အပိုင္း ၁၁ ( ပထမပိုင္း )
"ငါတို႔မနက္ျဖန္ ျမန္မာျပည္ျပန္လာမလို႔...."
"ဟာ တကယ္...."
တစ္ဖက္ဖုန္းထဲကစကားေၾကာင့္ ႐ိုးရာ ဝမ္းသာအားရထေအာ္
မိေတာ့သည္ ။တစ္ဖက္က ခိုက္ မွာလည္းသူ႔ရဲ႕အသံေၾကာင့္
တဟားဟားနဲ႔ေအာ္ရယ္ေလသည္ ။
"ဒါနဲ႔ ငါတို႔ ဆိုေတာ့ ဟိုေပါက္ေက်ာ္မပါ ပါလာမွာေပါ့...."
"ဘာေပါက္ေက်ာ္မလဲ ေကာင္စုတ္...."
အယ္....ေသစမ္း....
"ဟဲဟဲ သခင္မေလးေႁခြ...."
"ဟင္း နင္ေနာ္ ရာရာ ငါ့ကိုအတင္းတုပ္ရဲတယ္ေပါ့...."
ခ်စ္ခြန္းေႁခြ ရဲ႕စကားေၾကာင့္ ႐ိုးရာ မ်က္ႏွာေလးမဲ့လိုက္မိေတာ့
သည္ ။ဘာမွမေၾကာက္တတ္သည့္ ႐ိုးရာ ၏အေၾကာက္ဆံုးကို
ျပပါဆို ထိုေပါက္ေက်ာ္မကိုလက္ညိဳးထိုးျပရမည္ ။
ခ်စ္ခြန္းေႁခြ ဆိုတာ ခိုက္ရဲ႕ဝမ္းကြဲအစ္မျဖစ္သည္ ။။ခိုက္ လိုပဲ
ငယ္ငယ္ကတည္းကေပါင္းလာတဲ့သူမို႔လို႔ ေျပာမနာဆိုမနာ
အတြင္းသိအဆင္းသိေတြျဖစ္သည္ ။
ေႁခြ က Fujoshi တစ္ေယာက္ျဖစ္ၿပီး သူနဲ႔ခိုက္ ကိုအျမဲ
ေပးစားေနၾကျဖစ္သည္ ။ၿပီးေတာ့ေျပာလိုက္ေသးသည္ ဘာတဲ့
' နင့္ကိုက်ိန္းေသေပါက္ေယာက်ၤားေပးစားမယ္ ' တဲ့ေလ ။
အင္း....ေႁခြေရ....နင္ေျပာသလို နင့္သူငယ္ခ်င္းငါ တကယ္ႀကီး
ေယာက်ၤားရေနပါၿပီဟာ...
"ဟဲ့ ဘာလို႔ၿငိမ္ေနတာလဲ နင္ဘာေတြလုပ္ေနတာလဲ မွန္မွန္
ေျပာစမ္း ရာရာ...."
ဘယ္ေလာက္အေတြးလြန္သြားလဲမသိ၊ေပါက္ေက်ာ္မ၏အသံ
စူးစူးကိုၾကားေတာ့မွသတိျပန္ဝင္လာရေတာ့သည့္အျဖစ္ ။
"ဘာမွမလုပ္ပါဘူး မနက္ျဖန္နင္တို႔ဒီကိုလာေတာ့မွာဆိုေတာ့
စီစဥ္စရာ႐ွိတာစီစဥ္ထားမလို႔ စဥ္းစားေနတာပါ...."
"ၿပီးတာပဲ ဟိဟိ အသဲေလး မမကိုလြမ္းေနတယ္ဟုတ္...."
"က်စ္ အဲ့ရံုပတီးအသံနဲ႔မေျပာစမ္းပါနဲ႔ဟာ ေဝါ့..."
"သူေတာင္းစားေလး...."
