Arc-1 (Jun Ren)

Màu nền
Font chữ
Font size
Chiều cao dòng

CHAPTER :1.9
Unicode

သူတို့စားသောက်ဆိုင်ရဲ့သီးသန့်အခန်းထဲကိုရောက်တဲ့အချိန်‌မှာတော့ အဲ့မှာဒါရိုက်တာကရောက်နှင့်နေပြီဖြစ်သည်။ ဒိုင်လူကြီးတွေနဲ့ ရှိုးပွဲရဲ့အခန်းအသစ်အတွက် ဆုံးဖြတ်ပေးရန်အတွက်အရေးကြီးတဲ့ဝန်ထမ်းတွေကလည်းရှိလို့နေသည်။ သူတို့ကနောက်လည်းမကျသလို စောလည်းမစောနေချေ။ Jun Ren လွတ်နေတဲ့နေရာမှာထိုင်လိုက်ပြီးစားပွဲထိုးကို အခြားထိုင်ခုံတစ်လုံးယူလာခိုင်းလိုက်သည်။ သူတို့ရဲ့အနောက်မှာတော့hostကို ဂရုစိုက်ပေးခဲ့တဲ့မိန်းကလေးကရပ်နေလေသည်။ ထိုင်ခုံကအလွန်ကောင်းမွန်စွာပြုလုပ်ထားပြီး သူ့ရဲ့ကြော့ရှင့်တဲ့အသွင်အပြင်ကို ပြထားလေသည်။ ထိုမိန်းကလေးကသူမရဲ့အနီရောင်ကတ္တီပါ ခေါင်းအုံးလေးကိုတင်လိုက်ပြီးသည်နှင့် Jun Renကhostကို ညင်ညင်သာသာလေးနဲ့တင်လိုက်သည်။ သူမက သူမရဲ့ခေါင်းကို ခေါင်းအုံးအပေါ်မှာမှီလိုက်ပြီး သူတို့ရဲ့အစားအစာကိုစောင့်နေစဉ် ဆွေးနွေးနေကြတာကို ပျင်းရိစွာနဲ့စောင့်ကြည့်နေလိုက်သည်။ ဒါပေါ့... သူတို့အားလုံးဇာတ်လိုက်ကကြောင်လေးကိုချီထားလိုက်တာနဲ့ပတ်သတ်ပြီး မဝေဖန်ရဲချေ။ သူတို့ ကြောင်လေးကဇာတ်လိုက်အတွက် အရမ်းအရေးပါတာကို သိပြီးသားပါ။ ဒါကြောင့်သူတို့ထိုကြောင်လေးကို ဂရုစိုက်ပြီးရင်းဂရုစိုက်ရမယ်။ ဒါမှမဟုတ်ရင် ဘယ်သူသိနိုင်မလဲ သူတို့ရဲ့အလောင်းကိုဘယ်နားသွားကောက်ရမလဲဆိုတာ?!

အစားအစာတွေရောက်လာတဲ့အခါမှာတော့ သူတို့စကားပြောတာကိုရပ်လိုက်ပြီး စတင်စားသောက်ကြသည်။ မိန်းမပျိုလေးကတော့ တခြားသူတွေကိုယ့်အစားအစာကိုစားနေတဲ့အချိန်မှာ သူမကကြောင်လေးကို အစာကျွေး‌တဲ့အပေါ်တာဝန်ကျလေသည်။

ဟင့်အင်း။ နတ်ဘုရားကအသားအပိုင်းအစလေးတွေကို ကြောင်လေးရဲ့ပန်းကန်ထဲထည့်ပေးလိုက်တာကို သူတို့တစ်‌ေယာက်မှ မမြင်ကြဘူး။

ဟင့်အင်း။ ကြောင်လေးကပျော်ရွှင်နေတဲ့အသံလေးပြုလုပ်လိုက်တဲ့အချိန်မှာ ဇာတ်လိုက်ကထိုမိန်းမငယ်လေးအပေါ်ကို သေစေနိုင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတာကို သူတို့မမြင်ကြဘူး။

ပြီးတော့...ဟင့်အင်း! နတ်ဘုရားကသူပွေ့ဖက်ထားတဲ့သူ့ရဲ့ကြောင်ငပျင်းလေးကို တမ်းတမ်းတတနဲ့ကြည့်နေတာကို သူတို့တစ်ယောက်မှ မမြင်ကြဘူး။

