အပိုင်း ( 1 )
Màu nền
Font chữ
Font size
Chiều cao dòng
အပိုင်း ၁
တီ...တီ...တီ.....
သို့သော် ထမလာသေး ။
သည် ။
"ပါး...."
"မောနင်း ဘေဘီ...."
ခရီးလွန်သွားမိလေသည် ။
သလိုလို....
"ပါး...."
တော့သည် ။
မယ်..."
"ဟုတ်...."
သည် ။
"ပါး သားပြီးပြီ...."
အဟက်...တွေးမိပြန်ပြီ....
မေ့ပစ်သင့်ပါပြီလေ...
"ကဲ ကျောင်းသွားကြမယ်...."
ထားခဲ့ပြီးတော့ပေါ့ ။
"ပါး တာ့တာ မွ...."
"ဟုတ်..."
မှထွက်လာခဲ့တော့သည် ။
Did you feel us
Another start 🎼
"Hello...."
စိုက်လာကြလေသည် ။
"ခင်ဗျား....."
တောင်ခံစားလိုက်ရသည် ။
သူ....သူလား....
ရှင်း.....
တော့ ။
လာရတာလဲ...
***************** ***************** ************
"ဝိုင်...."
လေးဖြစ်ခဲ့လို့...."
ပြပါဦး မမနွယ်ကို...."
ခံစားလိုက်ရသည် ။
"အဆင်ပြေရဲ့လား ဝိုင်...."
ဝိုင်..."
"ကျေးဇူးပါ ဝိုင်ရယ်...."
"အခုစတော့မလား...."
"အင်း အင်း...."
တစ်ပွင့်ဖြစ်ခဲ့တာ...
လိုက်မိတော့သည် ။
"အ...."
ဟင်.....ဒီအသံ....
"ရှင်း...."
"အင်း မှတ်မိနေသားပဲ...."
"ရှင်း ဘယ်လို အွန်း....."
"ကိုယ် ပြန်လာပြီ ဘေဘီ...."
To be continue
အပိုင်း ၁
တီ...တီ...တီ.....
နာရီနှိုးစက်သံ ကျယ်လောင်စွာထွက်ပေါ်လာသည်နှင့် ကျင့်
သားရနေပြီဖြစ်သော မျက်လုံးများကအလိုလိုပွင့်လျက်သား ။
အချိန်ကိုကြည့်တော့ ၆ နာရီ ။အိပ်ရာမှထ ရေချိုးခန်းထဲဝင်
မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် မီးဖိုချောင်သို့ဝင်လာခဲ့
တော့သည် ။မနက်စာအဖြစ်ရိုးရိုးရှင်းရှင်း ထမင်းကြော်နှင့်
ကြက်ဥကြော်သာ စီစဉ်ပြီး ထမင်းဗူးအတွက် ကြက်သားလေး
ကိုကြော်ကာ ထားလိုက်သည် ။မီးဖိုချောင်ထဲ ကိစ္စဝိစ္စပြီးတော့
အချိန်ကား ၇နာရီတောင်ထိုးတော့မည်ဖြစ်သည် ။
ထို့ကြောင့် လုပ်လက်စများကို ခေတ္တရပ်ကာ တစ်စုံတစ်ယော
က်ဆီသို့ အပြေးသွားရတော့သည် ။
"ဘေဘီ ထတော့ ၇နာရီထိုးပြီ...."
အသံကိုအချိုဆုံးထားကာ နှိုးလိုက်သော်လည်း စောင်ပုံလေး
မှာ တုတ်တုတ်တောင်မလှုပ်ပေ ။
"ဘေဘီ ထတော့လေ ကျောင်းသွားရမယ်...."
ဒုတိယအကြိမ်မှာတော့ စောင်ပုံလေးအနည်းငယ်လှုပ်လာပြီ ။
သို့သော် ထမလာသေး ။
"ဘေဘီ ထတော့ဆို ပါး စိတ်တိုလာပြီနော်...."
