Chapter_2
Màu nền
Font chữ
Font size
Chiều cao dòng
Unicode
ဆုရွီကျိုးသူ့နှာခေါင်းကိုထိလိုက်သည်။
***ကာလနီးလာပြီဖြစ်လိမ့်မယ်၊ ဤအတောအတွင်းသူ့ဖယ်လ်ရိုမုန်းများသည် မတည်မငြိမ်ဖြစ်ပြီး ၎င်းတို့ကိုအမှတ်မထားမိဘဲ မကြာခဏထုတ်လွှတ်လေ့ရှိပြီး သူ့ကိုယ်သူထိန်းချုပ်နည်းကို မသိသေးပေ။
တခြားအယ်လ်ဖာမပြောနဲ့ သူ့အမေတောင်သူ့ကို အနည်းငယ်စိတ်ပျက်နေသည်။ 
ဆုရွီကျိုးသက်ပြင်းချလိုက်ပြီး ခုံတန်းလျားအောက်ကိုငုံ့ကြည့်လိုက်တော့ လင်းထိန်နေတဲ့အရာတစ်ခုငြိမ်သက်စွာလဲလျောင်းနေတာကို တွေ့လိုက်ရသည်။ 
ကောက်ယူရန်လက်လှမ်းလိုက်ပြီး စစ်ဆေးရန်လက်ဖဝါးထဲထည့်လိုက်သည်။
၎င်းသည်အစက်ပုံသဏ္ဍာန်ဆွဲသီးဖြစ်ပြီး မျက်နှာပြင်ကိုချောမွေ့နေအောင် ပွတ်တိုက်ထားသည်။ ပြီးတော့ အရောင်သည်အပြာရောင်ဖြစ်ပြီး အထဲတွင်တော့တောက်ပတဲ့အလင်းရောင်အစက်အမှုန်လေးတွေဖြန်းထားလေသည်။ 
ညဘက်မှာကြယ်တွေပွင့်နေတဲ့ကောင်းကင်ကြီးလိုဘဲလှပလေသည်။ 
အဲ့တာကအဖိုးတန်သည်လို့ပင်ပြောလို့ရသည်။ 
ဆုရွီကျိုးသည်အမြန်ထရပ်ပြီး ထိုအမျိုးသားဆီပြန်ပေးရန် ကြိုးစားသော်လည်း_
"ဆုရွီကျိုး၊ မင်းအလှည့်ဘဲ"
သူနာပြုကသူ့ကို တံခါးအဝကနေခေါ်လိုက်သည်။ သူမတ်တပ်ရပ်နေတာကိုမြင်တော့ "မင်းဘာလုနေသေးတာလဲ? ဝင်လာခဲ့ပါ။" လို့တိုက်တွန်းလိုက်သည်။
ဆုရွီကျိုးကသူမကိုကြည့်လိုက်ပြီး စင်္ကြံအဆုံးကိုမဝင့်မရဲကြည့်လိုက်သည်။
ဓာတ်လှေကားဝင်ပေါက်မှလူ၏ပုံရိပ်သည်ပျောက်ကွယ်သွားပြီဖြစ်သည်။
သူခဏလောက်စဥ်းစားပြီးအဝေးသို့လှမ်းကြည့်ကာ ဆွဲသီးကိုလက်ထဲတွင်ဆုပ်ကိုင်ကာ ဆေးကုသဆောင်သို့နာခံစွာ သူနာပြုနောက်ကနေလိုက်သွားလိုက်ပြီး ဆရာဝန်အရှေ့မှာသူ့ကျောပိုးအိတ်နဲ့အတူထိုင်လိုက်သည်။ 
ဆရာဝန်သည်သူ၏ ဆေးစာရွက်ကိုယူလိုက်ပြီး သေသေချာချာစစ်ဆေးနေခဲ့သည်။ 
ဆုရွီကျိုးကဆွဲသီးလေးကိုကိုင်လိုက်ပြီး "ဒေါက်တာ၊ ခင်များမှာခုနကထွက်သွားတဲ့လူကြီးမင်းရဲ့အဆက်အသွယ်လိပ်စာလေးများရှိလား?" 
"အိုး...မစ္စတာဆူးကိုဆိုလိုတာလား။ သူနဲ့ကဘာကိစ္စရှိလို့လဲ?"