သူတို့ရဲ့ဆွေးနွေးပွဲမှာတော့ ပြိုင်ပွဲဝင်တွေအတွက်နောက်ထပ်စိန်ခေါ်မှု၊ သူတို့ရဲ့အတိတ်မှာပါဝင်တဲ့ အကြောင်းအရာတွေနဲ့ နောက်ထပ်လာမယ့်အစီအစဉ်အတွက် ခေါင်းစဉ်အကြောင်းကိုပြောနေကြသည်။ နတ်ဘုရားကတော့သူတို့ရဲ့တင်ပြချက်ကို ခေါင်းခါ၊ခေါင်းငြိမ့်သာလုပ်လေသည်။ သူစိတ်ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေအသံတစ်ချက်တောင်မထွက်ခဲ့ပေ။ သူတို့အားလုံးကခေါင်းကုတ်ပြီး ခေါင်းငြိမ့်လိုက်ရုံသာတတ်နိုင်တော့သည်။ ပြီးတာနဲ့သူတို့အားလုံးထွက်သွားလိုက်တော့သည်။

သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ တော်တော်ကိုတိတ်ဆိတ်နေပေမယ့် အရမ်းကိုသဟဇာတဖြစ်နေသည်။ ဇာတ်လိုက်ကhostကို အိပ်ယာပေါ်တင်လိုက်ပေမယ့် သူမကတစ်စက်ကလေးမှ နိုးမလာခဲ့ချေ။ ဇာတ်လိုက်ကသူ့ရဲ့ဝတ်စုံကိုချွတ်လိုက်ပြီး သူ့ရဲ့အလုပ်အချို့ကိုအပြီးသတ်ရန် သွားလုပ်လိုက်သည်။

သူပြန်လာတဲ့အချိန်မှာတော့ ညသန်းခေါင်ကိုတောင်ကျော်သွားခဲ့ပြီဖြစ်သည်။ သူတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ တံခါးအစွန်းမှာရှိတဲ့hostကို ထိမိလုနီးပါးဖြစ်သွားသည်။ အချိန်ကအရမ်းကိုနောက်ကျနေပြီဖြစ်တာကြောင့် သူမကလည်းအိပ်နေပြီမို့ ဘယ်သူမှသိလိုက်မည်မဟုတ်ပေ။ သူမကတံခါးနားရှိကြမ်းခင်းပေါ်တွင် အိပ်ပျော်နေတာကိုကြည့်ရတာက...သူမကသူ့ကိုလိုက်ရှာနေခဲ့တာများလား?

ထိုအတွေးကဇာတ်လိုက်ရဲ့နှလုံးသားလေးကို နွေးထွေးသွားစေခဲ့သည်။ သူတံခါးကိုညင်သာစွာပိတ်လိုက်ပြီး သူမကိုနူးနူးညံ့ညံ့နဲ့ကောက်ပွေ့လိုက်သည်။ ကြမ်းပြင်ပေါ်မှာအိပ်ပျော်နေတဲ့hostလေးကတော့ အနည်းငယ်တွန့်သွားပေမယ့် အိပ်ရာပေါ်ကိုရောက်သွားတဲ့အခါမှာတော့ အသံလေးထွက်ကာပြန်အိပ်ပျော်သွားသည်။ systemကတော့ ဘားတန်းကရာခိုင်နှုန်းအပြောင်းအလဲကိုသတိပြုမိလိုက်ပြီး hostကို ပထမကမ္ဘာမှာပင်သူမရဲ့တာဝန်ကို ကောင်းကောင်းလုပ်ဆောင်နိုင်တာကြောင့် ပျော်ရွှင်နေရသည်။

