Chapter_1

Màu nền
Font chữ
Font size
Chiều cao dòng

Unicode

"အဖေ ကျွန်တော်ပြင်သွားလိုက်အုံးမယ်"

ဆုရွီကျိုးသည် အပေါက်ဝတွင်ထိုင်ကာဖိနပ်စီးလိုက်ပြီး ထလိုက်ကာနောက်တွင်ရှိသောလူကိုပြောလိုက်သည်။ 

ယောက်ျားလေးကသေးသေးသွယ်သွယ်နှင့်ချောမောပြီး ပျော့နဲ့နဲ့ဖြစ်နေသည်။ ထိုသူသည်ဒီနှစ်အတွင်းအသက်လေးဆယ်ကျော်ရှိရာ သူ၏ရုပ်ရည်သည်သုံးဆယ်အရွယ်လောက်သာဖြစ်နေသည်။ 

သူသည်မျက်မှောင်ကြုတ်ကာ အနည်းငယ်စိုးရိမ်သောကဖြင့် သူ့သားကိုကြည့်ကာ "မင်းကိုအဖော်ပြုဖို့မင်းအဖေကိုတကယ်မလိုဘူးလား?"

ဆုရွီကျိုးစကား‌ပြန်ပြောရန်အချိန်တွင် ခမ်းနားသောအမျိုးသမီးအသံက အနည်းငယ်ထွက်ပေါ်လာသည်။ 

"သူ့အသက်က၁၆နှစ်ရှိပြီ။ သူကိုယ်တိုင်ဒီလိုအရာမျိုးတွေလုပ်သင့်တယ်။ သူ့ကိုအလိုလိုက်မနေနဲ့"

အသံနှင့်အတူ ဧည့်ခန်းထဲကနေအရပ်ရှည်တဲ့အသွင်အပြင်ထွက်ပေါ်လာသည်။ သူသည် ဒီဘဝကဆုရွီကျိုးရဲ့အမေ ဆုလန်ပင်။ 

ဖေဖေဆုကတော့မျက်မှောင်ကြုတ်ကာ "ငါလှေပေါ်မှာတစ်ခုခုဖြစ်သွားမှာကိုမကြောက်ဘူး။ ပထမ***ကာလကအသေးအဖွဲ့မဟုတ်ဘူး"

"လဝက်လောက်ကျန်သေးတယ်မဟုတ်လား? အယ်လ်ဖာအတွက်ဘာများမှားယွင်းသွားနိုင်မှာလဲ?" ဆုလန်ကစိတ်မရှည်တဲ့လေသံနှင့် "အဲ့တာကိုစိတ်ပူမနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူး"

"ဆေးကစားပွဲပေါ်မှာရှိတယ်။ ဝင်ပြီးစားသွား။" 

လင်းဇီသည်မနေကအအေးမိပြီး ယနေ့နေမကောင်းသောကြောင့် ဆုလန်သည်သူ့ကိုပြုစုရန်အိမ်တွင်ရှိနေခဲ့သည်။ ဆုလန်သည်များသော‌အားဖြင့် တင်းကြပ်တဲ့အယ်ဖာဖြစ်သော်လည်း အရေးကြီးသောအချိန်များတွင် သူမသည်သူမ၏လက်တွဲဖော်အပေါ်အလွန်နူးညံ့သိမ်မွေ့ပြီး စာနာတတ်သေးသည်။ 

ဆုရွီကျိုးသည်ပုခုံးတွန့်လိုက်ကာ သူ၏သိမ်မွေ့ပြီးနူးညံ့တဲ့အိုမီဂါဖခင်ကို ပြုံးပြပြီးနှစ်သိမ့်ပေးရင်း အယ်လ်ဖာမိခင်ရဲ့ တင်းမာတဲ့စကားကိုနားထောင်ရင်းအိမ်အပြင်ကိုထွက်လာခဲ့သည်။ 

အိမ်တံခါးဝမှာတော့ သူခေါ်ထားတဲ့ကားက စောင့်နေပြီဖြစ်သည်။ 

"ဆရာကြီး ဗဟိုဆေးရုံကိုမောင်းပေးပါ။ ကျေးဇူးတင်ပါတယ်။"

"ကောင်းပါပြီ"

တက္ကစီသည်ဖြေးညင်းစွာစထွက်ခဲ့သည်။ 

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရန် ဆုရွီကျိုးသူ၏ခေါင်းကိုလှည့်လိုက်သည်။ ဖောက်ထွင်းမြင်နေရသောဖန်သားပြင်တွင် ဥယာဥ််လေးတစ်ခုပါဝင်တဲ့မိသားစုတစ်စုအိမ်လေးကရောင်ပြန်ဟပ်လို့နေသည်။ ပြီးတော့၎င်းသည်၁၈နှစ်ကြာအောင်နေခဲ့သောအိမ်လေးလည်းဖြစ်သည်။ 

သူရဲ့အရင်ဘဝတွင်သူသည်သာမာန်လူတစ်ဦးသာဖြစ်သည်။ ကောလိပ်မှဘွဲ့ရပြီးနောက်သူနှစ်သက်သော ကုမ္ပဏီကိုဝင်ရောက်ခဲ့သည်။ ရလဒ်အနေနဲ့ကတော့ သူသည်တိရစ္ဆာန်လိုတစ်နှစ်လောက်ကြိုးစားခဲ့ပြီး စီးပွားရေးခရီးတွင်ယာဉ်မတော်တဆမှုနှင့်သေဆုံးခဲ့ရသည်။ 

သူပြန်ပြီးသတိရလာတော့ ဒီထူးဆန်းတဲ့ကမ္ဘာကိုရောက်နေခဲ့ပြီး လင်းဇီနဲ့ဆုလန်ရဲ့သားအသစ်ဖြစ်လာခဲ့သည်။ 

ကလေးဘဝတွင်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မပြည့်စုံခြင်းကြောင့်ဖြစ်နိုင်သည်။ အဲ့ဒီတုန်းက သူ့အရင်ဘဝကမှတ်ညဏ်တွေသိပ်မရှိပေမယ့် အိမ်မက်ထဲတွင်မြင်ကွင်းအချို့ကိုမကြာခဏတွေ့ဖူး‌ခဲ့သည်။ လူပျိုဖော်ဝင်ချိန်မတိုင်ခင်အချိန်ကမှ သူအပြည့်အဝမှတ်မိသွားခဲ့သည်။ 

