကဒဏ္ရာကတဆစ္ဆစ္နာ
ေနေပမဲ့ ထိုနာက်င္မႈက ႐ိုးရာအတြက္မေျပာပေလာက္ေပ ။
သူ႔အတြက္ စိတ္ပူေနမည့္ေဖေဖ နဲ႔ ဂုဏ္ေလး ၊ၿပီးေတာ့
ခ်စ္ရသူ ဦး သူတို႔ကိုေတြးမိေတာ့ ႐ိုးရာႏွလံုးသားေလးတင္း
ၾကပ္သြားရသည္ ။

ဦးေရာ အခုခ်ိန္ဘာျဖစ္ေနၿပီလဲမသိဘူး....

႐ိုးရာ အေတြးလြန္ေနတုန္း အခန္းထဲသို႔ေစာနကလူႀကီးျပန္ဝင္
လာေလသည္ ။လက္ထဲတြင္လည္း ဆန္ျပဳတ္ပန္းကန္ကို
သယ္လာေလသည္ ။

"ေရာ့ ဆန္ျပဳတ္စားလိုက္ဦး ၿပီးရင္ေဆးေသာက္ရမယ္...."

ေဆး ဆိုေသာအသံၾကားတာနဲ႔ေကာင္ေလးရဲ႕မ်က္ႏွာေလးက
႐ႈံ႕မဲ့သြားေလသည္ ။

"ခင္ဗ်ား နာမည္ဘယ္လိုေခၚလဲ.... "

"ဘုဏ္းမီးလ်ွံ.... "

"ဝိုး နာမည္ကအမိုက္စားပဲ ကြၽန္ေတာ္ကေ႐ွး႐ိုးရာ...."

"အင္း သိတယ္...."

ဘုဏ္းမီးလ်ွံ ဆိုေသာလူႀကီးရဲ႕စကားေၾကာင့္ ႐ိုးရာ မ်က္ေမွာင္
ေလးၾကဳတ္လိုက္မိေတာ့သည္ ။

"ခင္ဗ်ားကကြၽန္ေတာ့္ကိုသိတယ္ေပါ့...."

"သိတာေပါ့ ငါက မင္းခင္ပြန္းေလာင္းရဲ႕ညီဝမ္းကြဲေလ...."

"ဟမ္ ဦးရဲ႕ညီ ဟုတ္လား ဒါဆိုေယာက္ဖႀကီးေပါ့ ဟီး ေတြ႔ရတာ
ဝမ္းသာပါတယ္ ေယာက္ဖ...."

မီးလ်ွံ ေကာင္ေလးရဲ႕အေျပာေၾကာင့္ နင္သြားရေလသည္ ။

"ဒါနဲ႔ ေယာက္ဖကကြၽန္ေတာ့္ကိုကယ္လာတာဆိုေတာ့
ေယာက္ဖရဲ႕အစ္ကို ကြၽန္ေတာ့္ရဲ႕ခင္ပြန္းေလာင္းႀကီးေရာ
ဘယ္မွာလဲ...."

"မ႐ွိဘူး...."

ေအးတိေအးစက္ႏိုင္လွေသာေယာက္ဖေလာင္းျဖစ္သူေၾကာင့္
႐ိုးရာ မဆိုသေလာက္ေလးႏႈတ္ခမ္းဆူသြားရသည္ ။

ဒီေယာက္ဖကိုၾကည့္ရတာ ႐ုပ္ေလးေခ်ာသေလာက္စိတ္ပုတ္
မယ့္ပံုႀကီး....

စိတ္ထဲပြစိပြစိေရရြတ္ေနရင္း ဆန္ျပဳတ္ကိုခပ္စားလိုက္ေတာ့
သည္ ။အနံ႔ေမႊးေမႊးေလးနဲ႔အရသာစိမ့္စိမ့္ေလးေၾကာင့္ ေသာက္
လို႔ေတာ့ေကာင္းပါသည္ ။သို႔ေသာ္ ဘာအသားမွမပါ ။

"အသားေလးေတာင္မထည့္ေပးဘူး ကပ္ေစးႏွဲႀကီး...."