မနက်ရောက်တဲ့အခါမှာတော့ဇာတ်လိုက်က ကုမ္ပဏီသို့အလုပ်သွားရန်နောက်ကျလို့နေသည်။ ကံကောင်းတာကတော့တိုက်ရိုက်ထုတ်လွှင့်မှုရှိုးပွဲက တနင်္လာနေ့နဲ့သောကြာနေ့သာဖြစ်‌သာကြောင့်ပင်။ hostကတော့လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပင်နိုးနေခဲ့တာဖြစ်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ဇာတ်လိုက်ကို သူမကတိတ်တဆိတ်နဲ့ စောင့်ကြည့်နေလိုက်သည်။ သူက တော်တော်ကြည့်ကောင်းတဲ့ယောက်ျား ဆိုတာကိုသူမဝန်ခံရမည်။ ဒါပေမယ့်ဒီဘဝမှာတော့သူမက လူသားတစ်ယောက်နဲ့ချစ်မိသွားဖို့အခွင့်အရေးက မဖြစ်နိုင်တော့ပေ။ သူမရဲ့ဝိညာဉ်ကလူသားတစ်ယောက်ဖြစ်သော်လည်း သူမရဲ့ခန္ဓာကိုယ်ကတော့ကြောင်လေးတစ်ကောင်သာဖြစ်သည်။ သူမချစ်မိသွားတဲ့အခါမှာတောင်ဘာမှကောင်းတာဖြစ်လာမှာ မဟုတ်ချေ။ သူမက လေးလံစွာသက်ပျင်းချလိုက်ပြီး သူမရဲ့အချစ်ကံဆိုးမှုအတွက်စတင်ဝမ်းနည်းတော့သည်။ တကယ်လို့သူမက အိမ်မွေးတိရစ္ဆာန်အဖြစ်သာကူးပြောင်းနေရအုံးမယ်ဆိုရင် သူမကအချစ်တော်လေးအနေနဲ့သာဆက်ဆံခံရမည်ဖြစ်ပြီး ရိုမန့်တစ်ဆန်တဲ့အချစ်မျိုးက ဘယ်တော့မှဖြစ်လာမည်မဟုတ်ပေ။

ဇာတ်လိုက်နိုးလာသည်နှင့်ပထမဦးဆုံးမြင်လိုက်ရတာက သူမရဲ့ချစ်စရာမျက်နှာလေးကအဖော်မဲ့နေတဲ့အမူအရာလေးကိုဖြစ်သည်။ သူမရဲ့နက်ရှိုင်းတဲ့ပင်လယ်ပြာရောင်မျက်လုံးက အရမ်းကိုအထီးကျန်ဆန်နေပြီးသူမရဲ့ခေါင်းလေးကို သူမရဲ့လက်ချောင်းလေးတွေထဲကိုထည့်ထားလို့နေသည်။ သူအရမ်းကိုစိတ်ဓာတ်ကျဆင်းသွားရသည်။ သူ့ရဲ့စိတ်ထဲမှာတွေးလိုက်မိတာက သူမဒီလိုမျိုးခံစားရအောင်ဘယ်အရာကလုပ်လိုက်သလဲဆိုတာကိုပင်။ သူကသူမရဲ့နှာခေါင်းလေးကိုဖြည်းဖြည်းချင်းတို့လိုက်ရန်ဆုံးဖြတ်လိုက်သည်။ သူမရဲ့နှာခေါင်းကတွန့်သွားပြီးမျက်လုံးပွင့်လာကာ သူ့ကိုစိတ်ရှုပ်တဲ့အကြည့်နဲ့ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့လက်ညှိုးကိုသူမရဲ့ ခေါင်းလေးဆီသွားကာနူးနူးညံ့ညံ့လေးပွတ်သပ်ပေးလိုက်သည်။ အဲ့လိုလုပ်လိုက်တာက အလုပ်ဖြစ်ပုံရသည်။ သူမကသူမရဲ့မေးစေ့အောက်ကိုပွတ်ပေးရန် သူမရဲ့မေးစေ့လေးကိုသူ့အားထိုးပေးလို့နေသည်။