ဤကဲ့သို့သော 'စွန့်စားခန်း'သည် သူ၏အယူအဆကိုကမ္ဘာကြီးနှင့်ဆန့်ကျင်စေသည်။ ဆုရွီကျိုး၏အသိညဏ်အရ ကမ္ဘာကြီးသည် ယောက်ျား၊ မိန်းမဆိုပြီးခွဲခြားသင့်သော်လည်း ဤကမ္ဘာသည်ထိုသိုမဟုတ်။

ကမ္ဘာကြီးကို ABOဆိုပြီးကျားသုံးမျိုးခွဲခြားထားသည်။ ဤကျားသုံးမျိုးအောက်တွင်အမျိုးသားနှင့်အမျိုးသမီးတို့၏အသွင်အပြင်ကွဲပြားသောလက္ခဏာနှစ်မျိုးရှိသည်။ ဟုတ်သည်၊ ဒီလောကတွင်ရှိသောလူတွေအတွက် ယောက်ျားနဲ့မိန်းမဆိုတာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာမတူကြချေ။ ကျားမခွဲခြားရန်ABOဟုခေါ််ပြီးဟော်မုန်းများကိုနှစ်သက်ကြသည်။ 

အဲ့တာကဆုရွီကျိုးကိုပရမ်းပတာဖြစ်စေခဲ့သည်။ 

သူ့အယူအဆအရ သူနှင့်သူ့အဖေသည်လိင်တူရမှာဖြစ်ပြီး သူ့အမေနှင့်ညီမကတူရမှာဖြစ်သည်။ 

ဒါပေမယ်တကယ်တော့ အယ်လ်ဖာတစ်ယောက်အနေနဲ့ သူ၊ သူ့အမေနဲ့ညီမကလိင်တူပြီး အိုမီဂါဖြစ်တဲ့အဖေနဲ့တော့ သူတို့ဟာလုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

အထူးသဖြင့်ဆုလန်ကသူနဲ့သူ့ညီမကို မိဘနှင့်ကလေးရေတူတူချိုးဖို့ ကြိုးစားတဲ့အခါမှာတော့ ဆုရွီကျိုးအတွက်ကတော့ နားမလည်ခဲ့ပေ။ 

ငယ်ငယ်ကသူ့အမေနဲ့ရေမချိုးဖို့ ရုန်းကန်ခဲ့ရတာကိုပြန်သတိရတော့ ဆုရွီကျိုးသူ့မျက်နှာကိုလက်နဲ့မအုပ်ဘဲမနေနိုင်ခဲ့ချေ။ 

သူ၏ယခင်ဘဝကအယူအဆမှာ နက်နဲသည်ထင်သည်။ ဤကမ္ဘာတွင်၁၈နှစ်ကြာနေထိုင်ပြီးနောက် ‌‌ဟော်မုန်းမှတဆင့် တခြားလူ၏လိင်အမျိုးအစားကိုမပြောနိုင်သေးပေ။ 

ကံကောင်းထောက်မစွာနဲ့ အိုမီဂါရဲ့ ကိုယ်လုံးကိုယ်ပေါက်သည် အယ်လ်ဖာ၊ဘီတာများနဲ့အတော်လေးကွာခြားပြီး အသွင်အပြင်နှင့်ခွဲခြားရန်လွယ်ကူသည်။ 

ဆုရွီကျိုးထိုအကြောင်းကိုတွေးနေရင်းနဲ့ သူ့ကားက ဆေးရုံတံခါးဝကိုရောက်သွားသည်။ 

ကားပေါ်ကဆင်းပြီးချိန်းထားတဲ့ဆေးခန်းတံခါးဆီကိုသွားလိုက်သည်။ အလုပ်ဖွင့်ရက်ဖြစ်တာကြောင့် စင်္ကြံမှာလူသိပ်မရှိပေ။ 

ဆုရွီကျိုးကခုံတန်းလျားလေးမှာ ရိုးရိုးသားသားထိုင်ချလိုက်ပြီး သူဘေးကင်းကြောင့်ပြောဖို့အဖေဆီမက်ဆေ့ချ်ပို့လိုက်ပြီး ဖုန်းချကာပျင်းရိစွာလှည့်ကြည့်လိုက်သည်။ 

ဆေးကုသဆောင်၏တံခါးကိုနှင်းခဲမှန်များဖြင့်ပြုလုပ်ထားပြီး အတွင်းတွင် ကုလားထိုင်ပေါ်တွင်ထိုင်နေသည့်ပုံရိပ်ကို ဝိုးတဝါးမြင်‌နိုင်လေသည်။ 

နောက်ကျောဘက် အရပ်ရှည်တဲ့လူဖြစ်မယ်။ သူဘာဖြစ်သွားလဲတော့မသိပေမယ့် ဆရာဝန်ကသူ့လက်ထဲကရီပို့ကတ်ကိုကြည့်ရင်းမျက်မှောင်ကြုတ်လိုက်သည်။

"မစ္စတာဆူး မင်းစဉ်းစားပြီးပြီလား။"

ဆေးကုသခန်းထဲတွင်။

ဆရာဝန်ကမျက်မှောင်ကြုတ်လိုက်ပြီးအတည်ပြုရန်မေးလိုက်သည် "မင်းတကယ်ဂလင်းကိုခွဲစိတ်ဖို့လုပ်မှာလား?"

သူ့ရှေ့တွင်ထိုင်နေသောအမျိုးသားသည် အနက်ရောင်ဆံပင်နဲ့အနက်ရောင်မျက်လုံးများရှိပြီး သူ၏ချောမောလှပသောအသွင်မှာအားမာန်အပြည့်ရှိနေသည်။ သူသည်နက်ပြာရောင်ဝတ်ထားပြီး ကျယ်ပြန့်သောပုခုံးများ၊ ခါးကျဉ်းကျဉ်းနှင့်ခြေတံရှည်များ၊ ပြီးတော့အရပ်က၁.၉မီတာရှိလေသည်။

တံခါးကနေလှမ်းဝင်လိုက်တာနဲ့တဖက်လူက အိုမီဂါဖြစ်လိမ့်မယ်လို့ ဆရာဝန်ကမမျှော်လင့်ထားချေ။ 

ဒါပေမယ့်တစ်ဖက်လူရဲ့ဆေးမှတ်တမ်းမှာ အမှားအယွင်းမရှိတာကတော့အမှန်ပင်။ ပြီးတော့မစ္စတာဆူးကလည်း အိုမီဂါဂလင်းကိုဖယ်ထုတ်တဲ့ခွဲစိတ်မှုကို တောင်းဆိုထားသည်။ 

"ပြဿနာကဘာလဲ?" ဆူးကျန့်သည်မျက်ခုံးကိုပင့်ပြီးကြည့်လိုက်သည်။ သူသည်ထိုအရာကိုကြီးကြီးမားမားဖြစ်မည်ဟုမထင်ခဲ့ပေ။

ဘယ်လိုပြဿနာမှမဖြစ်နိုင်မှာလဲ?

သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုမြင်လိုက်တော့ဆရာဝန်ကပြောစရာစကားတောင်မရှိတော့ချေ။

သူကပြောလိုက်သည်" အယ်လ်ဖာသို့မဟုတ် အိုမီဂါအတွက်ဖြစ်စေ ဂလင်းကိုဖယ်ရှားတာကပြုပြင်လို့မရတဲ့ပျက်စီးမှုကိုဖြစ်စေနိုင်ပြီးတော့ သက်တမ်းတိုသွားစေနိုင်တယ်" 

"မင်းကထိပ်တန်းအိုမီဂါယောက်ဖြစ်တဲ့အတွက်ကြောင့်ပိုတောင်ဆိုးသေးတယ်"

"တကယ်လို့ လက်ထပ်တာကိုလက်မခံခြင်ဘူးဆိုရင် တားဆေးတွေကိုဆက်သုံးနိုင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို လှောင်ပြောင်စရာမလိုပါဘူး။"

ဆရာဝန်သည်မရေတွက်နိုင်သောလူများကိုဖတ်ရှုခဲ့ရပြီး သူ့အရှ့ကအိုမီဂါက ဆေးမှတ်တမ်းမှာသဲလွန်စတွေကိုမဖော်ပြထားဘဲ ဘာကြောင့်ဂလင်းကိုဖယ်ရှားချင်လဲဆိုတာကို သိရတာသဘာဝကျပါသည်။ 

တားဆေးများကိုရေရှည်အသုံးပြုခြင်း၊ အသက်၂၇နှစ်နှင့်အယ်လ်ဖာအမှတ်အသားမရှိ၊ ပြီးတော့ယာယီအမှတ်အသားတောင်မရှိ။

အသက်၂၂တွင်ကောလိပ်မှဘွဲ့ရပြီးနောက် ဖြန့်ဖြူးရေးကိုအာမခံသည့်ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင်ယင်းသည်လုံးဝအဆန်းမဟုတ်ပေ။ 

ဒီအခိုက်အတန့်မှာဆရာဝန်သည်လုံးဝရပ်တန့်သွားသည်။ 

"တားဆေးများကိုကြာရှည်အသုံးပြုခြင်းကြောင့် ***ရာသီယိုယွင်းလာပြီး ခန္ဓာကိုယ်သည်တားဆေးများကိုအချို့သောခုခံနိုင်စွမ်းရှိလာသည်..."

တနည်းအားဖြင့်ဤတားဆေးသည်မစ္စတာဆူးအတွက်ကတော့အသုံးမဝင်လုနီးပါးပင်။ 

ဆူးကျန့်ကနှုတ်ခမ်းကိုအနည်းငယ်ပွတ်လိုက်သည်။

ဆရာဝန်၏တိုးတိုးပြောသံကိုနားထောင်ရင်း သူ့နားထဲမှာကြားလိုက်ရတာကအဖိုးအို၏သနားစရာအသံပင်။

"မင်းဘာကြောင့်အိုမီဂါဖြစ်နေတာလည်း?"

ဟုတ်သည်။ အယ်လ်ဖာမဖြစ်ရင်တောင်ဘီတာလောက်ကတော့ကောင်းပါသည်။ ဘာကြောင့်အိုမီဂါလဲ? 

ဒီလိင်သည် သူမည်မျှအောင်မြင်မှုတွေကိုရခဲ့ပါစေ အမှန်ပင်အသိအမှတ်မပြုနိုင်ပေ။

အိုမီဂါသည်လက်ထပ်ရန် ရည်မှန်းထားပြီးအယ်လ်ဖာအမှတ်အသားကိုလက်ခံရန် ရည်ညွှန်းထားသည်။ သို့မဟုတ်ပါကသူသည် ***ရာသီခွင်ကိုမတော်တဆဝင်ရောက်သွားပါက မထင်မှတ်ထားသောပြဿနာများဖြစ်လာနိုင်သည်။

သို့သော်၊ အယ်လ်ဖာ၏***ကိုလက်ခံရန်၊ အယ်လ်ဖာ၏ဟော်မုန်းကိုအရှုံးပေးပြီးအခြားအိုမီဂါများကဲ့သို့ မိတ်လိုက်ခြင်းမျိုးနှင့်ပင်သူ့ကိုယ်သူ ဆုံးရှုံးစေနိုင်သလား?

ဘယ်ဟုတ်ပါ့မလဲ။

ဒီတော့...

"ကျေးဇူးပြုပြီး ကျွန်တော့ဂလင်းကိုဖယ်ထုတ်ပေးပါ။ အကျိုးဆက်အားလုံးကို ကျွန်တော်ခံပါ့မယ်။"

ထိုလူကဆရာဝန်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။

သူ၏အစွမ်းထက်သောရောင်ဝါနှင့်ပါဝါသည် သူ၏တောင်းဆိုမှုကိုတခြားလူမငြင်းဆန်နိုင်စေဘဲ သူအိုမီဂါဖြစ်သည်ဟူသောအချက်ကိုပင်မေ့သွားစေနိုင်သည်။ 

ဆရာဝန်ကသူ့ကိုကြည့်ကာနောက်ဆုံးတွင်သက်ပြင်းချလိုက်ပြီး "မစ္စတာဆူး ပြန်စဉ်းစားကြည့်ပါအုံး"

"တစ်လ"

"တစ်လကြာလို့မင်းစိတ်မ‌ပြောင်းသေးဘူးဆိုရင် ဆေးစစ်ဖို့လာခေါ်ပြီးမင်းအတွက်ခွဲစိတ်ဖို့ ငါစီစဉ်ပေးမယ်။"

"အခုတော့ငါမင်းကိုတားဆေးတွေဘဲပေးထားမယ်"