ဖြစ်ပျက်သမျှရှင်းပြပြီးတဲ့အခါ ဆရာဝန်က သူ့ရှေ့ကလူငယ်ကိုသံသယစိတ်ဖြင့် မော့ကြည့်လိုက်သည်။ 
အသက်၁၈နှစ်သာရှိသေးသောအယ်လ်ဖာသည် ဆယ်ကျော်သက်နှင့်လူငယ်ကြားတွင် ချောမောသောအသွင်အပြင်ရှိပြီး ကလေးဆန်သော်လည်း အထူးတလည်ကလေးဆန်နေခြင်းမရှိ။
သူ့တွင်းပျော့ပြောင်းပြီးနူးညံ့ပုံရသော သစ်အယ်သီးဖျော့ရောင်ဆံနွယ်များရှိပြီး အနည်းငယ်သဘာဝကျသောကောက်ကြောင်းဖြင့် ၎င်း၏ဖြူစ်သောအသားအရေကိုဖြည့်စွမ်းပေးပြီး ယောက်ျားဆန်သောပုံကိုပေါ်လွင်စေသည်။ 
ဆုရွီကျိူးသည်သန့်ရှင်းပြီးတောက်ပသည်ဟုထင်မြင်စေသည်။ အထူးသဖြင့် နားမလည်နိုင်သောရင်းနှီမှုနှင့် ပြုံးနေပုံရသောမျက်လုံးတစ်စုံပင်ဖြစ်သည်။ 
၎င်း၏ကိုယ်ပိုင်ဝိသေသလက္ခဏာများကြောင့် အယ်လ်ဖာသည်ယေဘုယျအားဖြင့် ရန်လိုတတ်ပြီး တစ်ခါတစ်ရံတွင် စိတ်တိုခြင်း၊ရိုင်းစိုင်းခြင်းနှင့် အဓိပ္ပါယ်တူသည်။ 
သို့သော်ထိုကဲ့သို့သောရန်လိုမှုကို သူ့ရှေ့ကလူငယ်ထံတွင် မတွေ့ရချေ။ 
ဟုတ်ပါတယ်။ ဒါကဘယ်သူ့ကိုမှ သူ့လိင်ကိုသံသယမဖြစ်စေနိုင်ပါဘူး။
ပျော့ပြောင်းပြီး အားကောင်းသည်။ ဤအရည်အသွေးနှစ်ခုသည် လူငယ်များတွင် ဆန့်ကျင်ဘက်ဖြစ်ပြီး သဟဇာတဖြစ်မှုတွင် အံ့ဩဖို့ကောင်းသည်။
ဒါပေမယ့်....
ဒီနေ့ကဘာနေ့ပါလိမ့်? တစ်ရက်ထဲကိုဘဲ ရှေ့ဆင့်နောက်ဆင့် အရည်အသွေးမြင့်အယ်လ်ဖာနဲ့အိုမီဂါနှစ်ယောက်ကို တွေ့ခဲ့ရသည်။
ဆရာဝန်ကရေရွတ်လိုက်သည်။
ပိုဆိုးတာက အရည်သွေးမြင့်အိုမီဂါက ဂလင်းကိုဖယ်ထုတ်ဖို့လုပ်နေတာဘဲ....
ဒါကိုတွေးကြည့်လိုက်တော့ ဆရာဝန်ကသူ့ခေါင်းပိုကြီးလာသလိုခံစားလိုက်ရသည်။ 
ထိုအချိန်တွင် အယ်လ်ဖာလူငယ်ကလှမ်းပြောလိုက်သည်။
ဆွဲသီးကစားပွဲပေါ်ကျသွားပြီး စူးရှတဲ့အသံထွက်လာလေသည်။
"အဲ့ဒီလူကြီးမင်းက ဒီဆွဲသီးကိုပြုတ်ကျကျန်ခဲ့တယ်။ သူ့ကိုပြန်ပေးလို့ရနိုင်မလား?" ဆုရွီကျိုးပြောလိုက်သည်။ 
"ဟမ်? အို့.."
ဆရာဝန်ကဆွဲသီးကိုငုံ့ကြည့်ပြီးခေါင်းငြိမ့်ပြကာ အံဆွဲထဲထည့်လိုက်သည်။ "မစ္စတာစု နောက်တစ်ခါလာတဲ့အချိန်ပေးလိုက်ပါ့မယ်" လို့ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ဒါဆိုအခု မင်းအကြောင်းပြောရအောင်"
"မင်းရဲ့ခန္ဓာကိုယ်မှာ မကြာသေးခင်ကပြောင်းလဲမှုတွေခံစားနေရပြီလား?'
