အပိုင္း ( ၂ )

Màu nền
Font chữ
Font size
Chiều cao dòng

အပိုင္း ၂




ခပ္ၾကမ္းၾကမ္းအနမ္းေတြဆီက လြတ္ေျမာက္သြားသည္ႏွင့္
ဝိုင္ တစ္ကိုယ္လံုးေပ်ာ့ေခြကာ ၾကမ္းျပင္ေပၚသို႔ အ႐ုပ္ႀကိဳးပ်က္
ျပဳတ္က်သြားရေတာ့သည္ ။
သို႔ေသာ္ ခႏၶာကိုယ္ကမာေက်ာေသာၾကမ္းျပင္ႏွင့္မမိတ္ဆက္
ခင္ သန္မာေသာလက္ေမာင္းေတြရဲ႕ေထြးေပြ႔ျခင္းခံရၿပီးေနာက္
က်ယ္ျပန္႔ေသာရင္ခြင္ထဲတင္းၾကပ္စြာေပြ႔ဖက္ခံလိုက္ရျပန္ေလ
သည္ ။

"ကိုယ္ ျပန္လာျပီ ေဘဘီ..."

ရင္းႏွီးေသာအထိအေတြ႔ေၾကာင့္ စိတ္ေတြလႈပ္႐ွားေနရသည့္
အခ်ိန္ ခုႏွစ္ ႏွစ္တိုင္တိုင္အိပ္မက္ေတြထဲအထိ လာလာေႏွာက္
ယွက္တတ္သည့္ အက္႐ွ႐ွအသံေၾကာင့္ လူကကတုန္ကရင္
ျဖစ္လာရသည္ ။အလ်င္အျမန္႐ုန္းထြက္လိုက္သလို ခပ္ၾကမ္း
ၾကမ္းတြန္းတုတ္လိုက္သည့္အခါ တစ္ဖက္လူဆီမွခပ္ဟဟ
ရယ္သံတစ္ခ်ိဳ႕အား ဝိုင္ ၾကားလိုက္ရသည္ ။

က်စ္ ဒီနတ္ဆိုးလိုရယ္သံကေတာ့....

"မေတြ႔ရတဲ့ခုႏွစ္ ႏွစ္တာအတြင္း ကိုယ့္အေပၚသိပ္ကိုစိမ္းကား
သြားပါလား ဟမ္ ေဘဘီ..."

"ခင္ဗ်ား လူမွားေနၿပီထင္တယ္...."

" ႏွင္း သက္ ဝိုင္ ‼! "

ေ႐ွာင္ထြက္သြားဖို႔ႀကိဳးစားလိုက္ေပမဲ့ ထြက္ေပၚလာေသာခပ္မာ
မာေခၚသံက ေျခလွမ္းေတြကိုရပ္တန္႔သြားေစေလသည္ ။
ေယာက်ၤားခ်င္းအတူတူေတာင္ အ႐ွိန္အဝါေတြအလြန္ႀကီးမား
ေနေသာ ထိုလူ႔လက္ထဲက လြတ္ေျမာက္ဖို႔ဆိုတာ ဝိုင့္အတြက္
လြယ္ေတာ့မလြယ္ကူေပ ။

အင္း ဘယ္တုန္းကမွလည္း မလြတ္ေျမာက္ခဲ့ဖူးပါဘူး....

"မင္းက အရင္တုန္းကလိုပဲ သတၱိမ႐ွိတဲ့ေကာင္ ျဖစ္ေနတုန္း
ပါပဲလား ႏွင္းသက္ဝိုင္...."

သူ႔ရဲ႕စြပ္စြဲခ်က္ေတြကို ဝိုင္ ဘယ္လိုမွေျဖ႐ွင္းခ်က္မေပးခ်င္ပါ ။
သူေျပာသလိုပင္ ၊ကိုယ္ကိုယ္တိုင္ကလည္း သတၱိမ႐ွိတဲ့ေကာင္
ဆိုတာ အမွန္ပင္ျဖစ္ေနဆဲေလ ။

"ေတာက္ ‼! "

တုန္႔ျပန္မႈမ႐ွိေသာ ဝိုင့္ အားအေတာ္စိတ္ဆိုးသြားသည္ထင္
ေတာက္တစ္ခ်က္ေခါက္ၿပီး ဝိုင့္ အားေက်ာခိုင္း၍ Toilet
ထဲမွဝုန္းဒိုင္းၾကဲကာထြက္သြားေလေတာ့သည္ ။
ဒီတစ္ခါလည္း ဝိုင္ မတားဆီးမိေပ ။သူ မ႐ွိေတာ့ဘူးဆိုတာ
ေသခ်ာေတာ့မွ ၾကမ္းျပင္ေပၚသို႔ ငုတ္တုပ္ကေလးထိုင္ခ်ၿပီး
ဒူးႏွစ္ဖက္ကို ဖက္ကာ ႐ႈိက္ႀကီးတငင္ငိုေႂကြးမိသည့္အျဖစ္ ။
အတန္ၾကာေအာင္ငိုလို႔ ဝၿပီဆိုေတာ့မွ ထကာ ေဘစင္တြင္
မ်က္ႏွာျပန္သစ္ၿပီး Toilet ထဲမွထြက္လာခဲ့ေတာ့သည္ ။
Studio ထဲျပန္ေရာက္ေတာ့ အသင့္ေစာင့္ေနေသာ မမႏြယ္က
အနားေရာက္လာၿပီး စိုးရိမ္တႀကီးေမး႐ွာေလသည္ ။

"ဝိုင္ အဆင္ေျပရဲ႕လား မ်က္ႏွာလည္းမေကာင္းဘူး...."

"ရတယ္ မမႏြယ္ ကြၽန္ေတာ္အဆင္ေျပပါတယ္ Model အဆင္
သင့္ျဖစ္ၿပီဆိုရင္ ကြၽန္ေတာ္တို႔စ႐ိုက္ၾကမယ္ေလ..."

ဝိုင္ လည္းေဘးမွာခ်ထားေသာ ကင္မရာကိုေကာက္ကိုင္ကာ
ဟန္ေဆာင္အျပံဳးေလးနဲ႔ ေျပာလိုက္ေတာ့သည္ ။

"ဓာတ္ပံုမ႐ိုက္ခင္ model ေတြနဲ႔အရင္မိတ္ဆက္ေပးမယ္
လာ ဝိုင္..."

ဝိုင္ လည္းအသာေခါင္းညိတ္ကာ မမႏြယ္ ေခၚရာေနာက္သို႔
လိုက္ခဲ့ေတာ့သည္ ။
ဝိုင္ ႐ိုက္ေပးရမယ့္ Model ကႏွစ္ေယာက္ ။ေယာက်ၤားတစ္
ေယာက္ ႏွင့္ မိန္းကေလးတစ္ေယာက္ ျဖစ္သည္ ။
အရပ္ျမင့္ျမင့္ ႏွင့္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ခႏၶာကိုယ္႐ွိေသာ
ေယာက်ၤားေလးေမာ္ဒယ္က ဝိုင္ တို႔အားေက်ာေပးကာရပ္ေန
တာေၾကာင့္ မ်က္ႏွာကိုေတာ့မျမင္ရေပ ။
မိန္းကေလးေမာ္ဒယ္ကေတာ့ ဝိုင္ သိၿပီးသားလူျဖစ္သည္ ။
ယြန္း ဆိုတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းလွသည့္ ေမာ္ဒယ္ေခ်ာ
ေခ်ာေလးျဖစ္သည္ ။

"ယြန္း ကိုေတာ့ ဝိုင္ သိၿပီးသားဆိုေတာ့ မမႏြယ္ ထပ္ၿပီးမမိတ္
ဆက္ေပးေတာ့ဘူးေနာ္ ဒါေပမဲ့ သူကေတာ့ အခုမွ model
စလုပ္ဖူးတာ အင္း ေမာ္ဒယ္ဆိုတာထက္ ဒီ brandရဲ႕ပိုင္႐ွင္
ဆိုပိုမွန္မယ္ Marn Group ရဲ႕ CEO ႐ွင္းသန္႔မင္းမာန္ တဲ့..."