စင်္ကြံအပြင်ဘက်တွင်။

ဆုရွီကျိူးကအခန်းထဲမှာဘာပြောနေလည်းဆိုတာကိုမကြားနိုင်ပေမယ့် ဆရာဝန်ကစိတ်မကောင်းစွာနဲ့သက်ပျင်းချနေတာကိုတွေ့လိုက်ရပြီး ဘာဖြစ်သွားမှန်းသူမသိပေ။ 

အချိန်အတော်ကြာအောင်ကြည့်ပြီးနောက် ကျောပိုးအိတ်ကိုလက်နှစ်ဖက်နှင့်ကိုင်ကာ အိတ်ပေါ်ရှိဇစ်ကိုငြီးငွေ့စရာ‌ကောင်းသည့်ပုံစံဖြင့်ဆော့ကစားကာ အဝေးကိုကြည့်လိုက်သည်။ 

သိပ်မကြာခင်မှာဘဲ ဆေးကုသဆောင်၏တံခါးကပွင့်လာပြီး ဖိနပ်သံထွက်ပေါ်လာပြီး အရပ်ရှည်သောအမျိုးသားတစ်ယောက် အထဲမှထွက်လာလေသည်။ 

ဆုရွီကျိုးမော့ကြည့်လိုက်သည်။

သူ့မျက်လုံးကိုဖမ်းစားနိုင်လောက်တဲ့ပထမဦးဆုံးအရာကတော့နက်ပြာရောင်ဝတ်စုံ၊ သူ့လက်ကောက်ဝတ်မှာနာမည်ကြီးနာရီကိုဝတ်ဆင်ထားတဲ့ အမျိုးသားကဝတ်ဆင်ထားတဲ့နာမည်ကြီးအမှတ်တံဆိပ် သားရေဖိနပ်၊ အဆင့်အတန်းမြင့်တဲ့အောင်မြင်သူရဲ့ခြေဖဝါးအောက်မှာ တတ်ဆင်ထားသည်။

သူ့အရပ်က၁.၉မီတာရှိပြီး ၁.၈မီတာထက်အနည်းငယ်သာမြင့်သည်။ ရုပ်ရည်ကချောမောပြီးအယ်လ်ဖာနှင့်တူသည်။ 

ပြီးတော့လုံးဝအမိုက်စားအယ်လ်ဖာ။

ဆုရွီကျိူးသူအသိပြန်ဝင်လာပြီး သစ်အယ်သီးရနံ့ကိုအရိပ်အမြွက်ရှူရှိုက်မိလိုက်သည်။ 

သစ်အယ်သီးလှော်နံ့ကိုသတိရကာ မသိစိတ်ထဲကတံတွေးမျိုချလိုက်သည်။ သူ၏လှပသောမျက်လုံးများ သူ့ဘေးနားကဖြတ်သွားသောလူကို လိုက်ကြည့်နေလိုက်သည်။ 

"ပက်..."

ထိုလူ၏အိတ်ကပ်ထဲမှတစ်ခုခုထွက်ကြလာပြီး ဆုရွီကျိုးထိုင်နေသောနေရာဆီသို့လိမ့်လာခဲ့သည်။ 

ဆုရွီကျိုးသည်ကူကယ်ရာမဲ့ကြည့်နေလိုက်သည်။ ထိုသူခြေလှမ်းအနည်းငယ်လှမ်းမှာကိုစောင့်နေပြီး ထိုသူသတိမထားမိကြောင်းအတည်ပြုပြီးမှ "လူကြီးမင်း၊ ခနလောက်"

ထိုလူကရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ 

ဆုရွီကျိုးသည်သူရှိနေတဲ့လမ်းကြောင်းနဲ့အညီ ခေါင်း‌ကိုမော့ကြည့်လိုက်သည်။ 

ထိုလူ၏အနက်ရောင်မျက်လုံးများသည်နက်နဲပြီး ချစ်စရာကောင်းနေသည်။ ဤရှုထောင့်မှကြည့်လျှင်သူ့မျက်နှာအသွင်အပြင်သည် ချောမောပြီးကြယ်တစ်ပွင့်အဖြစ် ပွဲဦးထွက်နိုင်သည့်အလှတစ်ခုဖြစ်သည်။ 

"အယ်လ်ဖာ မင်းရဲ့ဟော်မုန်းကိုပြန်ရုတ်သိမ်းလိုက်" 

သူပြောပြီးသည်နှင့်မနေတော့ဘဲ ဒေါသတကြီးဖြင့်ထွက်သွားလေသည်။

ဆုရွီကျိုးကသူ့နောက်ကျောကိုကြည့်ပြီး ကြိမ်းမောင်းတာကိုပြန်အမှတ်ရကာ သူ့ဟော်မုန်းကိုမတော်တဆထုတ်လွှင့်လိုက်မိသည်ဟု သဘောပေါက်လိုက်သည်။ 

သူမှတ်မိတာသာမှန်မယ်ဆိုရင် ဤအရာသည်အယ်လ်ဖာအမြင်မှာဆိုရင် ရန်စတဲ့လုပ်ရပ်ဘဲမို့လား?

Zawgyi

"အေဖ ကြၽန္ေတာ္ျပင္သြားလိုက္အုံးမယ္"

ဆု႐ြီက်ိဳးသည္ အေပါက္ဝတြင္ထိုင္ကာဖိနပ္စီးလိုက္ၿပီး ထလိုက္ကာေနာက္တြင္႐ွိေသာလူကိုေျပာလိုက္သည္။ 

ေယာက်္ားေလးကေသးေသးသြယ္သြယ္ႏွင့္ေခ်ာေမာၿပီး ေပ်ာ့နဲ႔နဲ႔ျဖစ္ေနသည္။ ထိုသူသည္ဒီႏွစ္အတြင္းအသက္ေလးဆယ္ေက်ာ္႐ွိရာ သူ၏႐ုပ္ရည္သည္သုံးဆယ္အ႐ြယ္ေလာက္သာျဖစ္ေနသည္။ 

သူသည္မ်က္ေမွာင္ၾကဳတ္ကာ အနည္းငယ္စိုးရိမ္ေသာကျဖင့္ သူ႕သားကိုၾကည့္ကာ "မင္းကိုအေဖာ္ျပဳဖို႔မင္းအေဖကိုတကယ္မလိုဘူးလား?"