"႐ိုင္းလိုက္တာေနာ္ ခိုက္ မင္းကိုယ့္ညီမကိုဆံုးမမလား ငါဆံုးမ
ရမလား ေျပာ...."
"ေသနာက်ေလး...."
"ဟား ဟား ဟား ေတာ္ၾကပါေတာ့ကြာ ငါဗိုက္ေတြေတာင္နာ
လာၿပီ ရယ္ရလြန္းလို႔ မင္းတို႔ႏွစ္ေယာက္လည္းေနာ္ ေတြ႔လိုက္
တာနဲ႔ ကိုက္ေနၾကတာပဲ...."
ရန္ျဖစ္ေနေသာႏွစ္ေယာက္အား မဆြဲပဲေဘးကေနထိုင္ၾကည့္
ကာရယ္ေနေသာ ခိုက္ ။ဒါေတာင္ ဖုန္းနဲ႔ေျပာေနတာပဲ႐ွိေသး
သည္ ။အျပင္မွာသာေတြ႔ရင္ေတာ့ ၾကားထဲက ခိုက္ ရယ္ရလြန္း
လို႔ေသသြားႏိုင္သည္ထင္ ။
"မင္းတို႔လာတာလည္းေကာင္းပါတယ္ ငါမင္းတို႔နဲ႔တိုင္ပင္စရာ
႐ွိတယ္..."
"ဘာလဲ အေရးႀကီးလို႔လား...."
"အင္း ဟိုတစ္ခါေျပာတဲ့ငါ့ညီကိစၥ...."
"ဟုတ္သား ရာရာ နင့္ညီကိစၥငါခိုက္ေျပာျပလို႔သိၿပီးၿပီ ငါတကယ္စိတ္မေကာင္းပါဘူးဟာ...."
"ရပါတယ္ အဆင္ေျပသြားမွာပါ ေႁခြ...."
ေႁခြရဲ႕အသံတြင္ သူ႔အတြက္စိတ္ပူသည့္အရိပ္အေယာင္မ်ား
ခံစားမိေတာ့ ႐ိုးရာ ရင္ထဲေႏြးေထြးသြားရသည္ ။
ဒီလိုပါပဲ ေ႐ွး႐ိုးရာ နဲ႔ ခ်စ္ခြန္းေႁခြ ဆိုတာ ။တစ္ေယာက္နဲ႔
တစ္ေယာက္ဘယ္ေလာက္ပဲဖဲ့ဖဲ့ ဘယ္ေတာ့မွမုန္းသြားမယ့္
သူေတြမဟုတ္ေပ ။
"ၿပီးေတာ့ ေႁခြ ငါနင္နဲ႔အေရးတႀကီးတိုင္ပင္စရာ႐ွိတယ္..."
"ဘာလဲ ဘာလဲ...."
"အခုေျပာလို႔မရဘူး ဒီေရာက္မွငါတို႔ႏွစ္ေယာက္တည္းေျပာရ
မွာ...."
"ဒါဆို ငါကေရာ..."
ခိုက္ရဲ႕မေက်မနပ္သံႀကီးေၾကာင့္ ႐ိုးရာ နဲ႔ ေႁခြ ျပံဳးလိုက္ၾကေတာ့
သည္ ။
"ဒါကေလးေတြနဲ႔မဆိုင္ဘူး...."