ဆုရွီကျိုးမျက်တောင်ခတ်မိလိုက်သည်။ ဆရာဝန်ရဲ့လေသံက....
သူရုတ်တရက်စိတ်မသက်မသာဖြစ်သွားပြီး "ဒေါက်တာ ကျွန်တော့ခန္ဓာကိုယ်မှာတစ်ခုခုမှားနေလို့လား?"
နားလည်မှုလွဲသွားမှန်းသိလိုက်တာကြောင့်ဆရာဝန်ကခေါင်းယမ်းပြလေသည်။
"စိတ်အေးအေးထားပါ။ အဲ့တာကကောင်းတဲ့သတင်းပါ။"
ဆရာဝန်၏ရှင်းလင်းချက်အောက်တွင် ဆုရွီကျိုးသည်ထိပ်တန်းအယ်လ်ဖာဖြစ်လာကြောင်း သဘောပေါက်ခဲ့သည်။
လူ့ခန္ဓာကိုယ်၏ဟော်မုန်းသည် အရွယ်ရောက်ပြီးသောအခါတွင်တည်ငြိမ်လေ့ရှိပြီး အယ်လ်ဖာ၊အိုမီဂါကို ညံ့သော၊ သာမာန် နှင့် အရည်အသွေးမြင့်ဟူ၍သုံးမျိုးခွဲခြားထားလေသည်။ 
ဖယ်လ်ရိုမုန်းသည်အလွန်အားနည်းသောကြောင့် ဘီတာများကိုခွဲခြား၍မရချေ။ 
"ဂုဏ်ယူပါတယ် ညီလေး"
ဆုရွီကျိုးအနည်းငယ်ထိန့်လန့်သွားရသည်။
အရည်အသွေးမြင့်အယ်လ်ဖာဆိုသည်မှာ သာမာန်သူများထက်ပိုအားကောင်းထက်မြက်ပြီး နယ်ပယ်တွင် ထူးချွန်သူများဖြစ်သည်။ ဤလူ့အဖွဲ့အစည်းရှိထိပ်တန်းပုဂ္ဂိုလ်များ၊ အရည်သွေးမြင့်အယ်လ်ဖာများသည် ကိန်းဂဏန်းအများစုသာဖြစ်သည်။
လူ့အဖွဲ့အစည်းအတွက်၎င်းတို့၏ ပံ့ပိုးမှုများသည် အရည်အသွေးမြင့်အယ်လ်ဖာအရင်းအမြစ် ပိုမိုရရှိစေရန်သာဖြစ်သည်။
အရည်သွေးနိမ့်အယ်လ်ဖာများအတွက်ကတော့ ၎င်းသည်အနည်းငယ်ဘက်လိုက်သည်ဟုထင်ရသော်လည်း ထိုကဲ့သို့သောလူများသည်ယေဘုယျအားဖြင့် ချို့ယွင်းချက် သို့မဟုတ် ရောဂါတစ်မျိုးမျိုးရှိကြပြီး ရောဂါရှာဖွေတွေ့ရှိပါက အချို့‌သောလူမှုဖူလုံရေးထောက်ပံ့ကြေးများကိုရရှိမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့သောထောက်ပံ့ကြေးကိုစွန့်လွှတ်နိုင်ရင်၊ ဟုတ်ပါတယ် မလုပ်တာကအကောင်းဆုံးဘဲ။
ထို့ကြောင့်ဆုရွီကျိုးသည် သူသာမာန်လူတစ်ယောက်ဖြစ်အောင်အမြဲဆုတောင်းနေသော်လည်း သူမမျှော်လင့်ခဲ့ချေ....
တစ်ကြိမ်တောင်?
"ဒါပေမယ့်..."