ဆု႐ြီက်ိဳးစကား‌ျပန္ေျပာရန္အခ်ိန္တြင္ ခမ္းနားေသာအမ်ိဳးသမီးအသံက အနည္းငယ္ထြက္ေပၚလာသည္။ 

"သူ႕အသက္က၁၆ႏွစ္႐ွိၿပီ။ သူကိုယ္တိုင္ဒီလိုအရာမ်ိဳးေတြလုပ္သင့္တယ္။ သူ႕ကိုအလိုလိုက္မေနနဲ႔"

အသံႏွင့္အတူ ဧည့္ခန္းထဲကေနအရပ္႐ွည္တဲ့အသြင္အျပင္ထြက္ေပၚလာသည္။ သူသည္ ဒီဘဝကဆု႐ြီက်ိဳးရဲ႕အေမ ဆုလန္ပင္။ 

ေဖေဖဆုကေတာ့မ်က္ေမွာင္ၾကဳတ္ကာ "ငါေလွေပၚမွာတစ္ခုခုျဖစ္သြားမွာကိုမေၾကာက္ဘူး။ ပထမ***ကာလကအေသးအဖြဲ႕မဟုတ္ဘူး"

"လဝက္ေလာက္က်န္ေသးတယ္မဟုတ္လား? အယ္လ္ဖာအတြက္ဘာမ်ားမွားယြင္းသြားႏိုင္မွာလဲ?" ဆုလန္ကစိတ္မ႐ွည္တဲ့ေလသံႏွင့္ "အဲ့တာကိုစိတ္ပူမေနနဲ႔ ကိုယ့္ခႏၶာကိုယ္ကို ဂ႐ုမစိုက္ဘူး"

"ေဆးကစားပြဲေပၚမွာ႐ွိတယ္။ ဝင္ၿပီးစားသြား။" 

လင္းဇီသည္မေနကအေအးမိၿပီး ယေန႔ေနမေကာင္းေသာေၾကာင့္ ဆုလန္သည္သူ႕ကိုျပဳစုရန္အိမ္တြင္႐ွိေနခဲ့သည္။ ဆုလန္သည္မ်ားေသာ‌အားျဖင့္ တင္းၾကပ္တဲ့အယ္ဖာျဖစ္ေသာ္လည္း အေရးႀကီးေသာအခ်ိန္မ်ားတြင္ သူမသည္သူမ၏လက္တြဲေဖာ္အေပၚအလြန္ႏူးညံ့သိမ္ေမြ႕ၿပီး စာနာတတ္ေသးသည္။ 

ဆု႐ြီက်ိဳးသည္ပုခုံးတြန္႔လိုက္ကာ သူ၏သိမ္ေမြ႕ၿပီးႏူးညံ့တဲ့အိုမီဂါဖခင္ကို ျပဳံးျပၿပီးႏွစ္သိမ့္ေပးရင္း အယ္လ္ဖာမိခင္ရဲ႕ တင္းမာတဲ့စကားကိုနားေထာင္ရင္းအိမ္အျပင္ကိုထြက္လာခဲ့သည္။ 

အိမ္တံခါးဝမွာေတာ့ သူေခၚထားတဲ့ကားက ေစာင့္ေနၿပီျဖစ္သည္။ 

"ဆရာႀကီး ဗဟိုေဆး႐ုံကိုေမာင္းေပးပါ။ ေက်းဇူးတင္ပါတယ္။"

"ေကာင္းပါၿပီ"

တကၠစီသည္ေျဖးညင္းစြာစထြက္ခဲ့သည္။ 

ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္ရန္ ဆု႐ြီက်ိဳးသူ၏ေခါင္းကိုလွည့္လိုက္သည္။ ေဖာက္ထြင္းျမင္ေနရေသာဖန္သားျပင္တြင္ ဥယာဥ္္ေလးတစ္ခုပါဝင္တဲ့မိသားစုတစ္စုအိမ္ေလးကေရာင္ျပန္ဟပ္လို႔ေနသည္။ ၿပီးေတာ့၎သည္၁၈ႏွစ္ၾကာေအာင္ေနခဲ့ေသာအိမ္ေလးလည္းျဖစ္သည္။ 

သူရဲ႕အရင္ဘဝတြင္သူသည္သာမာန္လူတစ္ဦးသာျဖစ္သည္။ ေကာလိပ္မွဘြဲ႕ရၿပီးေနာက္သူႏွစ္သက္ေသာ ကုမၸဏီကိုဝင္ေရာက္ခဲ့သည္။ ရလဒ္အေနနဲ႔ကေတာ့ သူသည္တိရစၧာန္လိုတစ္ႏွစ္ေလာက္ႀကိဳးစားခဲ့ၿပီး စီးပြားေရးခရီးတြင္ယာဥ္မေတာ္တဆမႈႏွင့္ေသဆုံးခဲ့ရသည္။ 

သူျပန္ၿပီးသတိရလာေတာ့ ဒီထူးဆန္းတဲ့ကမ႓ာကိုေရာက္ေနခဲ့ၿပီး လင္းဇီနဲ႔ဆုလန္ရဲ႕သားအသစ္ျဖစ္လာခဲ့သည္။ 

ကေလးဘဝတြင္႐ုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈ မျပည့္စုံျခင္းေၾကာင့္ျဖစ္ႏိုင္သည္။ အဲ့ဒီတုန္းက သူ႕အရင္ဘဝကမွတ္ညဏ္ေတြသိပ္မ႐ွိေပမယ့္ အိမ္မက္ထဲတြင္ျမင္ကြင္းအခ်ိဳ႕ကိုမၾကာခဏေတြ႕ဖူး‌ခဲ့သည္။ လူပ်ိဳေဖာ္ဝင္ခ်ိန္မတိုင္ခင္အခ်ိန္ကမွ သူအျပည့္အဝမွတ္မိသြားခဲ့သည္။ 

ဤကဲ့သို႔ေသာ 'စြန္႔စားခန္း'သည္ သူ၏အယူအဆကိုကမ႓ာႀကီးႏွင့္ဆန္႔က်င္ေစသည္။ ဆု႐ြီက်ိဳး၏အသိညဏ္အရ ကမ႓ာႀကီးသည္ ေယာက်္ား၊ မိန္းမဆိုၿပီးခြဲျခားသင့္ေသာ္လည္း ဤကမ႓ာသည္ထိုသိုမဟုတ္။