ေႁခြရဲ႕ခပ္ေလွာင္ေလွာင္စကားအဆံုး ခိုက္ရဲ႕မ်က္ႏွာႀကီးအီးမွန္
သလို႐ႈံ႕မဲ့သြားေလေတာ့သည္ ။
႐ိုးရာတို႔သံုးေယာက္တြင္ ခိုက္ ကအငယ္ဆံုးျဖစ္ၿပီး ေႁခြက
အႀကီးဆံုးျဖစ္သည္ ။အသက္အရမ္းကြာတာမဟုတ္ပဲ ၁လစီ
သာကြာတာျဖစ္သည္ ။သို႔ေသာ္ ဒါကိုပဲ မိေႁခြက ဂုဏ္ယူဝင့္
ႂကြားစြာ သူမကိုသူမတစ္ခါတစ္ရံတစ္မတည္းမေနေတာ့သည္ ။
ေနာက္ဆံုးေတာ့ ရန္ပြဲလည္းအဆံုးသတ္ကာ ဖုန္းကိုခ်လိုက္
ေတာ့သည္ ။ဘာပဲျဖစ္ျဖစ္ ခိုက္ နဲ႔ ေႁခြ လာမည္ဆိုေတာ့
႐ိုးရာ အတြက္အား႐ွိသလိုခံစားရသည္ ။
မၾကာခင္ တကယ့္တိုက္ပြဲစေတာ့မည္ ။ဦးသခင္ နဲ႔ေစ့စပ္ပြဲ
ကလည္းၿပီးသြားၿပီဆိုေတာ့ ယခုေဖေဖကုမၸဏီမွာ CEO
ေနရာဆက္ခံဖို႔သာက်န္ေတာ့သည္ ။
ေဒၚႏြယ္ဒါလီဘက္ကလည္း ၿငိမ္ေနမွာမဟုတ္တာအေသအခ်ာ
ပင္ ။တစ္ခုခုကိုႀကိတ္ၾကံစည္ေနမွာက်ိန္းေသတာေၾကာင့္
႐ိုးရာဘက္ကလည္း ေသခ်ာေအာင္ျပင္ဆင္ထားဖို႔လိုသည္ ။
အခုတေလာ ရပ္ဝန္းခ ကိုမေတြ႔သလိုပင္ ။ဘယ္ေနရာသြားၿပီး
ဘာေတြၾကံစည္ေနမွန္းမသိတာေၾကာင့္ သတိထားရမည္ျဖစ္
သည္ ။
ဟင္း......ဘဝႀကီးက လြယ္ကူမေနပါလားေနာ္....
အေတြးေပါင္းစံုေတြးရင္း ဗိုက္ထဲအသံျမည္လာတာေၾကာင့္
အခန္းထဲမွထြက္ကာေအာက္ထပ္သို႔ဆင္းလာခဲ့ေတာ့သည္ ။
တစ္အိမ္လံုးလည္းလူေတြကို႐ွင္းလို႔ ။တစ္ခါတစ္ရံအိမ္အႀကီး
ႀကီးထဲတြင္ တစ္ေယာက္တည္းေနရတာ ႐ိုးရာ ေၾကာက္စိတ္ဝင္
မိသည္ ။လူကိုေၾကာက္တာေတာ့မဟုတ္ ၊႐ိုးရာ ေၾကာက္တာ
သရဲျဖစ္သည္ ။
ဘုရား တရားမလို႔ ဒီအိမ္ႀကီးထဲမွာသရဲေတာ့မ႐ွိပါဘူးေနာ္....
မဆီမဆိုင္ ေတြးလိုက္ရင္း ႐ိုးရာ ရဲ႕ကိုယ္ေလးတစ္ခ်က္တုန္ခနဲ
ျဖစ္သြားရသည္ ။ၿပီးေတာ့မွ ကိုယ့္အျဖစ္ကိုယ္ေတြးမိကာ
ဟက္ခနဲရယ္လိုက္ရင္း မီးဖိုေခ်ာင္ဘက္သို႔ဦးတည္လိုက္ေတာ့
သည္ ။
"ေခါက္ဆြဲျပဳတ္စားမယ္...."
ပါးစပ္ကပြစိပြစိရြတ္ေနရင္း ေခါက္ဆြဲျပဳတ္ဖို႔ ေရေႏြးအိုးကိုအရင္
တည္ထားလိုက္ေတာ့သည္ ။ေခါက္ဆြဲျပဳတ္မက်က္ခင္စပ္ၾကား
ဗိုက္အဆာခံေအာင္ ေရခဲေသတၱာထဲကပန္းသီးတစ္လံုးယူကာ
တဂြၽတ္ဂြၽတ္နဲ႔ကိုက္စားေနလိုက္ေတာ့သည္ ။
"အေကာင္ေပါက္က ဒီေရာက္ေနတာကိုး...."