ခေါင်းကိုငုံ့ထားပြီး သူ့လက်သီးတွေကိုနားမလည်စွာဆုပ်လိုက်သည်။ "ကျွန်တော်အခုဘယ်လိုမှမခံစားနေရပါဘူး"
အရည်သွေးမြင့်အယ်လ်ဖာသည်အစွမ်းထက်သည်မဟုတ်လား။ ဘာဘဲဖြစ်ဖြစ်သူကတော့ ပုံမှန်လိုသာဖြစ်နေသည်။
"ခနလောက်အချိန်ပေးပြီး စောင့်ကြည့်လိုက်ပါ။"
ဆရာဝန်က " ဒီတစ်ခါမင်းရဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အရ မင်းရဲ့***အချိန်ကအစောပိုင်းဖြစ်နေမှာကို ငါကြောက်မိတယ်" (သိကြတယ်မို့လားဘာအချိန်လဲဆိုတာကို သာသာမထည့်တော့ပါဘူးရှင့်)
"ခန့်မှန်းတာကတစ်လခွဲလောက်ကျန်သေးတယ်။ အခုတစ်ပတ်အတွင်းရောက်လာမယ်လို့ခန့်မှန်းထားတယ်။ ကြိုတင်ပြင်ဆင်ထားရပါမယ်။"
ဆုရွီကျိုးစိတ်လှုပ်ရှားစွာခေါင်းညိမ့်လိုက်သည်။
ဆရာဝန်ကပြုံးပြလိုက်ပြီး "စိတ်‌အေးအေးထားပါ၊ ပထမဦးဆုံး***ကာလက ပစ္စည်းတွေအပေါ် အမှတ်အသားမပြုသင့်ဘူးလေ မဟုတ်ဘူးလား?"
နောက်ဆုံးတော့ သူကအခုမှအသက်၁၈နှစ်သာရှိသေးပြီး အရွယ်ရောက်ရုံလေးသာဟုဆိုနိုင်လေသည်။ 
ဆုရွီကျိုး၏နားများသည်အနည်းငယ်ပူလာပြီး တည်ငြိမ်သလိုဟန်ဆောင်ကာ ခေါင်းယမ်းပြလိုက်သည်။
သူအတတ်နိုင်ဆုံးဖုံးကွယ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ဆရာဝန်ကသူ့ရဲ့ အနည်းငယ်ထူးဆန်းတဲ့ရှက်ရွံ့မှုကို မြင်နေရဆဲဖြစ်သည်။
ငါဒီရှက်တတ်တဲ့အယ်လ်ဖာကို ပထမဆုံးမြင်ဖူးတာဘဲ။
အမှန်‌တော့ ဒီအသက်အရွယ်မှာရှိတဲ့အယ်လ်ဖာတွေက သွေးအားကောင်းပြီးစွမ်းအင်အပြည့်ဖြစ်သည်။ အိုမီဂါကိုမြင်သရွေ့ သူတို့သည်သွေးဆူလွယ်လေသည်။ တနည်းပြောရရင်သုတ်ပိုးကောင်တွေက သူတို့ရဲ့ဦးနှောက်ထဲကိုရောက်သွားပြီး သူတို့ခုခံရန်ဘယ်လိုမှမတတ်နိုင်ကြချေ။
ဒါ‌ကြောင့်ဆုရွီကျိုးကဆူးကျန့်ကိုမေးလာတဲ့အချိန်မှာ ဆရာဝန်ကသံသယဖြစ်သွားတာဖြစ်သည်။
ဒါပေမယ့်အခုတော့ သူ့ရှေ့က ကလေးသည်ဖြူစင်သည်ဟုထင်ရသည်။ 
ဆရာဝန်ကသူ့လျာကိုနှစ်ကြိမ်စုတ်သတ်လိုက်ပြီး နောက်ဆုံးမှာတော့ဆုရွီကျိုးကို ကြိုတင်ကာကွယ်ရမယ့် အချက်အနည်းငယ်ကိုပြောပြပြီး အယ်လ်ဖာအတွက်အထူးတားဆေးတစ်မျိုးကိုပေးကာ ပြန်လွှတ်လိုက်တော့သည်။  