မမႏြယ္ရဲ႕ စကားအဆံုး ဝိုင္ ဘက္လွည့္လာေသာလူေၾကာင့္
ဝိုင္ အံ့အားသင့္ကာမ်က္လံုးပင္ျပဴးသြားရေလသည္ ။
သူကေတာ့ ဝိုင့္ရဲ႕ပံုစံကိုၾကည့္ကာ သေဘာက်ဟန္ျဖင့္
ႏႈတ္ခမ္းတစ္ဖက္တြန္႔ရံုျပံဳးေလသည္ ။ထို႔ေနာက္ လက္တစ္
ဖက္အား ဝိုင့္ ဆီကမ္းကာ

"မေတြ႔ရတာၾကာၿပီေနာ္ ဝိုင္..."

ဘာခံစားခ်က္မွမပါတဲ့မ်က္ဝန္းတစ္စံုနဲ႔ ဝိုင့္အားၾကည့္ကာ
ႏႈတ္ဆက္လာေသာသူေၾကာင့္ ဝိုင္ လည္းအင္တင္တင္ႏွင့္
ထိုလက္ကိုျပန္ဆြဲကာႏႈတ္ဆက္လိုက္ရေတာ့သည္ ။
႐ိုး႐ိုး႐ွင္း႐ွင္း လက္ဆြဲႏႈတ္ဆက္ရံုဟုထင္လိုက္ေပမဲ့ ဝိုင္ သတိ
မထားမိတဲ့အခ်ိန္ သူက ဝိုင့္ လက္ကိုေဆာင့္ဆြဲကာရင္ခြင္ထဲ
ထည့္လိုက္ျပန္သည္ ။

တဆိတ္ေလာက္....ဒီေန႔တစ္ေန႔တည္းနဲ႔ ဝိုင္ ထိုရင္ခြင္ထဲေရာက္
တာ ဘယ္ႏွႀကိမ္ေလာက္႐ွိေနၿပီလဲေနာ္....

ေဘးမွာလူေတြ႐ွိတာေၾကာင့္ ဝိုင္ အေနရခက္စြာ႐ုန္းထြက္လိုက္
ေတာ့သည္ ။မမႏြယ္ကေတာ့ ဝိုင္တို႔ႏွစ္ေယာက္ကိုၾကည့္ကာ
တအံ့တျသေတြကို ျဖစ္လို႔ ။

"အယ္ CEO နဲ႔ ဝိုင္ ကသိၿပီးသားေတြလား..."

"ဟုတ္တယ္ ဝိုင္က ကိုယ့္ရဲ႕...."

ဆက္မေျပာပဲ ဝိုင့္ အားခန္႔မွန္းရခက္သည့္အျပံဳးနဲ႔အတူ ၾကည့္
လာေသာ ႐ွင္းသန္႔မင္းမာန္ ေၾကာင့္ ဝိုင့္ မ်က္ႏွာေလးရဲခနဲ
ျဖစ္သြားရၿပီး အျမန္အၾကည့္လႊဲလိုက္ရသည္ ။

"အခ်စ္ဆံုး သူငယ္ခ်င္းပါ...."

႐ွင္းသန္႔မင္းမာန္ရဲ႕စကားဆံုးေတာ့မွ ဝိုင္ သက္ျပင္းကိုအသာ
ခိုးခ်မိေတာ့သည္ ။
႐ွင္းသန္႔မင္းမာန္ ကမထင္ရင္မထင္သလို ဇြတ္တရြတ္လုပ္
တတ္တဲ့သူမို႔ ဝိုင္ ေၾကာက္ရပါသည္ ။

ေတာ္ၾကာေန....

မမႏြယ္ကေတာ့ သေဘာေပါက္သြားဟန္ျဖင့္ ေခါင္းေလး
တညိတ္ညိတ္ႏွင့္ ။ၿပီးေတာ့ ဝိုင့္အားၾကည့္လာေသာ မမႏြယ္ရဲ႕
မ်က္လံုးေတြကလည္း အရင္ကထက္ ပို၍ေတာက္ပလာသလို
ပင္ ။
ဟုတ္ေတာ့လည္း ဟုတ္ပါသည္ ။Marn Group ဆိုတာ
ျမန္မာႏိုင္ငံသာမက အာ႐ွရဲ႕ Top 3 စာရင္းဝင္ ကုမၸဏီႀကီး
မဟုတ္ပါလား ။အဲ့လိုကုမၸဏီႀကီးရဲ႕ CEO ရဲ႕ သူငယ္ခ်င္း
ဆိုေတာ့ မမႏြယ္ရဲ႕အၾကည့္ေတြေျပာင္းလဲသြားတာ ဝိုင့္
အတြက္မထူးဆန္းပါေလ ။

"သူငယ္ခ်င္းေတြဆိုေတာ့ ပိုအဆင္ေျပတာေပါ့..."

"အင္း ဟို အဆင္သင့္ျဖစ္ရင္ စၾကရေအာင္...."

ဝိုင္ လည္းဒီ့ထက္ပိုၿပီး အေနရမခက္ခ်င္ေတာ့တာေၾကာင့္
စကားစကိုအျမန္ျဖတ္ကာ အလုပ္ကိုျမန္ျမန္စေတာ့သည္ ။
ျမန္ျမန္စမွ ျမန္ျမန္ၿပီး ၿပီး ျမန္ျမန္ျပန္ရမွာမဟုတ္လားေနာ္ ။
ဒါေတာင္ ကင္မရာထဲမွာေပၚေပၚလာတဲ့ ဆြဲေဆာင္အားျပင္းတဲ့
မ်က္ဝန္းတစ္စံုနဲ႔အၾကည့္စံုမိတိုင္း ကင္မရာ ကိုပင္လြတ္က်မိ
မတက္ရင္ေတြတုန္လာရေလသည္ ။

ဒီလိုအေျခအေနက ဒီအတိုင္းတိုက္ဆိုင္မႈလား ရည္ရြယ္ခ်က္
႐ွိ႐ွိဖန္တီးထားတာလား ဆိုတာ အခုခ်ိန္မွာဝိုင္မေတြးႏိုင္ေသး
ပါ ။ဝိုင့္ အတြက္ ဒီေန႔ဟာ အခ်ိန္ေတြအရမ္းကို႐ွည္ၾကာေန
သလိုပင္ ။

႐ွင္းသန္႔မင္းမာန္.....ငါ့ဘဝထဲ ျပန္ဝင္လာရတဲ့ မင္းရဲ႕ရည္ရြယ္
ခ်က္က ဘာလဲ....