25.1.2020
Mon

Zawgyi

သူတို႔စားေသာက္ဆိုင္ရဲ႕သီးသန႔္အခန္းထဲကိုေရာက္တဲ့အခ်ိန္‌မွာေတာ့ အဲ့မွာဒါ႐ိုက္တာကေရာက္ႏွင့္ေနၿပီျဖစ္သည္။ ဒိုင္လူႀကီးေတြနဲ႔ ရႈိးပြဲရဲ႕အခန္းအသစ္အတြက္ ဆုံးျဖတ္ေပးရန္အတြက္အေရးႀကီးတဲ့ဝန္ထမ္းေတြကလည္းရွိလို႔ေနသည္။ သူတို႔ကေနာက္လည္းမက်သလို ေစာလည္းမေစာေနေခ်။ Jun Ren လြတ္ေနတဲ့ေနရာမွာထိုင္လိုက္ၿပီးစားပြဲထိုးကို အျခားထိုင္ခုံတစ္လုံးယူလာခိုင္းလိုက္သည္။ သူတို႔ရဲ႕အေနာက္မွာေတာ့hostကို ဂ႐ုစိုက္ေပးခဲ့တဲ့မိန္းကေလးကရပ္ေနေလသည္။ ထိုင္ခုံကအလြန္ေကာင္းမြန္စြာျပဳလုပ္ထားၿပီး သူ႔ရဲ႕ေၾကာ့ရွင့္တဲ့အသြင္အျပင္ကို ျပထားေလသည္။ ထိုမိန္းကေလးကသူမရဲ႕အနီေရာင္ကတၱီပါ ေခါင္းအုံးေလးကိုတင္လိုက္ၿပီးသည္ႏွင့္ Jun Renကhostကို ညင္ညင္သာသာေလးနဲ႔တင္လိုက္သည္။ သူမက သူမရဲ႕ေခါင္းကို ေခါင္းအုံးအေပၚမွာမွီလိုက္ၿပီး သူတို႔ရဲ႕အစားအစာကိုေစာင့္ေနစဥ္ ေဆြးေႏြးေနၾကတာကို ပ်င္းရိစြာနဲ႔ေစာင့္ၾကည့္ေနလိုက္သည္။ ဒါေပါ့... သူတို႔အားလုံးဇာတ္လိုက္ကေၾကာင္ေလးကိုခ်ီထားလိုက္တာနဲ႔ပတ္သတ္ၿပီး မေဝဖန္ရဲေခ်။ သူတို႔ ေၾကာင္ေလးကဇာတ္လိုက္အတြက္ အရမ္းအေရးပါတာကို သိၿပီးသားပါ။ ဒါေၾကာင့္သူတို႔ထိုေၾကာင္ေလးကို ဂ႐ုစိုက္ၿပီးရင္းဂ႐ုစိုက္ရမယ္။ ဒါမွမဟုတ္ရင္ ဘယ္သူသိႏိုင္မလဲ သူတို႔ရဲ႕အေလာင္းကိုဘယ္နားသြားေကာက္ရမလဲဆိုတာ?!

အစားအစာေတြေရာက္လာတဲ့အခါမွာေတာ့ သူတို႔စကားေျပာတာကိုရပ္လိုက္ၿပီး စတင္စားေသာက္ၾကသည္။ မိန္းမပ်ိဳေလးကေတာ့ တျခားသူေတြကိုယ့္အစားအစာကိုစားေနတဲ့အခ်ိန္မွာ သူမကေၾကာင္ေလးကို အစာေကြၽး‌တဲ့အေပၚတာဝန္က်ေလသည္။

ဟင့္အင္း။ နတ္ဘုရားကအသားအပိုင္းအစေလးေတြကို ေၾကာင္ေလးရဲ႕ပန္းကန္ထဲထည့္ေပးလိုက္တာကို သူတို႔တစ္‌ေယာက္မွ မျမင္ၾကဘူး။

ဟင့္အင္း။ ေၾကာင္ေလးကေပ်ာ္႐ႊင္ေနတဲ့အသံေလးျပဳလုပ္လိုက္တဲ့အခ်ိန္မွာ ဇာတ္လိုက္ကထိုမိန္းမငယ္ေလးအေပၚကို ေသေစႏိုင္တဲ့အၾကည့္ေတြနဲ႔စိုက္ၾကည့္ေနတာကို သူတို႔မျမင္ၾကဘူး။

ၿပီးေတာ့...ဟင့္အင္း! နတ္ဘုရားကသူေပြ႕ဖက္ထားတဲ့သူ႔ရဲ႕ေၾကာင္ငပ်င္းေလးကို တမ္းတမ္းတတနဲ႔ၾကည့္ေနတာကို သူတို႔တစ္ေယာက္မွ မျမင္ၾကဘူး။