ဆုရွီကျိုးကယဥ်ကျေးစွာဖြင့် ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး ထို့နောက်ဆေးကုသခန်းမှထွက်ကာ ဆေးကုဖို့ဆေးဆိုင်မှာတန်းစီနေပြီး ဆေးရုံဆင်းချိန်မှာတော့ ညနေစောင်းလို့နေပြီဖြစ်သည်။
သူအိမ်ကိုတက္ကစီငှားပြီးပြန်သွားခဲ့သည်။
အိမ်မှာတော့ လင်းဇီကဟင်းကောင်းကောင်းချက်ထားပြီး သူ့သားကိုစားပွဲမှာစောင့်နေလေသည်။ ဆုလန်ကသူ့အဖေရဲ့ကျေးဇူးကိုအောက်မေ့ဖို့နဲ့ အစာစားပြီးတဲ့အချိန်မှာ အကြံဉာဏ်‌ပေးဖို့တောင်းဆိုလာခဲ့သည်။ 
ဆုရွီကျိုးကနာခံစွာဖြင့်ခေါင်းညိမ့်လိုက်ပြီး သူအစားအသောက်ကိုကျေနပ်ပြီးသွားတဲ့နောက်တော့ သူပြောချင်တဲ့အရာကို သတိရလိုက်သည်။
သူကအရည်အသွေးမြင့်အယ်လ်ဖာဖြစ်ကြောင်းကြားသိလိုက်ရတဲ့အခါမှာ ဆုမိသားစုသည်သဘာဝအတိုင်း အံ့အားသင့်ခဲ့ရပြီး အထူးသဖြင့်ဆုလန်သည် ပန်းကန်ခွက်ယောက်များနှင့် ဇွန်းတူတို့ကိုတစ်ဝက်တစ်ပျက်ချကာ သူတို့သိတဲ့ဆွေမျိုး၊ မိတ်ဆွေတို့ကို စိတ်လှုပ်ရှားစွာနဲ့ ဖုန်းခေါ်လိုက်သည်။ 
ဆုယုသည် နိုင်ငံခြားမှာကျောင်းသွားတက်နေသော ဆုယွီကျိုးရဲ့ညီမဖြစ်ပြီး ဒီသတင်းကိုကြားသိလိုက်သည်။ 
သူမကဝမ်းသာအားရရယ်မောလိုက်ပြီး သူတို့ကိုတွေ့ဖို့ ပြန်လာချင်တယ်လို့ပြောလိုက်သည်။
ဆုရွီကျိုး၏နောက်ဆုံးဘဝသည် မိဘမဲ့ဖြစ်ခဲ့သည်။ ‌
ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ခဲ့သော်လည်း မည်သည့်ဆွေမျိုးများမှ သူ့ကိုချီးကြူးဂုဏ်ပြုကြခြင်းမရှိချေ။ လူမှုဖူလုံရေးဌာနမှ ဌာနမှူးသာလျှင်ဂုဏ်ပြုခဲ့သည်။
ဒီဘဝမှာထူးဆန်းတဲ့ ABO ကမ္ဘာမှာမွေးဖွားလာသော်လည်း သူ့ကိုချစ်တဲ့မိဘတွေရော၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ့ညီမလေးရော။ ပြီးပြည့်စုံတဲ့မိသားစုလေးပိုင်ဆိုင်ထားလို့ သူအရမ်းပျော်ရွှင်နေသေးတာဘဲ။ 
သူတို့ပျော်နေတာမြင်တော့ ဆုရွီကျိုးလည်းပျော်မိသည်။
ဆုမိသားစုသည် အရမ်းကိုပျော်လို့နေသည်။
အဲ့အပျော်ကတော့ ဆုရွီကျိုးကသူ့ရဲ့***ကာလကအချိန်တစ်ပါတ်လောက်စောမယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပြီးတဲ့နောက်မှာတော့....