ကမ႓ာႀကီးကို ABOဆိုၿပီးက်ားသုံးမ်ိဳးခြဲျခားထားသည္။ ဤက်ားသုံးမ်ိဳးေအာက္တြင္အမ်ိဳးသားႏွင့္အမ်ိဳးသမီးတို႔၏အသြင္အျပင္ကြဲျပားေသာလကၡဏာႏွစ္မ်ိဳး႐ွိသည္။ ဟုတ္သည္၊ ဒီေလာကတြင္႐ွိေသာလူေတြအတြက္ ေယာက်္ားနဲ႔မိန္းမဆိုတာ ႐ုပ္ပိုင္းဆိုင္ရာလကၡဏာမတူၾကေခ်။ က်ားမခြဲျခားရန္ABOဟုေခၚ္ၿပီးေဟာ္မုန္းမ်ားကိုႏွစ္သက္ၾကသည္။ 

အဲ့တာကဆု႐ြီက်ိဳးကိုပရမ္းပတာျဖစ္ေစခဲ့သည္။ 

သူ႕အယူအဆအရ သူႏွင့္သူ႕အေဖသည္လိင္တူရမွာျဖစ္ၿပီး သူ႕အေမႏွင့္ညီမကတူရမွာျဖစ္သည္။ 

ဒါေပမယ္တကယ္ေတာ့ အယ္လ္ဖာတစ္ေယာက္အေနနဲ႔ သူ၊ သူ႕အေမနဲ႔ညီမကလိင္တူၿပီး အိုမီဂါျဖစ္တဲ့အေဖနဲ႔ေတာ့ သူတို႔ဟာလုံးဝဆန္႔က်င္ဘက္ျဖစ္ေနသည္။

အထူးသျဖင့္ဆုလန္ကသူနဲ႔သူ႕ညီမကို မိဘႏွင့္ကေလးေရတူတူခ်ိဳးဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ ဆု႐ြီက်ိဳးအတြက္ကေတာ့ နားမလည္ခဲ့ေပ။ 

ငယ္ငယ္ကသူ႕အေမနဲ႔ေရမခ်ိဳးဖို႔ ႐ုန္းကန္ခဲ့ရတာကိုျပန္သတိရေတာ့ ဆု႐ြီက်ိဳးသူ႕မ်က္ႏွာကိုလက္နဲ႔မအုပ္ဘဲမေနႏိုင္ခဲ့ေခ်။ 

သူ၏ယခင္ဘဝကအယူအဆမွာ နက္နဲသည္ထင္သည္။ ဤကမ႓ာတြင္၁၈ႏွစ္ၾကာေနထိုင္ၿပီးေနာက္ ‌‌ေဟာ္မုန္းမွတဆင့္ တျခားလူ၏လိင္အမ်ိဳးအစားကိုမေျပာႏိုင္ေသးေပ။ 

ကံေကာင္းေထာက္မစြာနဲ႔ အိုမီဂါရဲ႕ ကိုယ္လုံးကိုယ္ေပါက္သည္ အယ္လ္ဖာ၊ဘီတာမ်ားနဲ႔အေတာ္ေလးကြာျခားၿပီး အသြင္အျပင္ႏွင့္ခြဲျခားရန္လြယ္ကူသည္။ 

ဆု႐ြီက်ိဳးထိုအေၾကာင္းကိုေတြးေနရင္းနဲ႔ သူ႕ကားက ေဆး႐ုံတံခါးဝကိုေရာက္သြားသည္။ 

ကားေပၚကဆင္းၿပီးခ်ိန္းထားတဲ့ေဆးခန္းတံခါးဆီကိုသြားလိုက္သည္။ အလုပ္ဖြင့္ရက္ျဖစ္တာေၾကာင့္ စႀကႍမွာလူသိပ္မ႐ွိေပ။ 

ဆု႐ြီက်ိဳးကခုံတန္းလ်ားေလးမွာ ႐ိုး႐ိုးသားသားထိုင္ခ်လိုက္ၿပီး သူေဘးကင္းေၾကာင့္ေျပာဖို႔အေဖဆီမက္ေဆ့ခ်္ပို႔လိုက္ၿပီး ဖုန္းခ်ကာပ်င္းရိစြာလွည့္ၾကည့္လိုက္သည္။ 

ေဆးကုသေဆာင္၏တံခါးကိုႏွင္းခဲမွန္မ်ားျဖင့္ျပဳလုပ္ထားၿပီး အတြင္းတြင္ ကုလားထိုင္ေပၚတြင္ထိုင္ေနသည့္ပုံရိပ္ကို ဝိုးတဝါးျမင္‌ႏိုင္ေလသည္။ 

ေနာက္ေက်ာဘက္ အရပ္႐ွည္တဲ့လူျဖစ္မယ္။ သူဘာျဖစ္သြားလဲေတာ့မသိေပမယ့္ ဆရာဝန္ကသူ႕လက္ထဲကရီပို႔ကတ္ကိုၾကည့္ရင္းမ်က္ေမွာင္ၾကဳတ္လိုက္သည္။

"မစၥတာဆူး မင္းစဥ္းစားၿပီးၿပီလား။"

ေဆးကုသခန္းထဲတြင္။

ဆရာဝန္ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီးအတည္ျပဳရန္ေမးလိုက္သည္ "မင္းတကယ္ဂလင္းကိုခြဲစိတ္ဖို႔လုပ္မွာလား?"

သူ႕ေ႐ွ႕တြင္ထိုင္ေနေသာအမ်ိဳးသားသည္ အနက္ေရာင္ဆံပင္နဲ႔အနက္ေရာင္မ်က္လုံးမ်ား႐ွိၿပီး သူ၏ေခ်ာေမာလွပေသာအသြင္မွာအားမာန္အျပည့္႐ွိေနသည္။ သူသည္နက္ျပာေရာင္ဝတ္ထားၿပီး က်ယ္ျပန္႔ေသာပုခုံးမ်ား၊ ခါးက်ဥ္းက်ဥ္းႏွင့္ေျခတံ႐ွည္မ်ား၊ ၿပီးေတာ့အရပ္က၁.၉မီတာ႐ွိေလသည္။

တံခါးကေနလွမ္းဝင္လိုက္တာနဲ႔တဖက္လူက အိုမီဂါျဖစ္လိမ့္မယ္လို႔ ဆရာဝန္ကမေမွ်ာ္လင့္ထားေခ်။ 

ဒါေပမယ့္တစ္ဖက္လူရဲ႕ေဆးမွတ္တမ္းမွာ အမွားအယြင္းမ႐ွိတာကေတာ့အမွန္ပင္။ ၿပီးေတာ့မစၥတာဆူးကလည္း အိုမီဂါဂလင္းကိုဖယ္ထုတ္တဲ့ခြဲစိတ္မႈကို ေတာင္းဆိုထားသည္။ 

"ျပႆနာကဘာလဲ?" ဆူးက်န္႔သည္မ်က္ခုံးကိုပင့္ၿပီးၾကည့္လိုက္သည္။ သူသည္ထိုအရာကိုႀကီးႀကီးမားမားျဖစ္မည္ဟုမထင္ခဲ့ေပ။

ဘယ္လိုျပႆနာမွမျဖစ္ႏိုင္မွာလဲ?