တိုးတိုးေလးေျပာေနေပမဲ့ နားပါးလြန္းသည့္မီးလ်ွံကေတာ့
ၾကားျဖစ္ေအာင္ၾကားလိုက္ေသးသည္ ။လူမမာမို႔ ဆန္ျပဳတ္
ျပဳတ္ေကြၽးတာေတာင္ ဒင္းေလးကအသားမပါလို႔ဆိုၿပီး ၿငိဳျငင္
ခ်င္ေနေသးသည္ ။
ေနာက္ဆံုးမွာ ဆန္ျပဳတ္တစ္ပန္းကန္လံုးကုန္ၿပီး ေဆးေသာက္
ရမွာကိုအင္တင္တင္လုပ္ေနေသးလို႔ မီးလ်ွံ မွာေခ်ာ့တစ္ခါ
ေျခာက္တစ္လွည့္နဲ႔မနည္းတိုက္လိုက္ရေသးသည္ ။

"အိုေက ေဆးလည္းေသာက္ၿပီးၿပီဆိုေတာ့ ကြၽန္ေတာ္
ျပန္ေတာ့မယ္ေနာ္ ေယာက္ဖ...."

"မရဘူး...."

"ဟမ္...."

"ငါ ေျပာတာ မင္းကိုအိမ္ျပန္ခြင့္မျပဳဘူးလို႔...."

"ဘာ...."

To be continue
ရာေလး နဲ႔ မီးလ်ွံ ဘာေတြဆက္ျဖစ္ၾကမလဲ

Unicode

အပိုင်း ၂၁ ( ပထမပိုင်း )

မီးလျှံ ဖုန်းကိုချလိုက်ပြီးနောက် ရင်ခွင်ထဲရှိသွေးအလိမ်းလိမ်းနဲ့
ကောင်လေးအား ငုံ့ကြည့်လိုက်မိတော့သည် ။
အပြုံးမပျက် ကိုယ့်ဗိုက်ကို ကိုယ်တိုင်ဓားနဲ့ထိုးစိုက်ရဲသည့်
ထိုကောင်လေးရဲ့သတ္တိကို မီးလျှံမချီးကျူးပဲမနေနိုင်ပေ ။

"မင်းက သတ္တိကောင်းသားပဲ ဟက် အဲ့ဒါကြောင့်ငါ့အစ်ကိုက
သဲသဲလှုပ်နေတာကိုး...."

ရုတ်တရက် မီးလျှံ ရဲ့မျက်လုံးထဲတွင် ကွန်ကရစ်လမ်းမကြီး
ထက်သွေးအလိမ်းလိမ်းနဲ့လဲကျနေသော Moon ကို
ပြန်မြင်ယောင်လာပြီး အထိတ်တလန့်ရင်ခွင်ထဲကိုယ်လေးကို
တင်းကြပ်စွာဖက်တွယ်ထားမိတော့သည် ။

"မဟုတ်ဘူး မဟုတ်ဘူး Moon မသေရဘူး Moon ဘာမှ
မဖြစ်ရဘူး ငါခွင့်မပြုဘူး ဟင့်အင်း...."

"အင့် ဦး....."

ကယောင်ချောက်ချားဖြစ်နေရာမှ ရင်ခွင်ထဲလူးလွန့်လာသူ၏
ဦး ဆိုပြီးခပ်တိုးတိုးညည်းသံကြားတော့မှ မီးလျှံ သတိပြန်ဝင်
လာရကာ ခပ်အက်အက်ရယ်လိုက်မိတော့သည် ။

မတရားလိုက်တာ....

အရှင်သခင် ဆိုတဲ့လူအတွက် ကားအရှေ့ပြေးဝင်ကာကွယ်
ပေးတဲ့သူနဲ့ ဖြူစင်မှုကိုကာကွယ်ဖို့ ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးတဲ့
သူနဲ့....