သူအိမ်ပေါ်ကနေနှင်ချခံလိုက်ရတော့သည်။
ဒါပေါ့၊ အိမ်ကနေမနှင်ထုတ်သေးခင်မှာလင်းဇီကသူ့ကို အဝတ်အစားထုတ်ပိုးပေးပြီး အရသာရှိတဲ့နေ့လည်စာဘူးနှစ်ဘူးကိုပြင်ဆင်ပေးပြီး သူ့ကိုဆုလန်ကဟော်တယ်အပေါက်ဝထိ ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးခဲ့သည်။ 
အယ်လ်ဖာ၏အာရုံခံနယ်မြေသည် အလွန်အားကောင်းလေသည်။
ဆိုရိုးစကားအတိုင်းမိသားစုတစ်စုသည် အရွယ်ရောက်ပြီးသားအယ်လ်ဖာနှစ်ယောက်ကိုမထားရှိနိုင်ပါ။ အထူးသဖြင့်သူ့တို့မိဘများသည်အယ်ဖာအိုမီဂါအတွဲဖြစ်သည်။ 
အိမ်ထဲမှာဘဲဆက်ပြီး ပူလောင်တဲ့ကာလရောက်လာဖို့စောင့်နေရင် သွေးထွက်သံယိုတွေဖြစ်သွားနိုင်လေသည်။ 
ဒါတွေကရှေးထုံးတွေပါ။ ဆုရွီကျိုးသည်ထိုသို့သောအခြေအနေကိုစိတ်ကူးမယဥ်နိုင်သော်လည်း သူနားလည်နိုင်သည်။ 
ဒါပေမယ့်သူခရီးဆောင်အိတ်ကိုချပြီးကားပေါ်ကဆင်းလာတဲ့အခါမှာတော့ သူ့အမေကသူ့ကိုနှုတ်ဆက်စကားမပြောဘဲနဲ့ သူ့ရဲ့စုတ်ပြတ်နေတဲ့ကားလေးမောင်းထွက်သွားတာကိုကြည့်ပြီး သူ မနေနိုင်တော့ဘဲအနည်းငယ်ဝမ်းနည်းသွားသည်။ 
အတိတ်ဘဝတုန်းကလည်းဒီလိုမျိုး မိဘမဲ့ဂေဟာအဝမှာ ပစ်ချခဲ့ခံထားရသည်။ အနက်ရောင်ကားလေးပို၍ဝေးသတဲ့ဝေးသွားတာကိုကြည့်ရင်း နောက်ဆုံးတော့သူ့မြင်ကွင်းထဲကနေပျောက်ကွယ်လို့သွားသည်။ ကွာခြားချက်ကတော့ သူကကားအနောက်ကိုပြေးလိုက်သွားမယ့် ကလေးလေးမဟုတ်တော့ချေ။
"ဒင် ဒေါင်" 
ဖုန်းမြည်လာသည်နှင့်တပြိုင်နက် ဆုရွီကျိုးသည်၎င်းကိုထုတ်ကာကြည့်လိုက်သည်။ 
အဖေ- [***ကာလကအရမ်းခက်ခဲတယ်။ လှေကလေးလေးကပိုပြီးအားတင်းထားရမယ်နော်။ ဖေဖေကလိုက်မပို့နိုင်ပေမယ့် အိမ်ကနေပြီးတော့အားပေးနေမယ်နော်]
အဖေ- [သုံးရက်လောက်ကြာမှရောက်လာမယ် မင်းအတွက်သူနာပြုဘီတာတစ်ဦးကိုငှားထားတယ်။ နားမလည်တာရှိရင်သူ့ကိုမေးလို့ရတယ်။ ဒီအချိန်မှာ သူကမင်းကိုစောင့်ရှောက်ပေးလိမ့်မယ်]
အဖေ- [မဖြေရှင်းနိုင်တဲ့ပြဿနာကြုံလာရရင် မင်းအိမ်ကိုဖုန်းဆက်လာခဲ့ တစ်ယောက်တည်းကြိတ်ခံမနေနဲ့]
အဖေ- [ရှောင်ကျိုးလေးက အမြဲတမ်းဖေဖေ့ရဲ့အချစ်ဆုံးကလေးလေး‌ဖြစ်နေမှာ]
အိုမီဂါအဖေရှိခြင်းက အရမ်းကိုကောင်းတာဘဲ။
ဆုရွီကျိုးသည်သူ့ဝမ်းနည်းမှုတွေကို ရုတ်တရက်မေ့သွားခဲ့သည်။ 
သူက အိုကေဟု စာရိုက်ပို့လိုက်ပြီး ခရီးဆောင်အိတ်ကိုဆွဲကာ ဟိုတယ်ထဲသို့ပျော်ပျော်ရွှင်ရွှင်ဝင်လာခဲ့ပြီး အခန်းငှားဖို့ကောင်တာရှေ့မှာရပ်လိုက်လေသည်။ 
အဆင့်မြင့်ဟိုတယ်မှာတည်းရတဲ့ခံစားချက်က နွေရာသီပိတ်ရက်မှာအပြင်ထွက်ပြီးဆော့ကစားရသလိုဘဲ။
ဆုလန်ကသူ့အတွက်သာမာန်အခန်းကိုကြိုတင်မှာယူပေးထားပေမယ့် ဒီဟိုတယ်ကအဆင့်အတန်းမြင့်လေသည်။ သာမာန်အခန်းက သာမာန်ဟိုတယ်တွေထက်စျေးပိုမြင့်ပြီး ဈေးနှုန်းကလည်းမသက်သာချေ။
နောက်ပြီးတော့သူဒီမှာတစ်လလောက်နေရပေမည်။ 
ညနေပိုင်းတွင်ဆုရွီကျိုးသည် ရေချိုးပြီးနောက်ရေချိုးခန်းထဲမှထွက်လာကာ ရေခဲသေတ္တာထဲမှကိုလာပုလင်းကိုယူလိုက်ပြီး ညမြင်ကွင်းကိုကြည့်ရင်လသာဆောင်သို့လျှောက်သွားခဲ့သည်။
အောက်ဘက်မှမြင်နေရတဲ့ဟိုတယ်ဥယျာဥ်သည် ‌ရေကူးကန်ပေါ်တွင်ကျင်းပနေသောပါတီနှင့်အတူ တက်ကြွလန်းဆန်းနေလေသည်။
ဆုရွီကျိုးသည်ကိုလာကိုသောက်လိုက်ပြီး စည်ကားနေတဲ့ပါတီကိုကြည့်ရန်ခေါင်းငုံ့လိုက်သည်။
ရုတ်တရက် သူ့လက်တို့ကလှုပ်ရှားသွားပြီး
ဟမ်? အဲ့လူက...