*********** *********** ********** ***********

ဟုတ္ပါသည္ ။ထိုေန႔က ဝိုင့္အတြက္ တကယ္ကိုအခ်ိန္ေတြ
႐ွည္ၾကာခဲ့ပါသည္ ။
အလုပ္ၿပီးတဲ့အခ်ိန္မွာ သားရဲ႕ေက်ာင္းဆီသို႔ ႀကိဳဖို႔မွီေအာင္
ေျပးရပါေတာ့သည္ ။ဒါေတာင္ ႐ွင္းသန္႔မင္းမာန္ ဆိုတဲ့
သေကာင့္သားအား အေတာ္ေကြ႔ပက္ေ႐ွာင္႐ွားရေသးသည္ ။

ေက်ာင္းေရာက္ေတာ့ ေက်ာင္းသားေတြေတာင္မ႐ွိေတာ့ေပ ။
သားအားေတြ႔လိုေတြ႔ျငား႐ွာၾကည့္ေသာ္လည္း မေတြ႔ရတာ
ေၾကာင့္ စိတ္ေတြပူလာရေလသည္ ။
ထိုစဥ္ ဖုန္းသံျမည္လာတာေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့
Content name က ' ကိုႀကီး ' ဆိုၿပီးေတြ႔လိုက္ရသည္ ။

"Hello ကိုႀကီး...."

📱ညီ သားကိုလိုက္႐ွာေနတာလား...

"ဟင္ ကိုႀကီးကဘယ္လိုသိတာလဲ...."

📱သိတာေပါ့ ကဲ ႐ွာမေနနဲ႔ေတာ့ သားကို ကိုႀကီးႀကိဳၿပီးသြား
ၿပီ အခုအိမ္မွာ....

"ဟုတ္လား ေတာ္ေသးတာေပါ့ ကြၽန္ေတာ့္မွာစိတ္ပူသြားတာပဲ
သားကိုမေတြ႔ေတာ့ ကြၽန္ေတာ့္မွာေတာ္ေတာ္ကိုရင္ပူသြားတာ
ဟူး...."

📱 ေအးပါ အခုအိမ္ျပန္လာခဲ့ေတာ့....

"ဟုတ္ကဲ့ ကိုႀကီး...."

တစ္ဖက္ကဖုန္းခ်သြားသည္ႏွင့္ ဝိုင္ လည္း အိမ္ျပန္ဖို႔ျပင္လိုက္
ေတာ့သည္ ။
အိမ္ေရာက္ေတာ့ သားနဲ႔အတူ ဂိမ္းထိုင္ေဆာ့ေနေသာ ကိုႀကီး
ကိုေတြ႔လိုက္ရသည္ ။

"ကိုႀကီးက သားရဲ႕ေက်ာင္းကို ဘယ္လိုလုပ္ၿပီးေရာက္သြား
တာလဲ...."

"မေတြ႔ရတာၾကာတဲ့ ငါ့တူကို သတိရလို႔ေက်ာင္းမွာသြားေတြ႔
တာ ေက်ာင္းဆင္းခါနီးထိမင္းကေရာက္မလာေတာ့ ငါပဲ
ႀကိဳလာရေတာ့တာေပါ့...."

"ဟုတ္တယ္ အလုပ္ကဖ်က္လို႔မရတာနဲ႔...."

ေခါင္းေလးတကုပ္ကုပ္နဲ႔ မ်က္ႏွာေလး႐ႈံ႕မဲ့ကာ ေျဖ႐ွင္းခ်က္
ေပးေနေသာ ညီျဖစ္သူအားၾကည့္ကာ ရတုမိုင္း ျပံဳးလိုက္မိ
သည္ ။ညီငယ္က ကေလးတစ္ေယာက္အေဖသာျဖစ္ေနတာ
အခုထိ မိုင္း မ်က္လံုးထဲတြင္ေတာ့ကေလးတစ္ေယာက္လိုသာ ။

"ေမေမေရာ ေနေကာင္းရဲ႕လား ကိုႀကီး...."

"သတိရေသးတယ္ေပါ့ ဟမ္..."

"အျမဲသတိရေနတာပါ ကိုႀကီးရယ္...."

မ်က္ႏွာေလးညိဳးခနဲျဖစ္သြားတာျမင္ရေတာ့ မိုင္း ရင္ထဲ
မေကာင္းျဖစ္ရျပန္သည္ ။

"ဒါနဲ႔မ်ား ဘာလို႔အိမ္ကို တစ္ေခါက္ေတာင္ျပန္မလာရတာလဲ
ညီရယ္...."

"ျပန္လာခ်င္တာေပါ့ ဒါေပမဲ့ ေမေမမွကြၽန္ေတာ့္မ်က္ႏွာကို
မျမင္ခ်င္တာ...."

ခပ္တိုးတိုးေလးဆိုေသာ ညီငယ္ရဲ႕စကားေၾကာင့္ မိုင္း သက္
ျပင္းသာခ်လိုက္မိေတာ့သည္ ။

"အ႐ူးေလး ေမေမကဖြင့္မေျပာေပမဲ့ မင္းကိုေမ်ွာ္ေနတာ
ငါသိတယ္ မင္းကသားသမီးပဲ မင္းအရင္လာရမွာေပါ့ ဘာပဲ
ျဖစ္ျဖစ္ကိုယ့္မိဘပဲေလ...."

ကိုႀကီးရဲ႕စကားအဆံုး ခံစားခ်က္ေတြကမထိန္းႏိုင္ေတာ့ပဲ
မ်က္ရည္အျဖစ္ေျပာင္းကာ ပါးျပင္ေပၚသို႔ေပါက္ခနဲက်လာရ
ေတာ့သည္ ။သားကေတာင္ ဂိမ္းေဆာ့ေနရင္း ဝိုင့္အား
ေမာ့ၾကည့္လာေလသည္ ။ဖေအျဖစ္သူ မ်က္ရည္က်တာျမင္
ေတာ့ ႏႈတ္ခမ္းေလးမဲ့ခနဲျဖစ္လာကာ

"ပါး...."

"ဟင္ ေအာ္ ပါး ငိုတာမဟုတ္ဘူး မ်က္လံုးထဲအမႈန္ဝင္သြားလို႔
သားသား ပါးအတြက္ေရတစ္ခြက္ေလာက္သြားခပ္ေပးပါ
လား ပါး ေရဆာလာလို႔...."

"ဟုတ္ကဲ့ ပါး...."

မ်က္ရည္ကိုကမန္းကတန္းသုတ္ရင္း ေျပာလိုက္ေတာ့
သားက ေနာက္ေဖးမီးဖိုေခ်ာင္ဘက္သို႔ လွစ္ခနဲေျပးထြက္သြား
ေတာ့သည္ ။

"သား လန္႔သြားတယ္ထင္တယ္ ညီ..."

"ဟုတ္တယ္ သားက ကြၽန္ေတာ္ငိုရင္ လိုက္ငိုေရာ..."

ဝိုင့္ရဲ႕စကားေၾကာင့္ မိုင္း ျပံဳးလိုက္မိသည္ ။လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္က
ေမေမ့ရဲ႕ဆႏၵအတိုင္း ညီ မလုပ္ခဲ့တာ အရမ္းမွန္သည္ဟုပင္
မိုင္း ေတြးလိုက္မိသည္ ။
ထိုအခ်ိန္တုန္း ေဆးရံုကေန ေျခဗလာနဲ႔ကိုထြက္ေျပးေသာ
ညီငယ္ရဲ႕ပံုစံကိုျပန္ျမင္ေယာင္တိုင္း မိုင္း ရင္ထဲတကယ္
မေကာင္းလွပါ ။

"တစ္ခါေလာက္ေတာ့ အိမ္ျပန္လိုက္ပါ သားေလးကိုပါ ေခၚ
သြား ေမေမလည္း ကေလးကိုေတြ႔ရင္ခ်စ္မွာ...."