အစ်ကိုရေ ခင်ဗျားကတော့ အချစ်ရေးမှာတော်တော်ကံကောင်း
တဲ့လူပဲဗျာ...

"ဘယ်လိုနေသေးလဲ...."

"သွေးထွက်လွန်သွားတာကြောင့် အားနည်းပြီးသတိလစ်သွား
တာပါ အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ပါဘူး..."

"အင်း ကျေးဇူး ဒေါက်တာ...."

"ကျွန်တော့်ကိုခွင့်ပြုပါဦး.... "

ဆရာဝန်ကောင်လေး အခန်းအပြင်ထွက်သွားတော့ မီးလျှံ
ကုတင်ထက်ကကောင်လေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
သက်ပြင်းအသာချကာအခန်းအပြင်သို့ထွက်လိုက်တော့သည် ။

ဒီအချိန်ဆို အစ်ကို တစ်ယောက်ရင်ထဲမှာဘယ်လောက်တောင်
မီးတောက်နေလိုက်မလဲ....

ချစ်ရသူပျောက်သွားလို့ သောကရောက်နေမည့် အစ်ကိုဖြစ်သူ
၏ဖြစ်အင်ကိုတွေးမိကာ မီးလျှံရဲ့နှုတ်ခမ်းတစ်စုံကော့တက်
သွားရတော့သည် ။

ပျော်ဖို့တော့ ကောင်းသား....

ခင်ဗျားရဲ့သောကတွေက ကျွန်တော့်အတွက်တော့
ပျော်ရွှင်စရာပဲ ဦးအရှင်သခင်....

♣ ♠ ♣ ♠

"တောက် မင်းတို့လူလေးတစ်ယောက်ကိုတောင်အဖြစ်ရှိအောင်
မရှာနိုင်ဘူးလား...."

ခွမ်း.....

ဒေါသတကြီးသောင်းကျန်းနေသော သခင့်အား မည်သူမှ
မတားရဲကြသလို ဘာအသံမှလည်းမထွက်ရဲကြပေ ။
ကလေးပျောက်သွားတာ ၁ရက်တောင်ရှိသွားပြီ ။အခုထိ
ဘာသတင်းအစအနမှမကြားရပေ ။
မိနစ်တိုင်း စက္ကန့်တိုင်း သခင်တစ်ယောက်ကလေးအတွက်
တွေးပူရလွန်းလို့ ရင်ဘတ်တစ်ခုလုံးလည်းဗလာင်ဆူနေပြီ
ဖြစ်သည် ။

"ဘယ်ရောက်နေတာလဲ ကလေးရာ..."

"Boss...."

ထိုအချိန် စိုင်းသုခ အခန်းထဲသို့ဝင်လာကာ သခင့် ဆီ USB
Stick လေးတစ်ခုကမ်းပေးလာလေသည် ။

"ကိုရန်နောင်ထက်တို့အိမ်ကအခန်းတစ်ခုမှာတပ်ထားတဲ့
လျှို့ဝှက်ကင်မရာကရိုက်ထားတာတွေပါ Boss ကြည့်သင့်
တယ်ထင်လို့...."

သခင် လည်းထိုUSB ကိုLaptopမှာအမြန်ထိုးကာဖွင့်ကြည့်
လိုက်တော့ မြင်လိုက်ရတာတွေကြောင့်လက်သီးကိုတင်းတင်း
ဆုပ်ကာအံကိုကြိတ်ရင်းလူသတ်ချင်စိတ်တွေကို မနည်းထိန်း
ထားရလေသည် ။

"တောက် ဟာကွာ...."

ဒုန်း....