သူ႕ရဲ႕ပုံပန္းသ႑ာန္ကိုျမင္လိုက္ေတာ့ဆရာဝန္ကေျပာစရာစကားေတာင္မ႐ွိေတာ့ေခ်။

သူကေျပာလိုက္သည္" အယ္လ္ဖာသို႔မဟုတ္ အိုမီဂါအတြက္ျဖစ္ေစ ဂလင္းကိုဖယ္႐ွားတာကျပဳျပင္လို႔မရတဲ့ပ်က္စီးမႈကိုျဖစ္ေစႏိုင္ၿပီးေတာ့ သက္တမ္းတိုသြားေစႏိုင္တယ္" 

"မင္းကထိပ္တန္းအိုမီဂါေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ပိုေတာင္ဆိုးေသးတယ္"

"တကယ္လို႔ လက္ထပ္တာကိုလက္မခံျခင္ဘူးဆိုရင္ တားေဆးေတြကိုဆက္သုံးႏိုင္တယ္။ မင္းရဲ႕ခႏၶာကိုယ္ကို ေလွာင္ေျပာင္စရာမလိုပါဘူး။"

ဆရာဝန္သည္မေရတြက္ႏိုင္ေသာလူမ်ားကိုဖတ္႐ႈခဲ့ရၿပီး သူ႕အ႐ွ႕ကအိုမီဂါက ေဆးမွတ္တမ္းမွာသဲလြန္စေတြကိုမေဖာ္ျပထားဘဲ ဘာေၾကာင့္ဂလင္းကိုဖယ္႐ွားခ်င္လဲဆိုတာကို သိရတာသဘာဝက်ပါသည္။ 

တားေဆးမ်ားကိုေရ႐ွည္အသုံးျပဳျခင္း၊ အသက္၂၇ႏွစ္ႏွင့္အယ္လ္ဖာအမွတ္အသားမ႐ွိ၊ ၿပီးေတာ့ယာယီအမွတ္အသားေတာင္မ႐ွိ။

အသက္၂၂တြင္ေကာလိပ္မွဘြဲ႕ရၿပီးေနာက္ ျဖန္႔ျဖဴးေရးကိုအာမခံသည့္ယေန႔ေခတ္လူ႕အဖြဲ႕အစည္းတြင္ယင္းသည္လုံးဝအဆန္းမဟုတ္ေပ။ 

ဒီအခိုက္အတန္႔မွာဆရာဝန္သည္လုံးဝရပ္တန္႔သြားသည္။ 

"တားေဆးမ်ားကိုၾကာ႐ွည္အသုံးျပဳျခင္းေၾကာင့္ ***ရာသီယိုယြင္းလာၿပီး ခႏၶာကိုယ္သည္တားေဆးမ်ားကိုအခ်ိဳ႕ေသာခုခံႏိုင္စြမ္း႐ွိလာသည္..."

တနည္းအားျဖင့္ဤတားေဆးသည္မစၥတာဆူးအတြက္ကေတာ့အသုံးမဝင္လုနီးပါးပင္။ 

ဆူးက်န္႔ကႏႈတ္ခမ္းကိုအနည္းငယ္ပြတ္လိုက္သည္။

ဆရာဝန္၏တိုးတိုးေျပာသံကိုနားေထာင္ရင္း သူ႕နားထဲမွာၾကားလိုက္ရတာကအဖိုးအို၏သနားစရာအသံပင္။

"မင္းဘာေၾကာင့္အိုမီဂါျဖစ္ေနတာလည္း?"

ဟုတ္သည္။ အယ္လ္ဖာမျဖစ္ရင္ေတာင္ဘီတာေလာက္ကေတာ့ေကာင္းပါသည္။ ဘာေၾကာင့္အိုမီဂါလဲ? 

ဒီလိင္သည္ သူမည္မွ်ေအာင္ျမင္မႈေတြကိုရခဲ့ပါေစ အမွန္ပင္အသိအမွတ္မျပဳႏိုင္ေပ။

အိုမီဂါသည္လက္ထပ္ရန္ ရည္မွန္းထားၿပီးအယ္လ္ဖာအမွတ္အသားကိုလက္ခံရန္ ရည္ၫႊန္းထားသည္။ သို႔မဟုတ္ပါကသူသည္ ***ရာသီခြင္ကိုမေတာ္တဆဝင္ေရာက္သြားပါက မထင္မွတ္ထားေသာျပႆနာမ်ားျဖစ္လာႏိုင္သည္။

သို႔ေသာ္၊ အယ္လ္ဖာ၏***ကိုလက္ခံရန္၊ အယ္လ္ဖာ၏ေဟာ္မုန္းကိုအ႐ႈံးေပးၿပီးအျခားအိုမီဂါမ်ားကဲ့သို႔ မိတ္လိုက္ျခင္းမ်ိဳးႏွင့္ပင္သူ႕ကိုယ္သူ ဆုံး႐ႈံးေစႏိုင္သလား?

ဘယ္ဟုတ္ပါ့မလဲ။

ဒီေတာ့...