ကိုႀကီးရဲ႕စကားေၾကာင့္ ဝိုင္ သားငယ္ေလးကိုငံု႔ၾကည့္လိုက္မိ
သည္ ။
ရင္ခြင္ထဲက သားေလးကလည္း ဝိုင့္အားေမာ့ၾကည့္ကာ
သြားတန္းျဖဴျဖဴေလးေတြေပၚသည္အထိ ရယ္ျပလာေလသည္ ။
သားငယ္ေလး ထိုသို႔ရယ္ျပလိုက္တိုင္း ဝိုင့္ ႏွလံုးသားေလးမွာ
ျပင္းျပင္းထန္ထန္လႈပ္႐ွားသြားရၿပီ သူ႔ကိုသတိရသြားရတာ
အခါခါပင္ ။

"ကဲ သားေလး အိပ္ခ်ိန္ေရာက္ၿပီ ေျခလက္သြားေဆးေတာ့...."

"ဟုတ္ ပါး...."

လံုးတံုးလံုးတံုးနဲ႔အိပ္ခန္းဘက္ေျပးထြက္သြားေသာ သားငယ္
ေလးအားၾကည့္ကာ ဝိုင္ ျပံဳးလိုက္သည္ ။ကိုႀကီးကလည္း
ဝိုင့္နည္းတူ သား အားၾကည့္ကာျပံဳးေနေလသည္ ။
သား မ႐ွိေတာ့မွ ဝိုင့္ မ်က္ႏွာထက္ကအျပံဳးေတြေပ်ာက္ကြယ္
သြားကာ ကိုႀကီးအား အေလးအနက္ၾကည့္ၿပီး ေျပာလိုက္
ေတာ့သည္ ။

"ဒီေန႔ သူနဲ႔ေတြ႔ခဲ့တယ္ ကိုႀကီး...."

"သူ ⁉ "

သူ ဆိုတဲ့နာမ္စားေၾကာင့္ ကိုႀကီး တစ္ခ်က္ေတြခနဲျဖစ္သြားၿပီးမွ
တစ္စံုတစ္ခုကိုသတိရသြားဟန္ မ်က္လံုးျပဴးသြားကာ ဝိုင့္ အား
စိုးရိမ္တႀကီး ၾကည့္လာသည္ ။

"ဘာ ဘယ္လိုျဖစ္ၿပီး...."

ဝိုင္ လည္းသက္ျပင္းခ်ကာ ကိုႀကီးအား ျဖစ္ေၾကာင္းကုန္စင္
ေျပာျပလိုက္ေတာ့သည္ ။
အင္း....ေသခ်ာေပါက္ Toilet ထဲကျဖစ္ခဲ့တဲ့ကိစၥေတာ့မပါဘူး
ေပါ့ ။

"အဆင္ေျပရဲ႕လား ညီ...."

"မသိဘူး ဘာေတြျဖစ္ကုန္လဲလည္း ကြၽန္ေတာ္မသိဘူး
ဘာေတြဆက္ျဖစ္မလဲဆိုတာလည္း ကြၽန္ေတာ္မသိခ်င္ဘူး
ဒါ ဒါေပမဲ့ ကြၽန္ေတာ္ေလ သားကိုဆံုး႐ႈံးရမွာေၾကာက္တယ္..."

မ်က္ဝန္းတြင္မ်က္ရည္စေတြေဝ့သီလာသလို ကိုယ္လံုးေလး
ကလည္း တသိမ့္သိမ့္တုန္ရင္လာတာေၾကာင့္ မိုင္း မေနႏိုင္
ေတာ့ပဲ ညီျဖစ္သူရဲ႕ေဘးသို႔သြားကာ အသာေပြ႔ဖက္၍ႏွစ္သိမ့္
ေပးမိေတာ့သည္ ။ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးေတာ့
သူ႔ရင္ထဲတိုးကာ ငို႐ႈိက္ေနတာမ်ား တကယ့္ကေလးေလး
တစ္ေယာက္လိုပင္ ။
ကေလးအေဖေလးကလည္း ကေလးပါပဲေလ....

"ကဲ တိတ္ေတာ့ ငိုေနလိုက္တာမ်ား ကေလးက်ေနတာပဲ
ၾကည့္ဦး ေပပြကုန္ၿပီ ဟမ္ ေပတူးေလး သားျမင္ရင္ သူ႔ပါးပါးကို
အႏိုင္က်င့္တယ္ဆိုၿပီး ငါ့ကိုစိတ္ေကာက္ေနဦးမယ္...."

ကိုႀကီးရဲ႕ ေခ်ာ့ျမဴသလိုစကားေၾကာင့္ ဝိုင္ မ်က္ရည္ေတြေပပြ
ေနသည့္ၾကားမွ ရယ္လိုက္မိသည္ ။

"သားကို သြားသိပ္လိုက္ဦးမယ္...."

"အင္း ကိုႀကီးလည္းအိပ္ေတာ့မယ္...."

ေျပာေျပာဆိုဆိုႏွင့္ ကိုႀကီးလည္း ဝိုင္တို႔အိမ္လာရင္ အိပ္ေန
က်ျဖစ္ေသာ အခန္းထဲသို႔ဝင္သြားေလေတာ့သည္ ။
ဝိုင္လည္း သားရဲ႕အခန္းထဲဝင္လာေတာ့ သားက အိပ္ရာေပၚ
မွာအိပ္ဖို႔အဆင္သင့္ေတာင္ျပင္ၿပီးေနၿပီျဖစ္သည္ ။

"ပါး သားကိုပံုျပင္ေျပာျပ...."

"ေျပာျပမွာေပါ့ သားကဘာပံုျပင္နားေထာင္ခ်င္တာလဲ...."

"ယုန္ နဲ႔ လိပ္ ၿပီးေတာ့ ေရႊမင္းသားေလးနဲ႔စုန္းမႀကီး..."

"ဟုတ္ပါၿပီး ပါး ေျပာျပမယ္ ဟိုးေ႐ွးေ႐ွးတုန္းကတဲ့...."

ပံုျပင္ႏွစ္ပုဒ္အဆံုးတြင္ သားေလးဟာ အသက္႐ွဴသံမွန္မွန္နဲ႔
အိပ္ေမာက်သြားၿပီျဖစ္သည္ ။အိပ္ေပ်ာ္ေနေသာ သားေလး
အားခ်စ္စႏိုးျဖင့္ နဖူးေလးကိုခပ္ဖြဖြနမ္းျပ မီးပိတ္ကာ
အခန္းထဲမွထြက္လာခဲ့ေတာ့သည္ ။
အိပ္ခန္းထဲမသြားခင္ အိမ္တံခါးေတြကို ေသခ်ာလိုက္ပိတ္
ေတာ့ အိမ္ရဲ႕မ်က္ေစာင္းထိုးကားလမ္းတစ္ဖက္ျခမ္းတြင္
ရပ္ထားေသာ အနက္ေရာင္ကားတစ္စီးကို ဝိုင္ သတိထားမိ
လိုက္သည္ ။အရင္ေန႔ေတြတုန္းက ထိုေနရာတြင္ဘယ္ကားမွ
ရပ္ထားတာ ဝိုင္ မေတြ႔ဖူးပါေပ ။
ဒီေန႔ျဖစ္ပ်က္ခဲ့သမ်ွ ကိစၥေတြကိုျပန္ဆက္စပ္ၾကည့္မိေတာ့
ထိုကားက ဘယ္သူ႔ကားဆိုတာ ဝိုင္ ရိပ္မိလိုက္သည္ ။
ဝိုင္ ခန္႔မွန္းတာမမွားဘူးဆိုရင္ ထိုကားထဲမွာ သူ႐ွိေနလိမ့္မည္။
အနက္ေရာင္ကားအား ဝိုင္ တိတ္တဆိတ္ေငးၾကည့္ေနရင္း
ရင္ထဲမွာခံစားခ်က္ေတြမ်ိဳးစံုျဖတ္ေျပးလာရသည္ ။

နာက်င္မႈ လြမ္းဆြတ္သတိရမႈ အမ်ိဳးမ်ိဳးေသာအမည္ေဖာ္မရတဲ့
အျခားခံစားခ်က္ေတြ....