အားပြင်းပြင်းနဲ့ခုံကိုလက်သီးနဲ့ထိုးလိုက်တာကြောင့် ဘေးနား
မှာရပ်နေသောစိုင်းသုခပင်တုန်တက်သွားရလေသည် ။
သခင့် မျက်ဝန်းတွေမှာလူသတ်ချင်ရိပ်တွင်ပြည့်နှက်နေပြီး
အခုနေပြီး သခင့်ရှေ့တွင်ထိုဗီဒီယိုထဲကောင်တွေများရှိခဲ့ရင်
တစစီပင်လုပ်ပစ်နိုင်လောက်သည် ။

"သွားရှာလာခဲ့ အဲ့ဒီ့ခွေးမသားသုံးကောင်ကို မြေလှန်ပြီးပဲဖြစ်
ဖြစ်ရှာပြီး အခုချက်ချင်းငါ့အရှေ့ကိုခေါ်လာခဲ့...."

သခင့်ရဲ့ကျောချမ်းဖွယ်အနေအထားကြောင့် စိုင်းသုခ လည်း
အမိန့်ကိုလက်ခံပြီးသည်နှင့် အခန်းထဲကနေတချိုးတည်းလစ်
ပြေးတော့သည် ။
သခင် ကတော့စောနကဗီဒီယိုထဲမှာမြင်လိုက်ရသည့် မိမိချစ်ရ
တဲ့ကလေး၏သွေးပျက်ဖွယ်လုပ်ရပ်ကြောင့် ဒေါသထွက်ရသလို
ကြောက်လည်းကြောက်ရွံ့မိသည် ။

"ကလေး ဘာမှမဖြစ်ပါဘူးနော် ဟင့်အင်း ဘာမှမဖြစ်ရဘူး
ဟုတ်တယ် ကလေးကကြံ့ခိုင်တဲ့သူပါ ကိုယ့်ရဲ့ကလေးက
သန်မာပြီးသား...."

သခင် မိမိ၏တုန်လှုပ်နေသောစိတ်ကြောင့် လက်ဖဝါးနှစ်ဖက်နဲ့
မျက်နှာကိုအုပ်ကာပါးစပ်ကတတွတ်တွတ်ရေရွတ်နေမိသည် ။

"မီးလျှံ မင်း ကလေးကိုဘယ်ခေါ်သွားတာလဲ...."

အကယ်၍ကလေးသာတစ်ခုခုဖြစ်လို့ကတော့ ညီပင်ဖြစ်နေပါ
စေ မီးလျှံအားသတ်ရန်သူဝန်လေးမည်မဟုတ်ပေ ။

"ကလေးဆိုးလေး ကိုယ့်ခွင့်ပြုချက်မရှိပဲ ကိုယ့်ကိုယ်ကို ထိခိုက်
အောင်လုပ်ရဲတယ်ပေါ့ တွေ့တော့မှအပြစ်ကောင်းကောင်း
ပေးရမယ်...."

ရှာရမည် ။သခင် ဒီအတိုင်းထိုင်မနေနိုင်ပါ ၊ချစ်ရသူလေးကို
ပြန်တွေ့ဖို့ ကိုယ်တိုင်ထွက်ရှာရမည် ။

ကိုယ့်ကို စောင့်နေပါ ကလေးငယ်....

♠ ♣ ♠ ♣

မီးလျှံ ခေါ်လာသောကောင်လေးသတိမေ့နေတာ ၂ရက်ရှိပြီ
ဖြစ်သည် ။အစ်ကိုဖြစ်သူအရှင်သခင်လည်း သူ့ကိုအပူတပြင်း
လိုက်ရှာနေသည်ဟုကြားတော့ မီးလျှှံ ပြုံးလိုက်မိသည် ။
မီးလျှံ ကကောင်လေးကိုဆေးရုံသို့ခေါ်မသွားပဲ မိမိအနားယူရန်
သီးသန့်ဝယ်ထားသည့် စံအိမ်ကြီးမှာထားထားခြင်းဖြစ်တာ
ကြောင့် အရှင်သခင် ဘယ်လောက်ရှာရှာတွေ့မည်မဟုတ်ပေ ။