ခပ္ျသျသအသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ မီးဖိုေခ်ာင္တံခါး
ဝတြင္ ယိုင္ထိုးယိုင္ထိုးနဲ႔ရပ္ေနေသာ ရပ္ဝန္းခ ကိုေတြ႔ရေလ
သည္ ။ၾကည့္ရတာ အရက္ေတြအမ်ားႀကီးေသာက္လာသည္
ထင္ပါရဲ႕ ။
"ခင္ဗ်ား မူးေနတာလား...."
အမူးလြန္ေနေသာလူတစ္ေယာက္နဲ႔ စကားမေျပာခ်င္တာ
ေၾကာင့္ ႐ိုးရာ စိတ္ညစ္သြားရသည္ ။ထို႔ေၾကာင့္ ေရေႏြးအိုး
တည္ထားတာကို ပိတ္လိုက္ၿပီး မီးဖိုေခ်ာင္ထဲမွထြက္ရန္ျပင္
လိုက္ေတာ့သည္ ။သို႔ေသာ္ တံခါးဝနားအေရာက္ လက္ကို
အတင္းဆြဲကာ ဖက္လိုက္တာေၾကာင့္ ႐ိုးရာ ေၾကာင္အသြားရ
ေလေတာ့သည္ ။
"အား ခင္ဗ်ား ဘာလုပ္တာလဲ ကြၽန္ေတာ့္ကိုလႊတ္စမ္း...."
"ခဏေလးပါ ခဏေလးပဲ ဒီအတိုင္းေနေပးပါ အေကာင္ေပါက္
ရာ..."
ေလသံကအရမ္းဝမ္းနည္းေနတဲ့ဟန္ေပါက္တာေၾကာင့္ ႐ိုးရာ
ဆက္မ႐ုန္းေတာ့ပဲအသာၿငိမ္ေနလိုက္သည္ ။
ရပ္ဝန္းခ ရင္ခြင္ထဲတြင္ၿငိမ္ေနေသာ အေကာင္ေပါက္အား
ပိုမိုတင္းၾကပ္စြာဖက္လိုက္ရင္း ဆံႏြယ္တို႔အားခပ္ဖြဖြနမ္းလိုက္
မိေတာ့သည္ ။
"ခ်စ္တယ္ အေကာင္ေပါက္...."
ရပ္ဝန္းခ ၏႐ုတ္တရက္ဆန္ေသာအေျပာေၾကာင့္ ႐ိုးရာ မ်က္လံုးျပဴးသြားရေလသည္ ။
ဘယ္လို....ရပ္ဝန္းခ ကငါ့ကိုခ်စ္တယ္....
"အရမ္းခ်စ္တယ္ ကိုယ္မင္းကိုအဆံုး႐ႈံးမခံႏိုင္ဘူး ဘယ္လိုလုပ္
ရမလဲဟင္...."
တကယ္ကို ႐ိုး႐ာ ကိုယ့္နားကိုယ္မယံုႏိုင္ျဖစ္မိသည္ ။႐ိုးဂုဏ္
အေပၚအျမဲတမ္းအႏိုင္က်င့္ႏွိပ္စက္ေနေသာ ရပ္ဝန္းခ က
အခုေတာ့သိပ္ခ်စ္သည္သတဲ့လား ။
႐ိုးရာ ဆက္ၿပီးနားေထာင္ခ်င္စိတ္မ႐ွိေတာ့တာေၾကာင့္
ရပ္ဝန္းခ၏ရင္ခြင္ထဲမွ႐ုန္းထြက္ဖို႔ႀကိဳးစားေတာ့သည္ ။
"ကြၽန္ေတာ့္ကို လႊတ္ေပးေတာ့ ကိုရပ္ဝန္းခ...."