သူတို႔ရဲ႕ေဆြးေႏြးပြဲမွာေတာ့ ၿပိဳင္ပြဲဝင္ေတြအတြက္ေနာက္ထပ္စိန္ေခၚမႈ၊ သူတို႔ရဲ႕အတိတ္မွာပါဝင္တဲ့ အေၾကာင္းအရာေတြနဲ႔ ေနာက္ထပ္လာမယ့္အစီအစဥ္အတြက္ ေခါင္းစဥ္အေၾကာင္းကိုေျပာေနၾကသည္။ နတ္ဘုရားကေတာ့သူတို႔ရဲ႕တင္ျပခ်က္ကို ေခါင္းခါ၊ေခါင္းၿငိမ့္သာလုပ္ေလသည္။ သူစိတ္ေက်နပ္သည္ျဖစ္ေစ၊ မေက်နပ္သည္ျဖစ္ေစအသံတစ္ခ်က္ေတာင္မထြက္ခဲ့ေပ။ သူတို႔အားလုံးကေခါင္းကုတ္ၿပီး ေခါင္းၿငိမ့္လိုက္႐ုံသာတတ္ႏိုင္ေတာ့သည္။ ၿပီးတာနဲ႔သူတို႔အားလုံးထြက္သြားလိုက္ေတာ့သည္။

သူတို႔အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ကိုတိတ္ဆိတ္ေနေပမယ့္ အရမ္းကိုသဟဇာတျဖစ္ေနသည္။ ဇာတ္လိုက္ကhostကို အိပ္ယာေပၚတင္လိုက္ေပမယ့္ သူမကတစ္စက္ကေလးမွ ႏိုးမလာခဲ့ေခ်။ ဇာတ္လိုက္ကသူ႔ရဲ႕ဝတ္စုံကိုခြၽတ္လိုက္ၿပီး သူ႔ရဲ႕အလုပ္အခ်ိဳ႕ကိုအၿပီးသတ္ရန္ သြားလုပ္လိုက္သည္။

သူျပန္လာတဲ့အခ်ိန္မွာေတာ့ ညသန္းေခါင္ကိုေတာင္ေက်ာ္သြားခဲ့ၿပီျဖစ္သည္။ သူတံခါးကိုဖြင့္လိုက္တဲ့အခ်ိန္မွာ တံခါးအစြန္းမွာရွိတဲ့hostကို ထိမိလုနီးပါးျဖစ္သြားသည္။ အခ်ိန္ကအရမ္းကိုေနာက္က်ေနၿပီျဖစ္တာေၾကာင့္ သူမကလည္းအိပ္ေနၿပီမို႔ ဘယ္သူမွသိလိုက္မည္မဟုတ္ေပ။ သူမကတံခါးနားရွိၾကမ္းခင္းေပၚတြင္ အိပ္ေပ်ာ္ေနတာကိုၾကည့္ရတာက...သူမကသူ႔ကိုလိုက္ရွာေနခဲ့တာမ်ားလား?

ထိုအေတြးကဇာတ္လိုက္ရဲ႕ႏွလုံးသားေလးကို ေႏြးေထြးသြားေစခဲ့သည္။ သူတံခါးကိုညင္သာစြာပိတ္လိုက္ၿပီး သူမကိုႏူးႏူးညံ့ညံ့နဲ႔ေကာက္ေပြ႕လိုက္သည္။ ၾကမ္းျပင္ေပၚမွာအိပ္ေပ်ာ္ေနတဲ့hostေလးကေတာ့ အနည္းငယ္တြန႔္သြားေပမယ့္ အိပ္ရာေပၚကိုေရာက္သြားတဲ့အခါမွာေတာ့ အသံေလးထြက္ကာျပန္အိပ္ေပ်ာ္သြားသည္။ systemကေတာ့ ဘားတန္းကရာခိုင္ႏႈန္းအေျပာင္းအလဲကိုသတိျပဳမိလိုက္ၿပီး hostကို ပထမကမာၻမွာပင္သူမရဲ႕တာဝန္ကို ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္တာေၾကာင့္ ေပ်ာ္႐ႊင္ေနရသည္။