ဆူအောင့်အောင့်အသံနှင့်ပြောလိုက်တော့ စောင်ပုံထဲမှ တခစ်
ခစ်နဲ့ အသံတိုးတိုးလေးထွက်လာလေသည် ။သူလည်း အသာ
ပြုံးလိုက်ရင်း စောင်ကိုဆွဲလှန်လိုက်တော့ စောင်အောက်တွင်
ပြုံးစိစိမျက်နှာထားနဲ့ပေါက်စလေးတစ်ကောင်ကိုတွေ့လိုက်ရ
သည် ။
ဖြူဥနေသော အသားအရေနှင့် နီရဲရဲနှုတ်ခမ်းပါးလေးက
သူ့ဆီကအမွေအနှစ်ဖြစ်သည် ။နှာတံနှင့်ကြည်လင်ပြီးလှပလွန်း
သောမျက်လုံးတစ်စုံကတော့ အင်း တစ်စုံတစ်ယောက်နဲ့
သိပ်ကိုတူလွန်းလှပေသည် ။ ကာတွန်းရုပ်လေးတွေပါသော
အပြာရောင်အပေါ်အောက်ဆင်တူဝမ်းဆက်လေးနဲ့သားဟာ
သိပ်ကိုချစ်စရာကောင်းလှသည် ။
"ပါး...."
"မောနင်း ဘေဘီ...."
ရင်ခွင်ထဲတိုးဝင်လာသော သားလေးကိုပြန်လည်ထွေးပွေးထား
ရင်း စက္ကန့်ပိုင်းလောက်ငြိမ်နေမိသည် ။
နှင်းသက်ဝိုင် တစ်ယောက်သူ့ရဲ့ချစ်လှစွာသောသားငယ်
ရှင်းသန့်ဝိုင် အားကြည့်ကာ အတိတ်ကနေ့ရက်တစ်ချို့ကို
ခရီးလွန်သွားမိလေသည် ။
အသက်....အက်ရှရှခေါ်သံတစ်ခုနားထဲပြန်ကြားယောင်လာ
သလိုလို....
ချစ်ခြင်းတွေထုံမွှန်းနေသော ရီဝေဝေအကြည့်တစ်ချို့ကို
ပြန်လည်မြင်ယောင်လာသလိုလို....
သူ.....ဟုတ်တယ်....သူ တစ်ချိန်က ဝိုင်သိပ်ချစ်ခဲ့ရတဲ့သူ
အခုလည်းချစ်နေဆဲသော သူ....
"ပါး...."
သားငယ်ရဲ့ခေါ်သံကြောင့် ဝိုင် အတွေးလွန်နေရာမှရုန်းထွက်
လာရတော့သည် ။သားကိုကြည့်လိုက်တော့ သူ့အားရင်ခွင်ထဲ
ကနေစူးစမ်းသလိုလေးမော့ကြည့်နေလေသည် ။ဝိုင် လည်း
သားအား ပြုံးပြလိုက်ရင်း နဖူးလေးကိုကြင်နာစွာငုံ့နမ်းလိုက်
တော့သည် ။
"ကဲ သွား မျက်နှာသွားသစ် ပါး ကျောင်းဝတ်စုံထုတ်ထားပေး
မယ်..."
"ဟုတ်...."
သူ့ရင်ခွင်ထဲမှ ရုန်းထွက်သွားပြီး ရေချိုးခန်းထဲသို့လှစ်ခနဲပြေး
ဝင်သွားသော သားကိုကြည့်ပြီး ဝိုင် ထပ်မံ၍ပြုံးလိုက်မိသည် ။
အခုချိန်မှာ သား သာသူ့ရဲ့အပြုံးတွေဖြစ်တည်ရာပင် ။
ဝိုင် ဒီဘဝတွင် ဘာကိုမှထပ်မံ၍မလိုချင်တော့ပါ ။သားကလွဲရင်
ဝိုင် ဘာကိုမှလောဘမထားတော့တာ အတော်ကြာပြီဖြစ်
သည် ။
အင်း သူ ဆိုရင်တောင်မှပေါ့....
"ပါး သားပြီးပြီ...."
ကျောင်းဝတ်စုံလေးနဲ့သားက ခြောက်နှစ်အရွယ်ဆိုပေမဲ့ တကယ်ကိုချစ်ဖို့ကောင်းသလို ခန့်ညားလှသည် ။သားဟာ
တစ်ခါတစ်လေ သူ နဲ့သိပ်တူလွန်းသည်ဟု ဝိုင် ထင်မိသည် ။
အဟက်...တွေးမိပြန်ပြီ....
သူ နဲ့ဝေးကွာခဲ့သော ခုနှစ်နှစ်တာတွင်....တစ်ရက်တောင် သူ့
အကြောင်းမတွေးပဲ မနေနိုင်ခဲ့ပေ ။
မေ့ပစ်သင့်ပါပြီလေ...