ငါ့ဘဝထဲ ထပ္မဝင္လာပါနဲ႔ေတာ့ ႐ွင္းရယ္.....

.
.
.
.
.
.

မီးေတြ မွိတ္က်သြားၿပီးျဖစ္ေသာ အိမ္ေလးကိုေငးကာ
ဘယ္ႏွႀကိမ္ေျမာက္မွန္းမသိေသာ သက္ျပင္းကိုခ်လိုက္မိေတာ့
သည္ ။ထို႔ေနာက္ မ်က္ဝန္းအၾကည့္ေတြက ပို၍နက္ေမွာင္သြား
ၿပီး ရင္ထဲတြင္ဆံုးျဖတ္ခ်က္တစ္ခုခိုင္မာစြာခ်လိုက္ေတာ့သည္ ။

အခ်ိန္အၾကာႀကီး ကိုယ္မင္းကို လြတ္ထားေပးၿပီးၿပီ ဝိုင္....
အခုခ်ိန္ကစၿပီး ကိုယ္မင္းကို အလြတ္ေပးေတာ့မွာမဟုတ္ဘူး
မင္း ဘာႀကီးပဲျဖစ္ေနပါေစေပါ့...

ထိုကားေလးဟာ ထိုေနရာတြင္ တစ္ညလံုး႐ွိေနၿပီး မနက္
မိုးလင္းခါနီးမွ ေမာင္းထြက္သြားတာကိုေတာ့ ဝိုင္ ဆိုတဲ့
ေကာင္ေလးမသိလိုက္ေပ ။

To be continue

Unicode

အပိုင်း ၂




ခပ်ကြမ်းကြမ်းအနမ်းတွေဆီက လွတ်မြောက်သွားသည်နှင့်
ဝိုင် တစ်ကိုယ်လုံးပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်
ပြုတ်ကျသွားရတော့သည် ။
သို့သော် ခန္ဓာကိုယ်ကမာကျောသောကြမ်းပြင်နှင့်မမိတ်ဆက်
ခင် သန်မာသောလက်မောင်းတွေရဲ့ထွေးပွေ့ခြင်းခံရပြီးနောက်
ကျယ်ပြန့်သောရင်ခွင်ထဲတင်းကြပ်စွာပွေ့ဖက်ခံလိုက်ရပြန်လေ
သည် ။

"ကိုယ် ပြန်လာပြီ ဘေဘီ..."

ရင်းနှီးသောအထိအတွေ့ကြောင့် စိတ်တွေလှုပ်ရှားနေရသည့်
အချိန် ခုနှစ် နှစ်တိုင်တိုင်အိပ်မက်တွေထဲအထိ လာလာနှောက်
ယှက်တတ်သည့် အက်ရှရှအသံကြောင့် လူကကတုန်ကရင်
ဖြစ်လာရသည် ။အလျင်အမြန်ရုန်းထွက်လိုက်သလို ခပ်ကြမ်း
ကြမ်းတွန်းတုတ်လိုက်သည့်အခါ တစ်ဖက်လူဆီမှခပ်ဟဟ
ရယ်သံတစ်ချို့အား ဝိုင် ကြားလိုက်ရသည် ။

ကျစ် ဒီနတ်ဆိုးလိုရယ်သံကတော့....

"မတွေ့ရတဲ့ခုနှစ် နှစ်တာအတွင်း ကိုယ့်အပေါ်သိပ်ကိုစိမ်းကား
သွားပါလား ဟမ် ဘေဘီ..."

"ခင်ဗျား လူမှားနေပြီထင်တယ်...."

" နှင်း သက် ဝိုင် ‼! "

ရှောင်ထွက်သွားဖို့ကြိုးစားလိုက်ပေမဲ့ ထွက်ပေါ်လာသောခပ်မာ
မာခေါ်သံက ခြေလှမ်းတွေကိုရပ်တန့်သွားစေလေသည် ။
ယောကျၤားချင်းအတူတူတောင် အရှိန်အဝါတွေအလွန်ကြီးမား
နေသော ထိုလူ့လက်ထဲက လွတ်မြောက်ဖို့ဆိုတာ ဝိုင့်အတွက်
လွယ်တော့မလွယ်ကူပေ ။

အင်း ဘယ်တုန်းကမှလည်း မလွတ်မြောက်ခဲ့ဖူးပါဘူး....

"မင်းက အရင်တုန်းကလိုပဲ သတ္တိမရှိတဲ့ကောင် ဖြစ်နေတုန်း
ပါပဲလား နှင်းသက်ဝိုင်...."

သူ့ရဲ့စွပ်စွဲချက်တွေကို ဝိုင် ဘယ်လိုမှဖြေရှင်းချက်မပေးချင်ပါ ။
သူပြောသလိုပင် ၊ကိုယ်ကိုယ်တိုင်ကလည်း သတ္တိမရှိတဲ့ကောင်
ဆိုတာ အမှန်ပင်ဖြစ်နေဆဲလေ ။

"တောက် ‼! "

တုန့်ပြန်မှုမရှိသော ဝိုင့် အားအတော်စိတ်ဆိုးသွားသည်ထင်
တောက်တစ်ချက်ခေါက်ပြီး ဝိုင့် အားကျောခိုင်း၍ Toilet
ထဲမှဝုန်းဒိုင်းကြဲကာထွက်သွားလေတော့သည် ။
ဒီတစ်ခါလည်း ဝိုင် မတားဆီးမိပေ ။သူ မရှိတော့ဘူးဆိုတာ
သေချာတော့မှ ကြမ်းပြင်ပေါ်သို့ ငုတ်တုပ်ကလေးထိုင်ချပြီး
ဒူးနှစ်ဖက်ကို ဖက်ကာ ရှိုက်ကြီးတငင်ငိုကြွေးမိသည့်အဖြစ် ။
အတန်ကြာအောင်ငိုလို့ ဝပြီဆိုတော့မှ ထကာ ဘေစင်တွင်
မျက်နှာပြန်သစ်ပြီး Toilet ထဲမှထွက်လာခဲ့တော့သည် ။
Studio ထဲပြန်ရောက်တော့ အသင့်စောင့်နေသော မမနွယ်က
အနားရောက်လာပြီး စိုးရိမ်တကြီးမေးရှာလေသည် ။

"ဝိုင် အဆင်ပြေရဲ့လား မျက်နှာလည်းမကောင်းဘူး...."

"ရတယ် မမနွယ် ကျွန်တော်အဆင်ပြေပါတယ် Model အဆင်
သင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့စရိုက်ကြမယ်လေ..."

ဝိုင် လည်းဘေးမှာချထားသော ကင်မရာကိုကောက်ကိုင်ကာ
ဟန်ဆောင်အပြုံးလေးနဲ့ ပြောလိုက်တော့သည် ။

"ဓာတ်ပုံမရိုက်ခင် model တွေနဲ့အရင်မိတ်ဆက်ပေးမယ်
လာ ဝိုင်..."