"ဟင့္အင္း...".
ေသေတာ့မွာပဲ ဒီလူကေတာ့....
"လႊတ္လို႔ေျပာေနတယ္ေနာ္ ခင္ဗ်ား...."
သည္းညည္းမခံႏိုင္ေတာ့သည့္အဆံုး ႐ိုးရာ တစ္ေယာက္
အားအကုန္သံုးကာ႐ုန္းထြက္ၿပီး ထိုငမူးအားကိုင္ေပါက္မည္ဟု
ေတြးလိုက္စဥ္
"အဲ့ဒါဘာလုပ္ေနၾကတာလဲ......."
To be continue
အဟမ္း ဘယ္သူမ်ားပါလိမ့္
ကိုယ္ျပန္လာပါၿပီေနာ္ 😁
Unicode
အပိုင်း ၁၁ ( ပထမပိုင်း )
"ငါတို့မနက်ဖြန် မြန်မာပြည်ပြန်လာမလို့...."
"ဟာ တကယ်...."
တစ်ဖက်ဖုန်းထဲကစကားကြောင့် ရိုးရာ ဝမ်းသာအားရထအော်
မိတော့သည် ။တစ်ဖက်က ခိုက် မှာလည်းသူ့ရဲ့အသံကြောင့်
တဟားဟားနဲ့အော်ရယ်လေသည် ။
"ဒါနဲ့ ငါတို့ ဆိုတော့ ဟိုပေါက်ကျော်မပါ ပါလာမှာပေါ့...."
"ဘာပေါက်ကျော်မလဲ ကောင်စုတ်...."
အယ်....သေစမ်း....
"ဟဲဟဲ သခင်မလေးခြွေ...."
"ဟင်း နင်နော် ရာရာ ငါ့ကိုအတင်းတုပ်ရဲတယ်ပေါ့...."
ချစ်ခွန်းခြွေ ရဲ့စကားကြောင့် ရိုးရာ မျက်နှာလေးမဲ့လိုက်မိတော့
သည် ။ဘာမှမကြောက်တတ်သည့် ရိုးရာ ၏အကြောက်ဆုံးကို
ပြပါဆို ထိုပေါက်ကျော်မကိုလက်ညိုးထိုးပြရမည် ။
ချစ်ခွန်းခြွေ ဆိုတာ ခိုက်ရဲ့ဝမ်းကွဲအစ်မဖြစ်သည် ။။ခိုက် လိုပဲ
ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူမို့လို့ ပြောမနာဆိုမနာ
အတွင်းသိအဆင်းသိတွေဖြစ်သည် ။
ခြွေ က Fujoshi တစ်ယောက်ဖြစ်ပြီး သူနဲ့ခိုက် ကိုအမြဲ
ပေးစားနေကြဖြစ်သည် ။ပြီးတော့ပြောလိုက်သေးသည် ဘာတဲ့
' နင့်ကိုကျိန်းသေပေါက်ယောကျၤားပေးစားမယ် ' တဲ့လေ ။
အင်း....ခြွေရေ....နင်ပြောသလို နင့်သူငယ်ချင်းငါ တကယ်ကြီး
ယောကျၤားရနေပါပြီဟာ...
"ဟဲ့ ဘာလို့ငြိမ်နေတာလဲ နင်ဘာတွေလုပ်နေတာလဲ မှန်မှန်
ပြောစမ်း ရာရာ...."
ဘယ်လောက်အတွေးလွန်သွားလဲမသိ၊ပေါက်ကျော်မ၏အသံ
စူးစူးကိုကြားတော့မှသတိပြန်ဝင်လာရတော့သည့်အဖြစ် ။
"ဘာမှမလုပ်ပါဘူး မနက်ဖြန်နင်တို့ဒီကိုလာတော့မှာဆိုတော့
စီစဉ်စရာရှိတာစီစဉ်ထားမလို့ စဉ်းစားနေတာပါ...."