မနက္ေရာက္တဲ့အခါမွာေတာ့ဇာတ္လိုက္က ကုမၸဏီသို႔အလုပ္သြားရန္ေနာက္က်လို႔ေနသည္။ ကံေကာင္းတာကေတာ့တိုက္႐ိုက္ထုတ္လႊင့္မႈရႈိးပြဲက တနလၤာေန႔နဲ႔ေသာၾကာေန႔သာျဖစ္‌သာေၾကာင့္ပင္။ hostကေတာ့လြန္ခဲ့တဲ့မိနစ္အနည္းငယ္ကပင္ႏိုးေနခဲ့တာျဖစ္ၿပီး ေျခကုန္လက္ပန္းက်ေနတဲ့ဇာတ္လိုက္ကို သူမကတိတ္တဆိတ္နဲ႔ ေစာင့္ၾကည့္ေနလိုက္သည္။ သူက ေတာ္ေတာ္ၾကည့္ေကာင္းတဲ့ေယာက္်ား ဆိုတာကိုသူမဝန္ခံရမည္။ ဒါေပမယ့္ဒီဘဝမွာေတာ့သူမက လူသားတစ္ေယာက္နဲ႔ခ်စ္မိသြားဖို႔အခြင့္အေရးက မျဖစ္ႏိုင္ေတာ့ေပ။ သူမရဲ႕ဝိညာဥ္ကလူသားတစ္ေယာက္ျဖစ္ေသာ္လည္း သူမရဲ႕ခႏၶာကိုယ္ကေတာ့ေၾကာင္ေလးတစ္ေကာင္သာျဖစ္သည္။ သူမခ်စ္မိသြားတဲ့အခါမွာေတာင္ဘာမွေကာင္းတာျဖစ္လာမွာ မဟုတ္ေခ်။ သူမက ေလးလံစြာသက္ပ်င္းခ်လိုက္ၿပီး သူမရဲ႕အခ်စ္ကံဆိုးမႈအတြက္စတင္ဝမ္းနည္းေတာ့သည္။ တကယ္လို႔သူမက အိမ္ေမြးတိရစာၦန္အျဖစ္သာကူးေျပာင္းေနရအုံးမယ္ဆိုရင္ သူမကအခ်စ္ေတာ္ေလးအေနနဲ႔သာဆက္ဆံခံရမည္ျဖစ္ၿပီး ႐ိုမန႔္တစ္ဆန္တဲ့အခ်စ္မ်ိဳးက ဘယ္ေတာ့မွျဖစ္လာမည္မဟုတ္ေပ။

ဇာတ္လိုက္ႏိုးလာသည္ႏွင့္ပထမဦးဆုံးျမင္လိုက္ရတာက သူမရဲ႕ခ်စ္စရာမ်က္ႏွာေလးကအေဖာ္မဲ့ေနတဲ့အမူအရာေလးကိုျဖစ္သည္။ သူမရဲ႕နက္ရႈိင္းတဲ့ပင္လယ္ျပာေရာင္မ်က္လုံးက အရမ္းကိုအထီးက်န္ဆန္ေနၿပီးသူမရဲ႕ေခါင္းေလးကို သူမရဲ႕လက္ေခ်ာင္းေလးေတြထဲကိုထည့္ထားလို႔ေနသည္။ သူအရမ္းကိုစိတ္ဓာတ္က်ဆင္းသြားရသည္။ သူ႔ရဲ႕စိတ္ထဲမွာေတြးလိုက္မိတာက သူမဒီလိုမ်ိဳးခံစားရေအာင္ဘယ္အရာကလုပ္လိုက္သလဲဆိုတာကိုပင္။ သူကသူမရဲ႕ႏွာေခါင္းေလးကိုျဖည္းျဖည္းခ်င္းတို႔လိုက္ရန္ဆုံးျဖတ္လိုက္သည္။ သူမရဲ႕ႏွာေခါင္းကတြန႔္သြားၿပီးမ်က္လုံးပြင့္လာကာ သူ႔ကိုစိတ္ရႈပ္တဲ့အၾကည့္နဲ႔ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ သူ႔ရဲ႕လက္ညႇိဳးကိုသူမရဲ႕ ေခါင္းေလးဆီသြားကာႏူးႏူးညံ့ညံ့ေလးပြတ္သပ္ေပးလိုက္သည္။ အဲ့လိုလုပ္လိုက္တာက အလုပ္ျဖစ္ပုံရသည္။ သူမကသူမရဲ႕ေမးေစ့ေအာက္ကိုပြတ္ေပးရန္ သူမရဲ႕ေမးေစ့ေလးကိုသူ႔အားထိုးေပးလို႔ေနသည္။

25.1.2020
Mon

Bạn đang đọc truyện trên: Truyen4U.Pro