မီးလျှံ လည်းမနက်စာစားပြီးသည်နှင့် ကောင်လေးရှိသည့်
အခန်းထဲသို့ဝင်သွားလိုက်တော့သည် ။ကောင်လေးကတော့
ကုတင်ထက်တွင် ဘာအပူအပင်မှမရှိသည့်ပုံနှင့်သတိမေ့နေ
ဆဲဖြစ်သည် ။
အပြစ်အနာအဆာကင်းပြီး ကြွေရုပ်လေးလိုလှပလွန်းသည့်
ကောင်လေးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်မိနေရင်း အရှင်သခင်
ဆိုတဲ့လူကိုမနာလိုဖြစ်လာရသည် ။
ထို့ကြောင့် ထိုမျက်နှာလှလှလေးကို ထိတွေ့ချင်လာတာကြောင့်
မျက်နှာနားဆီသို့လက်လှမ်းလိုက်စဉ် သူ့ရဲ့လက်ကောက်ဝတ်
အားလက်သွယ်သွယ်လေးတစ်ဖက်ကရုတ်တရက်ဖမ်းဆုပ်
လိုက်လေသည် ။

"ခင်ဗျား ဘယ်သူလဲ...."

"မင်းကသတိရနေပြီပဲ...."

ရုတ်တရက်အံ့သြသွားမိပေမဲ့ မီးလျှံ ပြုံးလိုက်ကာကောင်လေး
အားထူမပေးလိုက်တော့သည် ။

"ဒါ ဘယ်နေရာလဲ...."

"ကိုယ့်အိမ်...."

"ခင်ဗျား အိမ် သေတော့မယ့်လူနာကိုဆေးရုံခေါ်မသွားပဲ
ခင်ဗျားအိမ်ခေါ်လာရအောင် ခင်ဗျားကဆရာဝန်မို့လို့လား...."

ပက်ခနဲပြန်ပြောလာသောကောင်လေးကြောင့် မီးလျှံ မျက်ခုံး
ပင့်လိုက်မိတော့သည် ။

"မင်းကလည်း ကယ်လည်းကယ်ရသေးတယ် လူကိုစစ်လား
ဆေးလားနဲ့..."

"ကျေးဇူးတင်ပါတယ် ရပြီလား အခုကျွန်တော်ပြန်လို့ရပြီလား..."

"ပြန်မယ် ဘယ်ကိုလဲ...."

"ကျွန်တော့်အိမ်ကိုပေါ့ ကျွန်တော့်အဖေ ကျွန်တော့်ကိုစိတ်ပူ
နေလောက်ပြီ ကျွန်တော့်ချစ်သူရော...."

ချစ်သူဆိုတဲ့စကားလည်းကြားရော မီးလျှံရဲ့မျက်နှာတင်းမာ
သွားလေသည် ။သို့သော် ဘာစကားမှမပြောပဲ အခန်းအပြင်သို့
ထွက်သွားလေတော့သည် ။

"ဘာဖြစ်သွားတာလဲဟ...."

ရိုးရာ ကတော့ဘာမှနားမလည်နိုင်စွာကြောင်တောင်တောင်
လေးဖြစ်နေတော့သည် ။ဝမ်းဗိုက်ကဒဏ်ရာကတဆစ်ဆစ်နာ
နေပေမဲ့ ထိုနာကျင်မှုက ရိုးရာအတွက်မပြောပလောက်ပေ ။
သူ့အတွက် စိတ်ပူနေမည့်ဖေဖေ နဲ့ ဂုဏ်လေး ၊ပြီးတော့
ချစ်ရသူ ဦး သူတို့ကိုတွေးမိတော့ ရိုးရာနှလုံးသားလေးတင်း
ကြပ်သွားရသည် ။

ဦးရော အခုချိန်ဘာဖြစ်နေပြီလဲမသိဘူး....

ရိုးရာ အတွေးလွန်နေတုန်း အခန်းထဲသို့စောနကလူကြီးပြန်ဝင်
လာလေသည် ။လက်ထဲတွင်လည်း ဆန်ပြုတ်ပန်းကန်ကို
သယ်လာလေသည် ။

"ရော့ ဆန်ပြုတ်စားလိုက်ဦး ပြီးရင်ဆေးသောက်ရမယ်...."