"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ဂလင္းကိုဖယ္ထုတ္ေပးပါ။ အက်ိဳးဆက္အားလုံးကို ကြၽန္ေတာ္ခံပါ့မယ္။"

ထိုလူကဆရာဝန္ကိုစူးစူးစိုက္စိုက္ၾကည့္လိုက္သည္။

သူ၏အစြမ္းထက္ေသာေရာင္ဝါႏွင့္ပါဝါသည္ သူ၏ေတာင္းဆိုမႈကိုတျခားလူမျငင္းဆန္ႏိုင္ေစဘဲ သူအိုမီဂါျဖစ္သည္ဟူေသာအခ်က္ကိုပင္ေမ့သြားေစႏိုင္သည္။ 

ဆရာဝန္ကသူ႕ကိုၾကည့္ကာေနာက္ဆုံးတြင္သက္ျပင္းခ်လိုက္ၿပီး "မစၥတာဆူး ျပန္စဥ္းစားၾကည့္ပါအုံး"

"တစ္လ"

"တစ္လၾကာလို႔မင္းစိတ္မ‌ေျပာင္းေသးဘူးဆိုရင္ ေဆးစစ္ဖို႔လာေခၚၿပီးမင္းအတြက္ခြဲစိတ္ဖို႔ ငါစီစဥ္ေပးမယ္။"

"အခုေတာ့ငါမင္းကိုတားေဆးေတြဘဲေပးထားမယ္"

စႀကႍအျပင္ဘက္တြင္။

ဆု႐ြီက်ိဴးကအခန္းထဲမွာဘာေျပာေနလည္းဆိုတာကိုမၾကားႏိုင္ေပမယ့္ ဆရာဝန္ကစိတ္မေကာင္းစြာနဲ႔သက္ပ်င္းခ်ေနတာကိုေတြ႕လိုက္ရၿပီး ဘာျဖစ္သြားမွန္းသူမသိေပ။ 

အခ်ိန္အေတာ္ၾကာေအာင္ၾကည့္ၿပီးေနာက္ ေက်ာပိုးအိတ္ကိုလက္ႏွစ္ဖက္ႏွင့္ကိုင္ကာ အိတ္ေပၚ႐ွိဇစ္ကိုၿငီးေငြ႕စရာ‌ေကာင္းသည့္ပုံစံျဖင့္ေဆာ့ကစားကာ အေဝးကိုၾကည့္လိုက္သည္။ 

သိပ္မၾကာခင္မွာဘဲ ေဆးကုသေဆာင္၏တံခါးကပြင့္လာၿပီး ဖိနပ္သံထြက္ေပၚလာၿပီး အရပ္႐ွည္ေသာအမ်ိဳးသားတစ္ေယာက္ အထဲမွထြက္လာေလသည္။ 

ဆု႐ြီက်ိဳးေမာ့ၾကည့္လိုက္သည္။

သူ႕မ်က္လုံးကိုဖမ္းစားႏိုင္ေလာက္တဲ့ပထမဦးဆုံးအရာကေတာ့နက္ျပာေရာင္ဝတ္စုံ၊ သူ႕လက္ေကာက္ဝတ္မွာနာမည္ႀကီးနာရီကိုဝတ္ဆင္ထားတဲ့ အမ်ိဳးသားကဝတ္ဆင္ထားတဲ့နာမည္ႀကီးအမွတ္တံဆိပ္ သားေရဖိနပ္၊ အဆင့္အတန္းျမင့္တဲ့ေအာင္ျမင္သူရဲ႕ေျခဖဝါးေအာက္မွာ တတ္ဆင္ထားသည္။

သူ႕အရပ္က၁.၉မီတာ႐ွိၿပီး ၁.၈မီတာထက္အနည္းငယ္သာျမင့္သည္။ ႐ုပ္ရည္ကေခ်ာေမာၿပီးအယ္လ္ဖာႏွင့္တူသည္။ 

ၿပီးေတာ့လုံးဝအမိုက္စားအယ္လ္ဖာ။

ဆု႐ြီက်ိဴးသူအသိျပန္ဝင္လာၿပီး သစ္အယ္သီးရနံ႔ကိုအရိပ္အႁမြက္႐ွဴ႐ိႈက္မိလိုက္သည္။ 

သစ္အယ္သီးေလွာ္နံ႔ကိုသတိရကာ မသိစိတ္ထဲကတံေတြးမ်ိဳခ်လိုက္သည္။ သူ၏လွပေသာမ်က္လုံးမ်ား သူ႕ေဘးနားကျဖတ္သြားေသာလူကို လိုက္ၾကည့္ေနလိုက္သည္။ 

"ပက္..."

ထိုလူ၏အိတ္ကပ္ထဲမွတစ္ခုခုထြက္ၾကလာၿပီး ဆု႐ြီက်ိဳးထိုင္ေနေသာေနရာဆီသို႔လိမ့္လာခဲ့သည္။ 

ဆု႐ြီက်ိဳးသည္ကူကယ္ရာမဲ့ၾကည့္ေနလိုက္သည္။ ထိုသူေျခလွမ္းအနည္းငယ္လွမ္းမွာကိုေစာင့္ေနၿပီး ထိုသူသတိမထားမိေၾကာင္းအတည္ျပဳၿပီးမွ "လူႀကီးမင္း၊ ခနေလာက္"

ထိုလူကရပ္လိုက္ၿပီး လွည့္ၾကည့္လိုက္သည္။ 

ဆု႐ြီက်ိဳးသည္သူ႐ွိေနတဲ့လမ္းေၾကာင္းနဲ႔အညီ ေခါင္း‌ကိုေမာ့ၾကည့္လိုက္သည္။ 

ထိုလူ၏အနက္ေရာင္မ်က္လုံးမ်ားသည္နက္နဲၿပီး ခ်စ္စရာေကာင္းေနသည္။ ဤ႐ႈေထာင့္မွၾကည့္လွ်င္သူ႕မ်က္ႏွာအသြင္အျပင္သည္ ေခ်ာေမာၿပီးၾကယ္တစ္ပြင့္အျဖစ္ ပြဲဦးထြက္ႏိုင္သည့္အလွတစ္ခုျဖစ္သည္။ 

"အယ္လ္ဖာ မင္းရဲ႕ေဟာ္မုန္းကိုျပန္႐ုတ္သိမ္းလိုက္" 

သူေျပာၿပီးသည္ႏွင့္မေနေတာ့ဘဲ ေဒါသတႀကီးျဖင့္ထြက္သြားေလသည္။

ဆု႐ြီက်ိဳးကသူ႕ေနာက္ေက်ာကိုၾကည့္ၿပီး ႀကိမ္းေမာင္းတာကိုျပန္အမွတ္ရကာ သူ႕ေဟာ္မုန္းကိုမေတာ္တဆထုတ္လႊင့္လိုက္မိသည္ဟု သေဘာေပါက္လိုက္သည္။ 

သူမွတ္မိတာသာမွန္မယ္ဆိုရင္ ဤအရာသည္အယ္လ္ဖာအျမင္မွာဆိုရင္ ရန္စတဲ့လုပ္ရပ္ဘဲမို႔လား?

Bạn đang đọc truyện trên: Truyen2U.Pro