ဆုရွီကျိုးသည်သူ့မျက်လုံးများကိုမှေးပြီးသေချာစွာကြည့်လိုက်သော်လည်း ရှင်းရှင်းလင်းလင်းမမြင်ရသေးပေ။ သူတွေးတောလိုက်ပြီးနောက် အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်ပြီး ကင်မရာကိုထိုနေရာသို့ချိန်ရင်း အနီးကပ်ဖြစ်အောင် ချဲ့ကြည့်လိုက်သည်။ 
ကင်မရာထဲမှာအနက်ရောင်ဆံပင်နဲ့အမျိုးသားကဝိုင်အနီဖန်ခွက်ကို သူ့လက်ထဲမှာကိုင်ထားပြီး ဘေးနားကလူနှစ်ယောက်သုံးယောက်နဲ့ စကားပြောနေလေသည်။ 
သူသည်အလွန်တောက်ပနေပြီး အယ်လ်ဖာများကြားတွင်ထင်သာမြင်သာရှိလို့နေသည်။ 
အဲ့တာစုလူကြီးမင်းမဟုတ်ဘူးလား? 
ဆုရွီကျိုးကခဏလောက်ကြည့်ပြီး နောက်ဆုံးတော့မနေ့ကဆေးရုံစင်္ကြံလမ်းမှာတွေ့ခဲ့တာကိုမှတ်မိလိုက်ပြီး အန္တရာယ်များတဲ့အယ်လ်ဖာတစ်ယောက်ဖြစ်မှန်းဆုံးဖြတ်လိုက်သည်။
သူ့မေးစေ့သူထိလိုက်သည်။
ဘာဘဲဖြစ်ဖြစ် သူဘာမှမလုပ်ချေ။ ငါဘာလို့သူ့ဆွဲသီးက ဆရာဝန်ဆီမှာရှိနေမှန်းသတိမရတာလဲ? 
ဆရာဝန်ကဆွဲသီးကိုအံဆွဲထဲထည့်လိုက်တဲ့မြင်ကွင်းကိုပြန်သတိရလိုက်ပြီး ဆုရွီကျိုးကစိတ်မချရသလိုခံစားလိုက်ရသည်။
အမှန်ဆိုရင် တစ်စုံတစ်ယောက်ကိုပြန်လာယူခိုင်းဖို့ ဖုန်းမဆက်သင့်ဘူးလား? နောက်တစ်ခါလာရင်ပြန်ပေးလိုက်ပါ့မယ်ဆိုပေမယ့် သူမေ့သွားခဲ့ရင်ဘယ်လိုလုပ်မလဲ?
ဒီလိုအတွေးတွေဝင်လာတော့ ‌ဆုရွီကျိုးသည်အခန်းကဒ်နဲ့ ဖုန်းကိုယူကာထွက်လာခဲ့လေသည်။ 
(သာသာ့ကတိတိုင်းတင်ပေးလိုက်ပါပြီနော်✌✌ အရမ်းကြီးကောင်းမနေပေမယ့် supportပေးကြပါအုံး)
Zawgyi
ဒါပေမယ့်....
"ဟမ်? အို့.."
"ဂုဏ်ယူပါတယ် ညီလေး"
တစ်ကြိမ်တောင်?
"ဒါပေမယ့်..."