ဆေး ဆိုသောအသံကြားတာနဲ့ကောင်လေးရဲ့မျက်နှာလေးက
ရှုံ့မဲ့သွားလေသည် ။

"ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ.... "

"ဘုဏ်းမီးလျှံ.... "

"ဝိုး နာမည်ကအမိုက်စားပဲ ကျွန်တော်ကရှေးရိုးရာ...."

"အင်း သိတယ်...."

ဘုဏ်းမီးလျှံ ဆိုသောလူကြီးရဲ့စကားကြောင့် ရိုးရာ မျက်မှောင်
လေးကြုတ်လိုက်မိတော့သည် ။

"ခင်ဗျားကကျွန်တော့်ကိုသိတယ်ပေါ့...."

"သိတာပေါ့ ငါက မင်းခင်ပွန်းလောင်းရဲ့ညီဝမ်းကွဲလေ...."

"ဟမ် ဦးရဲ့ညီ ဟုတ်လား ဒါဆိုယောက်ဖကြီးပေါ့ ဟီး တွေ့ရတာ
ဝမ်းသာပါတယ် ယောက်ဖ...."

မီးလျှံ ကောင်လေးရဲ့အပြောကြောင့် နင်သွားရလေသည် ။

"ဒါနဲ့ ယောက်ဖကကျွန်တော့်ကိုကယ်လာတာဆိုတော့
ယောက်ဖရဲ့အစ်ကို ကျွန်တော့်ရဲ့ခင်ပွန်းလောင်းကြီးရော
ဘယ်မှာလဲ...."

"မရှိဘူး...."

အေးတိအေးစက်နိုင်လှသောယောက်ဖလောင်းဖြစ်သူကြောင့်
ရိုးရာ မဆိုသလောက်လေးနှုတ်ခမ်းဆူသွားရသည် ။

ဒီယောက်ဖကိုကြည့်ရတာ ရုပ်လေးချောသလောက်စိတ်ပုတ်
မယ့်ပုံကြီး....

စိတ်ထဲပွစိပွစိရေရွတ်နေရင်း ဆန်ပြုတ်ကိုခပ်စားလိုက်တော့
သည် ။အနံ့မွှေးမွှေးလေးနဲ့အရသာစိမ့်စိမ့်လေးကြောင့် သောက်
လို့တော့ကောင်းပါသည် ။သို့သော် ဘာအသားမှမပါ ။

"အသားလေးတောင်မထည့်ပေးဘူး ကပ်စေးနှဲကြီး...."

တိုးတိုးလေးပြောနေပေမဲ့ နားပါးလွန်းသည့်မီးလျှံကတော့
ကြားဖြစ်အောင်ကြားလိုက်သေးသည် ။လူမမာမို့ ဆန်ပြုတ်
ပြုတ်ကျွေးတာတောင် ဒင်းလေးကအသားမပါလို့ဆိုပြီး ငြိုငြင်
ချင်နေသေးသည် ။
နောက်ဆုံးမှာ ဆန်ပြုတ်တစ်ပန်းကန်လုံးကုန်ပြီး ဆေးသောက်
ရမှာကိုအင်တင်တင်လုပ်နေသေးလို့ မီးလျှံ မှာချော့တစ်ခါ
ခြောက်တစ်လှည့်နဲ့မနည်းတိုက်လိုက်ရသေးသည် ။

"အိုကေ ဆေးလည်းသောက်ပြီးပြီဆိုတော့ ကျွန်တော်
ပြန်တော့မယ်နော် ယောက်ဖ...."

"မရဘူး...."

"ဟမ်...."

"ငါ ပြောတာ မင်းကိုအိမ်ပြန်ခွင့်မပြုဘူးလို့...."

"ဘာ...."

To be continue
ရာလေး နဲ့ မီးလျှံ ဘာတွေဆက်ဖြစ်ကြမလဲ

Bạn đang đọc truyện trên: Truyen4U.Pro