ဝိုင် လည်းအသာခေါင်းညိတ်ကာ မမနွယ် ခေါ်ရာနောက်သို့
လိုက်ခဲ့တော့သည် ။
ဝိုင် ရိုက်ပေးရမယ့် Model ကနှစ်ယောက် ။ယောကျၤားတစ်
ယောက် နှင့် မိန်းကလေးတစ်ယောက် ဖြစ်သည် ။
အရပ်မြင့်မြင့် နှင့် တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်ရှိသော
ယောကျၤားလေးမော်ဒယ်က ဝိုင် တို့အားကျောပေးကာရပ်နေ
တာကြောင့် မျက်နှာကိုတော့မမြင်ရပေ ။
မိန်းကလေးမော်ဒယ်ကတော့ ဝိုင် သိပြီးသားလူဖြစ်သည် ။
ယွန်း ဆိုတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှသည့် မော်ဒယ်ချော
ချောလေးဖြစ်သည် ။

"ယွန်း ကိုတော့ ဝိုင် သိပြီးသားဆိုတော့ မမနွယ် ထပ်ပြီးမမိတ်
ဆက်ပေးတော့ဘူးနော် ဒါပေမဲ့ သူကတော့ အခုမှ model
စလုပ်ဖူးတာ အင်း မော်ဒယ်ဆိုတာထက် ဒီ brandရဲ့ပိုင်ရှင်
ဆိုပိုမှန်မယ် Marn Group ရဲ့ CEO ရှင်းသန့်မင်းမာန် တဲ့..."

မမနွယ်ရဲ့ စကားအဆုံး ဝိုင် ဘက်လှည့်လာသောလူကြောင့်
ဝိုင် အံ့အားသင့်ကာမျက်လုံးပင်ပြူးသွားရလေသည် ။
သူကတော့ ဝိုင့်ရဲ့ပုံစံကိုကြည့်ကာ သဘောကျဟန်ဖြင့်
နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလေသည် ။ထို့နောက် လက်တစ်
ဖက်အား ဝိုင့် ဆီကမ်းကာ

"မတွေ့ရတာကြာပြီနော် ဝိုင်..."

ဘာခံစားချက်မှမပါတဲ့မျက်ဝန်းတစ်စုံနဲ့ ဝိုင့်အားကြည့်ကာ
နှုတ်ဆက်လာသောသူကြောင့် ဝိုင် လည်းအင်တင်တင်နှင့်
ထိုလက်ကိုပြန်ဆွဲကာနှုတ်ဆက်လိုက်ရတော့သည် ။
ရိုးရိုးရှင်းရှင်း လက်ဆွဲနှုတ်ဆက်ရုံဟုထင်လိုက်ပေမဲ့ ဝိုင် သတိ
မထားမိတဲ့အချိန် သူက ဝိုင့် လက်ကိုဆောင့်ဆွဲကာရင်ခွင်ထဲ
ထည့်လိုက်ပြန်သည် ။

တဆိတ်လောက်....ဒီနေ့တစ်နေ့တည်းနဲ့ ဝိုင် ထိုရင်ခွင်ထဲရောက်
တာ ဘယ်နှကြိမ်လောက်ရှိနေပြီလဲနော်....

ဘေးမှာလူတွေရှိတာကြောင့် ဝိုင် အနေရခက်စွာရုန်းထွက်လိုက်
တော့သည် ။မမနွယ်ကတော့ ဝိုင်တို့နှစ်ယောက်ကိုကြည့်ကာ
တအံ့တသြတွေကို ဖြစ်လို့ ။

"အယ် CEO နဲ့ ဝိုင် ကသိပြီးသားတွေလား..."

"ဟုတ်တယ် ဝိုင်က ကိုယ့်ရဲ့...."

ဆက်မပြောပဲ ဝိုင့် အားခန့်မှန်းရခက်သည့်အပြုံးနဲ့အတူ ကြည့်
လာသော ရှင်းသန့်မင်းမာန် ကြောင့် ဝိုင့် မျက်နှာလေးရဲခနဲ
ဖြစ်သွားရပြီး အမြန်အကြည့်လွှဲလိုက်ရသည် ။

"အချစ်ဆုံး သူငယ်ချင်းပါ...."

ရှင်းသန့်မင်းမာန်ရဲ့စကားဆုံးတော့မှ ဝိုင် သက်ပြင်းကိုအသာ
ခိုးချမိတော့သည် ။
ရှင်းသန့်မင်းမာန် ကမထင်ရင်မထင်သလို ဇွတ်တရွတ်လုပ်
တတ်တဲ့သူမို့ ဝိုင် ကြောက်ရပါသည် ။

တော်ကြာနေ....

မမနွယ်ကတော့ သဘောပေါက်သွားဟန်ဖြင့် ခေါင်းလေး
တညိတ်ညိတ်နှင့် ။ပြီးတော့ ဝိုင့်အားကြည့်လာသော မမနွယ်ရဲ့
မျက်လုံးတွေကလည်း အရင်ကထက် ပို၍တောက်ပလာသလို
ပင် ။
ဟုတ်တော့လည်း ဟုတ်ပါသည် ။Marn Group ဆိုတာ
မြန်မာနိုင်ငံသာမက အာရှရဲ့ Top 3 စာရင်းဝင် ကုမ္ပဏီကြီး
မဟုတ်ပါလား ။အဲ့လိုကုမ္ပဏီကြီးရဲ့ CEO ရဲ့ သူငယ်ချင်း
ဆိုတော့ မမနွယ်ရဲ့အကြည့်တွေပြောင်းလဲသွားတာ ဝိုင့်
အတွက်မထူးဆန်းပါလေ ။

"သူငယ်ချင်းတွေဆိုတော့ ပိုအဆင်ပြေတာပေါ့..."

"အင်း ဟို အဆင်သင့်ဖြစ်ရင် စကြရအောင်...."

ဝိုင် လည်းဒီ့ထက်ပိုပြီး အနေရမခက်ချင်တော့တာကြောင့်
စကားစကိုအမြန်ဖြတ်ကာ အလုပ်ကိုမြန်မြန်စတော့သည် ။
မြန်မြန်စမှ မြန်မြန်ပြီး ပြီး မြန်မြန်ပြန်ရမှာမဟုတ်လားနော် ။
ဒါတောင် ကင်မရာထဲမှာပေါ်ပေါ်လာတဲ့ ဆွဲဆောင်အားပြင်းတဲ့
မျက်ဝန်းတစ်စုံနဲ့အကြည့်စုံမိတိုင်း ကင်မရာ ကိုပင်လွတ်ကျမိ
မတက်ရင်တွေတုန်လာရလေသည် ။

ဒီလိုအခြေအနေက ဒီအတိုင်းတိုက်ဆိုင်မှုလား ရည်ရွယ်ချက်
ရှိရှိဖန်တီးထားတာလား ဆိုတာ အခုချိန်မှာဝိုင်မတွေးနိုင်သေး
ပါ ။ဝိုင့် အတွက် ဒီနေ့ဟာ အချိန်တွေအရမ်းကိုရှည်ကြာနေ
သလိုပင် ။

ရှင်းသန့်မင်းမာန်.....ငါ့ဘဝထဲ ပြန်ဝင်လာရတဲ့ မင်းရဲ့ရည်ရွယ်
ချက်က ဘာလဲ....