"ပြီးတာပဲ ဟိဟိ အသဲလေး မမကိုလွမ်းနေတယ်ဟုတ်...."
"ကျစ် အဲ့ရုံပတီးအသံနဲ့မပြောစမ်းပါနဲ့ဟာ ဝေါ့..."
"သူတောင်းစားလေး...."
"ရိုင်းလိုက်တာနော် ခိုက် မင်းကိုယ့်ညီမကိုဆုံးမမလား ငါဆုံးမ
ရမလား ပြော...."
"သေနာကျလေး...."
"ဟား ဟား ဟား တော်ကြပါတော့ကွာ ငါဗိုက်တွေတောင်နာ
လာပြီ ရယ်ရလွန်းလို့ မင်းတို့နှစ်ယောက်လည်းနော် တွေ့လိုက်
တာနဲ့ ကိုက်နေကြတာပဲ...."
ရန်ဖြစ်နေသောနှစ်ယောက်အား မဆွဲပဲဘေးကနေထိုင်ကြည့်
ကာရယ်နေသော ခိုက် ။ဒါတောင် ဖုန်းနဲ့ပြောနေတာပဲရှိသေး
သည် ။အပြင်မှာသာတွေ့ရင်တော့ ကြားထဲက ခိုက် ရယ်ရလွန်း
လို့သေသွားနိုင်သည်ထင် ။
"မင်းတို့လာတာလည်းကောင်းပါတယ် ငါမင်းတို့နဲ့တိုင်ပင်စရာ
ရှိတယ်..."
"ဘာလဲ အရေးကြီးလို့လား...."
"အင်း ဟိုတစ်ခါပြောတဲ့ငါ့ညီကိစ္စ...."
"ဟုတ်သား ရာရာ နင့်ညီကိစ္စငါခိုက်ပြောပြလို့သိပြီးပြီ ငါတကယ်စိတ်မကောင်းပါဘူးဟာ...."
"ရပါတယ် အဆင်ပြေသွားမှာပါ ခြွေ...."
ခြွေရဲ့အသံတွင် သူ့အတွက်စိတ်ပူသည့်အရိပ်အယောင်များ
ခံစားမိတော့ ရိုးရာ ရင်ထဲနွေးထွေးသွားရသည် ။
ဒီလိုပါပဲ ရှေးရိုးရာ နဲ့ ချစ်ခွန်းခြွေ ဆိုတာ ။တစ်ယောက်နဲ့
တစ်ယောက်ဘယ်လောက်ပဲဖဲ့ဖဲ့ ဘယ်တော့မှမုန်းသွားမယ့်
သူတွေမဟုတ်ပေ ။
"ပြီးတော့ ခြွေ ငါနင်နဲ့အရေးတကြီးတိုင်ပင်စရာရှိတယ်..."
"ဘာလဲ ဘာလဲ...."
"အခုပြောလို့မရဘူး ဒီရောက်မှငါတို့နှစ်ယောက်တည်းပြောရ
မှာ...."
"ဒါဆို ငါကရော..."
ခိုက်ရဲ့မကျေမနပ်သံကြီးကြောင့် ရိုးရာ နဲ့ ခြွေ ပြုံးလိုက်ကြတော့
သည် ။
"ဒါကလေးတွေနဲ့မဆိုင်ဘူး...."