*********** *********** ********** ***********

ဟုတ်ပါသည် ။ထိုနေ့က ဝိုင့်အတွက် တကယ်ကိုအချိန်တွေ
ရှည်ကြာခဲ့ပါသည် ။
အလုပ်ပြီးတဲ့အချိန်မှာ သားရဲ့ကျောင်းဆီသို့ ကြိုဖို့မှီအောင်
ပြေးရပါတော့သည် ။ဒါတောင် ရှင်းသန့်မင်းမာန် ဆိုတဲ့
သကောင့်သားအား အတော်ကွေ့ပက်ရှောင်ရှားရသေးသည် ။

ကျောင်းရောက်တော့ ကျောင်းသားတွေတောင်မရှိတော့ပေ ။
သားအားတွေ့လိုတွေ့ငြားရှာကြည့်သော်လည်း မတွေ့ရတာ
ကြောင့် စိတ်တွေပူလာရလေသည် ။
ထိုစဉ် ဖုန်းသံမြည်လာတာကြောင့် ထုတ်ကြည့်လိုက်တော့
Content name က ' ကိုကြီး ' ဆိုပြီးတွေ့လိုက်ရသည် ။

"Hello ကိုကြီး...."

📱ညီ သားကိုလိုက်ရှာနေတာလား...

"ဟင် ကိုကြီးကဘယ်လိုသိတာလဲ...."

📱သိတာပေါ့ ကဲ ရှာမနေနဲ့တော့ သားကို ကိုကြီးကြိုပြီးသွား
ပြီ အခုအိမ်မှာ....

"ဟုတ်လား တော်သေးတာပေါ့ ကျွန်တော့်မှာစိတ်ပူသွားတာပဲ
သားကိုမတွေ့တော့ ကျွန်တော့်မှာတော်တော်ကိုရင်ပူသွားတာ
ဟူး...."

📱 အေးပါ အခုအိမ်ပြန်လာခဲ့တော့....

"ဟုတ်ကဲ့ ကိုကြီး...."

တစ်ဖက်ကဖုန်းချသွားသည်နှင့် ဝိုင် လည်း အိမ်ပြန်ဖို့ပြင်လိုက်
တော့သည် ။
အိမ်ရောက်တော့ သားနဲ့အတူ ဂိမ်းထိုင်ဆော့နေသော ကိုကြီး
ကိုတွေ့လိုက်ရသည် ။

"ကိုကြီးက သားရဲ့ကျောင်းကို ဘယ်လိုလုပ်ပြီးရောက်သွား
တာလဲ...."

"မတွေ့ရတာကြာတဲ့ ငါ့တူကို သတိရလို့ကျောင်းမှာသွားတွေ့
တာ ကျောင်းဆင်းခါနီးထိမင်းကရောက်မလာတော့ ငါပဲ
ကြိုလာရတော့တာပေါ့...."

"ဟုတ်တယ် အလုပ်ကဖျက်လို့မရတာနဲ့...."

ခေါင်းလေးတကုပ်ကုပ်နဲ့ မျက်နှာလေးရှုံ့မဲ့ကာ ဖြေရှင်းချက်
ပေးနေသော ညီဖြစ်သူအားကြည့်ကာ ရတုမိုင်း ပြုံးလိုက်မိ
သည် ။ညီငယ်က ကလေးတစ်ယောက်အဖေသာဖြစ်နေတာ
အခုထိ မိုင်း မျက်လုံးထဲတွင်တော့ကလေးတစ်ယောက်လိုသာ ။

"မေမေရော နေကောင်းရဲ့လား ကိုကြီး...."

"သတိရသေးတယ်ပေါ့ ဟမ်..."

"အမြဲသတိရနေတာပါ ကိုကြီးရယ်...."

မျက်နှာလေးညိုးခနဲဖြစ်သွားတာမြင်ရတော့ မိုင်း ရင်ထဲ
မကောင်းဖြစ်ရပြန်သည် ။

"ဒါနဲ့များ ဘာလို့အိမ်ကို တစ်ခေါက်တောင်ပြန်မလာရတာလဲ
ညီရယ်...."

"ပြန်လာချင်တာပေါ့ ဒါပေမဲ့ မေမေမှကျွန်တော့်မျက်နှာကို
မမြင်ချင်တာ...."

ခပ်တိုးတိုးလေးဆိုသော ညီငယ်ရဲ့စကားကြောင့် မိုင်း သက်
ပြင်းသာချလိုက်မိတော့သည် ။

"အရူးလေး မေမေကဖွင့်မပြောပေမဲ့ မင်းကိုမျှော်နေတာ
ငါသိတယ် မင်းကသားသမီးပဲ မင်းအရင်လာရမှာပေါ့ ဘာပဲ
ဖြစ်ဖြစ်ကိုယ့်မိဘပဲလေ...."

ကိုကြီးရဲ့စကားအဆုံး ခံစားချက်တွေကမထိန်းနိုင်တော့ပဲ
မျက်ရည်အဖြစ်ပြောင်းကာ ပါးပြင်ပေါ်သို့ပေါက်ခနဲကျလာရ
တော့သည် ။သားကတောင် ဂိမ်းဆော့နေရင်း ဝိုင့်အား
မော့ကြည့်လာလေသည် ။ဖအေဖြစ်သူ မျက်ရည်ကျတာမြင်
တော့ နှုတ်ခမ်းလေးမဲ့ခနဲဖြစ်လာကာ

"ပါး...."

"ဟင် အော် ပါး ငိုတာမဟုတ်ဘူး မျက်လုံးထဲအမှုန်ဝင်သွားလို့
သားသား ပါးအတွက်ရေတစ်ခွက်လောက်သွားခပ်ပေးပါ
လား ပါး ရေဆာလာလို့...."

"ဟုတ်ကဲ့ ပါး...."

မျက်ရည်ကိုကမန်းကတန်းသုတ်ရင်း ပြောလိုက်တော့
သားက နောက်ဖေးမီးဖိုချောင်ဘက်သို့ လှစ်ခနဲပြေးထွက်သွား
တော့သည် ။

"သား လန့်သွားတယ်ထင်တယ် ညီ..."

"ဟုတ်တယ် သားက ကျွန်တော်ငိုရင် လိုက်ငိုရော..."

ဝိုင့်ရဲ့စကားကြောင့် မိုင်း ပြုံးလိုက်မိသည် ။လွန်ခဲ့တဲ့ ခုနှစ်နှစ်က
မေမေ့ရဲ့ဆန္ဒအတိုင်း ညီ မလုပ်ခဲ့တာ အရမ်းမှန်သည်ဟုပင်
မိုင်း တွေးလိုက်မိသည် ။
ထိုအချိန်တုန်း ဆေးရုံကနေ ခြေဗလာနဲ့ကိုထွက်ပြေးသော
ညီငယ်ရဲ့ပုံစံကိုပြန်မြင်ယောင်တိုင်း မိုင်း ရင်ထဲတကယ်
မကောင်းလှပါ ။

"တစ်ခါလောက်တော့ အိမ်ပြန်လိုက်ပါ သားလေးကိုပါ ခေါ်
သွား မေမေလည်း ကလေးကိုတွေ့ရင်ချစ်မှာ...."

ကိုကြီးရဲ့စကားကြောင့် ဝိုင် သားငယ်လေးကိုငုံ့ကြည့်လိုက်မိ
သည် ။
ရင်ခွင်ထဲက သားလေးကလည်း ဝိုင့်အားမော့ကြည့်ကာ
သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိ ရယ်ပြလာလေသည် ။
သားငယ်လေး ထိုသို့ရယ်ပြလိုက်တိုင်း ဝိုင့် နှလုံးသားလေးမှာ
ပြင်းပြင်းထန်ထန်လှုပ်ရှားသွားရပြီ သူ့ကိုသတိရသွားရတာ
အခါခါပင် ။

"ကဲ သားလေး အိပ်ချိန်ရောက်ပြီ ခြေလက်သွားဆေးတော့...."

"ဟုတ် ပါး...."