ခြွေရဲ့ခပ်လှောင်လှောင်စကားအဆုံး ခိုက်ရဲ့မျက်နှာကြီးအီးမှန်
သလိုရှုံ့မဲ့သွားလေတော့သည် ။
ရိုးရာတို့သုံးယောက်တွင် ခိုက် ကအငယ်ဆုံးဖြစ်ပြီး ခြွေက
အကြီးဆုံးဖြစ်သည် ။အသက်အရမ်းကွာတာမဟုတ်ပဲ ၁လစီ
သာကွာတာဖြစ်သည် ။သို့သော် ဒါကိုပဲ မိခြွေက ဂုဏ်ယူဝင့်
ကြွားစွာ သူမကိုသူမတစ်ခါတစ်ရံတစ်မတည်းမနေတော့သည် ။
နောက်ဆုံးတော့ ရန်ပွဲလည်းအဆုံးသတ်ကာ ဖုန်းကိုချလိုက်
တော့သည် ။ဘာပဲဖြစ်ဖြစ် ခိုက် နဲ့ ခြွေ လာမည်ဆိုတော့
ရိုးရာ အတွက်အားရှိသလိုခံစားရသည် ။
မကြာခင် တကယ့်တိုက်ပွဲစတော့မည် ။ဦးသခင် နဲ့စေ့စပ်ပွဲ
ကလည်းပြီးသွားပြီဆိုတော့ ယခုဖေဖေကုမ္ပဏီမှာ CEO
နေရာဆက်ခံဖို့သာကျန်တော့သည် ။
ဒေါ်နွယ်ဒါလီဘက်ကလည်း ငြိမ်နေမှာမဟုတ်တာအသေအချာ
ပင် ။တစ်ခုခုကိုကြိတ်ကြံစည်နေမှာကျိန်းသေတာကြောင့်
ရိုးရာဘက်ကလည်း သေချာအောင်ပြင်ဆင်ထားဖို့လိုသည် ။
အခုတလော ရပ်ဝန်းခ ကိုမတွေ့သလိုပင် ။ဘယ်နေရာသွားပြီး
ဘာတွေကြံစည်နေမှန်းမသိတာကြောင့် သတိထားရမည်ဖြစ်
သည် ။
ဟင်း......ဘဝကြီးက လွယ်ကူမနေပါလားနော်....
အတွေးပေါင်းစုံတွေးရင်း ဗိုက်ထဲအသံမြည်လာတာကြောင့်
အခန်းထဲမှထွက်ကာအောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။
တစ်အိမ်လုံးလည်းလူတွေကိုရှင်းလို့ ။တစ်ခါတစ်ရံအိမ်အကြီး
ကြီးထဲတွင် တစ်ယောက်တည်းနေရတာ ရိုးရာ ကြောက်စိတ်ဝင်
မိသည် ။လူကိုကြောက်တာတော့မဟုတ် ၊ရိုးရာ ကြောက်တာ
သရဲဖြစ်သည် ။
ဘုရား တရားမလို့ ဒီအိမ်ကြီးထဲမှာသရဲတော့မရှိပါဘူးနော်....
မဆီမဆိုင် တွေးလိုက်ရင်း ရိုးရာ ရဲ့ကိုယ်လေးတစ်ချက်တုန်ခနဲ
ဖြစ်သွားရသည် ။ပြီးတော့မှ ကိုယ့်အဖြစ်ကိုယ်တွေးမိကာ
ဟက်ခနဲရယ်လိုက်ရင်း မီးဖိုချောင်ဘက်သို့ဦးတည်လိုက်တော့
သည် ။
"ခေါက်ဆွဲပြုတ်စားမယ်...."
ပါးစပ်ကပွစိပွစိရွတ်နေရင်း ခေါက်ဆွဲပြုတ်ဖို့ ရေနွေးအိုးကိုအရင်
တည်ထားလိုက်တော့သည် ။ခေါက်ဆွဲပြုတ်မကျက်ခင်စပ်ကြား
ဗိုက်အဆာခံအောင် ရေခဲသေတ္တာထဲကပန်းသီးတစ်လုံးယူကာ
တဂျွတ်ဂျွတ်နဲ့ကိုက်စားနေလိုက်တော့သည် ။
"အကောင်ပေါက်က ဒီရောက်နေတာကိုး...."
ခပ်သြသြအသံကြောင့် လှည့်ကြည့်လိုက်တော့ မီးဖိုချောင်တံခါး
ဝတွင် ယိုင်ထိုးယိုင်ထိုးနဲ့ရပ်နေသော ရပ်ဝန်းခ ကိုတွေ့ရလေ
သည် ။ကြည့်ရတာ အရက်တွေအများကြီးသောက်လာသည်
ထင်ပါရဲ့ ။
"ခင်ဗျား မူးနေတာလား...."
အမူးလွန်နေသောလူတစ်ယောက်နဲ့ စကားမပြောချင်တာ
ကြောင့် ရိုးရာ စိတ်ညစ်သွားရသည် ။ထို့ကြောင့် ရေနွေးအိုး
တည်ထားတာကို ပိတ်လိုက်ပြီး မီးဖိုချောင်ထဲမှထွက်ရန်ပြင်
လိုက်တော့သည် ။သို့သော် တံခါးဝနားအရောက် လက်ကို
အတင်းဆွဲကာ ဖက်လိုက်တာကြောင့် ရိုးရာ ကြောင်အသွားရ
လေတော့သည် ။
"အား ခင်ဗျား ဘာလုပ်တာလဲ ကျွန်တော့်ကိုလွှတ်စမ်း...."
"ခဏလေးပါ ခဏလေးပဲ ဒီအတိုင်းနေပေးပါ အကောင်ပေါက်
ရာ..."
လေသံကအရမ်းဝမ်းနည်းနေတဲ့ဟန်ပေါက်တာကြောင့် ရိုးရာ
ဆက်မရုန်းတော့ပဲအသာငြိမ်နေလိုက်သည် ။
ရပ်ဝန်းခ ရင်ခွင်ထဲတွင်ငြိမ်နေသော အကောင်ပေါက်အား
ပိုမိုတင်းကြပ်စွာဖက်လိုက်ရင်း ဆံနွယ်တို့အားခပ်ဖွဖွနမ်းလိုက်
မိတော့သည် ။
"ချစ်တယ် အကောင်ပေါက်...."
ရပ်ဝန်းခ ၏ရုတ်တရက်ဆန်သောအပြောကြောင့် ရိုးရာ မျက်လုံးပြူးသွားရလေသည် ။
ဘယ်လို....ရပ်ဝန်းခ ကငါ့ကိုချစ်တယ်....
"အရမ်းချစ်တယ် ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ဘယ်လိုလုပ်
ရမလဲဟင်...."
တကယ်ကို ရိုးရာ ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်မိသည် ။ရိုးဂုဏ်
အပေါ်အမြဲတမ်းအနိုင်ကျင့်နှိပ်စက်နေသော ရပ်ဝန်းခ က
အခုတော့သိပ်ချစ်သည်သတဲ့လား ။
ရိုးရာ ဆက်ပြီးနားထောင်ချင်စိတ်မရှိတော့တာကြောင့်
ရပ်ဝန်းခ၏ရင်ခွင်ထဲမှရုန်းထွက်ဖို့ကြိုးစားတော့သည် ။
"ကျွန်တော့်ကို လွှတ်ပေးတော့ ကိုရပ်ဝန်းခ...."
"ဟင့်အင်း...".
သေတော့မှာပဲ ဒီလူကတော့....
"လွှတ်လို့ပြောနေတယ်နော် ခင်ဗျား...."
သည်းညည်းမခံနိုင်တော့သည့်အဆုံး ရိုးရာ တစ်ယောက်
အားအကုန်သုံးကာရုန်းထွက်ပြီး ထိုငမူးအားကိုင်ပေါက်မည်ဟု
တွေးလိုက်စဉ်
"အဲ့ဒါဘာလုပ်နေကြတာလဲ......."
To be continue
အဟမ်း ဘယ်သူများပါလိမ့်
ကိုယ်ပြန်လာပါပြီနော် 😁
Bạn đang đọc truyện trên: Truyen4U.Pro