လုံးတုံးလုံးတုံးနဲ့အိပ်ခန်းဘက်ပြေးထွက်သွားသော သားငယ်
လေးအားကြည့်ကာ ဝိုင် ပြုံးလိုက်သည် ။ကိုကြီးကလည်း
ဝိုင့်နည်းတူ သား အားကြည့်ကာပြုံးနေလေသည် ။
သား မရှိတော့မှ ဝိုင့် မျက်နှာထက်ကအပြုံးတွေပျောက်ကွယ်
သွားကာ ကိုကြီးအား အလေးအနက်ကြည့်ပြီး ပြောလိုက်
တော့သည် ။

"ဒီနေ့ သူနဲ့တွေ့ခဲ့တယ် ကိုကြီး...."

"သူ ⁉ "

သူ ဆိုတဲ့နာမ်စားကြောင့် ကိုကြီး တစ်ချက်တွေခနဲဖြစ်သွားပြီးမှ
တစ်စုံတစ်ခုကိုသတိရသွားဟန် မျက်လုံးပြူးသွားကာ ဝိုင့် အား
စိုးရိမ်တကြီး ကြည့်လာသည် ။

"ဘာ ဘယ်လိုဖြစ်ပြီး...."

ဝိုင် လည်းသက်ပြင်းချကာ ကိုကြီးအား ဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်တော့သည် ။
အင်း....သေချာပေါက် Toilet ထဲကဖြစ်ခဲ့တဲ့ကိစ္စတော့မပါဘူး
ပေါ့ ။

"အဆင်ပြေရဲ့လား ညီ...."

"မသိဘူး ဘာတွေဖြစ်ကုန်လဲလည်း ကျွန်တော်မသိဘူး
ဘာတွေဆက်ဖြစ်မလဲဆိုတာလည်း ကျွန်တော်မသိချင်ဘူး
ဒါ ဒါပေမဲ့ ကျွန်တော်လေ သားကိုဆုံးရှုံးရမှာကြောက်တယ်..."

မျက်ဝန်းတွင်မျက်ရည်စတွေဝေ့သီလာသလို ကိုယ်လုံးလေး
ကလည်း တသိမ့်သိမ့်တုန်ရင်လာတာကြောင့် မိုင်း မနေနိုင်
တော့ပဲ ညီဖြစ်သူရဲ့ဘေးသို့သွားကာ အသာပွေ့ဖက်၍နှစ်သိမ့်
ပေးမိတော့သည် ။ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးတော့
သူ့ရင်ထဲတိုးကာ ငိုရှိုက်နေတာများ တကယ့်ကလေးလေး
တစ်ယောက်လိုပင် ။
ကလေးအဖေလေးကလည်း ကလေးပါပဲလေ....

"ကဲ တိတ်တော့ ငိုနေလိုက်တာများ ကလေးကျနေတာပဲ
ကြည့်ဦး ပေပွကုန်ပြီ ဟမ် ပေတူးလေး သားမြင်ရင် သူ့ပါးပါးကို
အနိုင်ကျင့်တယ်ဆိုပြီး ငါ့ကိုစိတ်ကောက်နေဦးမယ်...."

ကိုကြီးရဲ့ ချော့မြူသလိုစကားကြောင့် ဝိုင် မျက်ရည်တွေပေပွ
နေသည့်ကြားမှ ရယ်လိုက်မိသည် ။

"သားကို သွားသိပ်လိုက်ဦးမယ်...."

"အင်း ကိုကြီးလည်းအိပ်တော့မယ်...."

ပြောပြောဆိုဆိုနှင့် ကိုကြီးလည်း ဝိုင်တို့အိမ်လာရင် အိပ်နေ
ကျဖြစ်သော အခန်းထဲသို့ဝင်သွားလေတော့သည် ။
ဝိုင်လည်း သားရဲ့အခန်းထဲဝင်လာတော့ သားက အိပ်ရာပေါ်
မှာအိပ်ဖို့အဆင်သင့်တောင်ပြင်ပြီးနေပြီဖြစ်သည် ။

"ပါး သားကိုပုံပြင်ပြောပြ...."

"ပြောပြမှာပေါ့ သားကဘာပုံပြင်နားထောင်ချင်တာလဲ...."

"ယုန် နဲ့ လိပ် ပြီးတော့ ရွှေမင်းသားလေးနဲ့စုန်းမကြီး..."

"ဟုတ်ပါပြီး ပါး ပြောပြမယ် ဟိုးရှေးရှေးတုန်းကတဲ့...."

ပုံပြင်နှစ်ပုဒ်အဆုံးတွင် သားလေးဟာ အသက်ရှူသံမှန်မှန်နဲ့
အိပ်မောကျသွားပြီဖြစ်သည် ။အိပ်ပျော်နေသော သားလေး
အားချစ်စနိုးဖြင့် နဖူးလေးကိုခပ်ဖွဖွနမ်းပြ မီးပိတ်ကာ
အခန်းထဲမှထွက်လာခဲ့တော့သည် ။
အိပ်ခန်းထဲမသွားခင် အိမ်တံခါးတွေကို သေချာလိုက်ပိတ်
တော့ အိမ်ရဲ့မျက်စောင်းထိုးကားလမ်းတစ်ဖက်ခြမ်းတွင်
ရပ်ထားသော အနက်ရောင်ကားတစ်စီးကို ဝိုင် သတိထားမိ
လိုက်သည် ။အရင်နေ့တွေတုန်းက ထိုနေရာတွင်ဘယ်ကားမှ
ရပ်ထားတာ ဝိုင် မတွေ့ဖူးပါပေ ။
ဒီနေ့ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကိုပြန်ဆက်စပ်ကြည့်မိတော့
ထိုကားက ဘယ်သူ့ကားဆိုတာ ဝိုင် ရိပ်မိလိုက်သည် ။
ဝိုင် ခန့်မှန်းတာမမှားဘူးဆိုရင် ထိုကားထဲမှာ သူရှိနေလိမ့်မည်။
အနက်ရောင်ကားအား ဝိုင် တိတ်တဆိတ်ငေးကြည့်နေရင်း
ရင်ထဲမှာခံစားချက်တွေမျိုးစုံဖြတ်ပြေးလာရသည် ။

နာကျင်မှု လွမ်းဆွတ်သတိရမှု အမျိုးမျိုးသောအမည်ဖော်မရတဲ့
အခြားခံစားချက်တွေ....

ငါ့ဘဝထဲ ထပ်မဝင်လာပါနဲ့တော့ ရှင်းရယ်.....

.
.
.
.
.
.

မီးတွေ မှိတ်ကျသွားပြီးဖြစ်သော အိမ်လေးကိုငေးကာ
ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုချလိုက်မိတော့
သည် ။ထို့နောက် မျက်ဝန်းအကြည့်တွေက ပို၍နက်မှောင်သွား
ပြီး ရင်ထဲတွင်ဆုံးဖြတ်ချက်တစ်ခုခိုင်မာစွာချလိုက်တော့သည် ။

အချိန်အကြာကြီး ကိုယ်မင်းကို လွတ်ထားပေးပြီးပြီ ဝိုင်....
အခုချိန်ကစပြီး ကိုယ်မင်းကို အလွတ်ပေးတော့မှာမဟုတ်ဘူး
မင်း ဘာကြီးပဲဖြစ်နေပါစေပေါ့...

ထိုကားလေးဟာ ထိုနေရာတွင် တစ်ညလုံးရှိနေပြီး မနက်
မိုးလင်းခါနီးမှ မောင်းထွက်သွားတာကိုတော့ ဝိုင် ဆိုတဲ့
ကောင်လေးမသိလိုက်ပေ ။

To be continue

Bạn đang đọc truyện trên: Truyen2U.Pro