"ကဲ ကျောင်းသွားကြမယ်...."
သားလက်ကိုဆွဲကာ အိမ်မှထွက်လာခဲ့တော့သည် ။အတိတ်
တွေ အမှတိတရတွေ နာကျင်စရာတွေ အားလုံးကိုအိမ်မှာပဲ
ထားခဲ့ပြီးတော့ပေါ့ ။
"ပါး တာ့တာ မွ...."
"သား စာသေချာလိုက်လုပ်နော်...."
"ဟုတ်..."
သား ကျောင်းခန်းထဲဝင်သွားသည်ကို ဝိုင် ရပ်ကာငေးကြည့်နေ
မိသည် ။သားက ကျောင်းခန်းထဲမဝင်သေးပဲ သူ့အားလှည့်
ကြည့်လာကာ စူပုတ်ပုတ်မျက်နှာလေးနဲ့
"ပါး ဘာရပ်လုပ်နေတာလဲ ပြန်တော့လေ..."
အတင်းနှင်ထုတ်နေသော သားကြောင့် ဝိုင် ရုတ်တရက်ကြောင်
သွားရလေသည် ။ပြီးတော့မှ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်
မိတော့ သူ့အား မသိမသာရော သိသိသာသာပါ ဝိုင်းကြည့်နေ
ကြတဲ့ ကျောင်းသားမိခင်တစ်ချို့ ဆရာဆရာမတစ်ချို့ကြောင့်
ဝိုင် သဘောပေါက်သွားရလေသည် ။
အဟက်....ဘေဘီအဆိုးလေးက သူ့ပါးကို သူများတွေဝိုင်း
ကြည့်နေလို့ အူတွေတိုနေတာပဲ....
ယခုဖြစ်နေသော သားရဲ့ပုံစံလေးက သိပ်ကိုချစ်ဖို့ကောင်းလှ
တာကြောင့် ဝိုင် အသဲယားစွာသားဆီအပြေးသွားပြီးဖြစ်ညစ်
ပလိုက်ချင်သည့်စိတ်ကို မနည်းထိန်းထားရသည် ။
သားအူတိုလည်းအူတိုချင်းစရာပင် ။ရှပ်အကျႌအဖြူလေးနှင့်
အနက်ရောင်ဂျင်းဘောင်းဘီကို ပေါ့ပေါ့ပါးပါးတွဲဝတ်ထားသော
ဝိုင် ရဲ့ပုံစံလေးက ကလေးတစ်ယောက်အဖေပါလို့ပြောရင်
ဘယ်သူမှယုံမည်မဟုတ်ပေ ။korea idol လေးတစ်ယောက်
လို ဖြူဖြူနုနုနဲ့ချောမောလှပသော single father လေးကို
ဒီလိုဝိုင်းကြည့်ကြတာ ထူးတော့မထူးဆန်းပါလေ ။
ဒီလိုဝိုင်းအကြည့်ခံရသည့်အပေါ် ဝိုင် ဘယ်လိုမှမခံစားရပေမဲ့
သားဖြစ်သူရွှေစိတ်တော်ကောက်သွားမှာကြောက်၍ ထိုနေရာ
မှထွက်လာခဲ့တော့သည် ။
You were the shadow to my light
Did you feel us
Another start 🎼
ဖုန်း ringtone ထည့်ထားသော faded သီချင်းသံထွက်ပေါ်
လာတာကြောင့် နံပါတ်ကိုကြည့်လိုက်တော့ content မှာပေါ်နေတာက' မမနွယ် ' တဲ့ ။
ဝိုင် လည်းဖုန်းကို အမြန်ကိုင်လိုက်ရတော့၏ ။
"Hello...."
* ဝိုင် ဘေဘီဝိုင်ကို ကျောင်းပို့ပြီးပြီလား....*
"အင်း အခုပဲပို့ပြီးတယ် မမနွယ်...."
* အေး အဲ့ဒါဆို အခု studio ကိုလာခဲ့စမ်းပါဟယ် ဒေးဗစ်က
ဒီနေ့နေမကောင်းလို့မလာနိုင်ဘူးတဲ့....*
"ဟုတ်လား အိုကေ အခုလာခဲ့မယ်...."
* အဲ လာရင် ငါ့အတွက် season က မုန့်နဲ့ကော်ဖီအေးဝင်
ဝယ်ခဲ့ပေးနော် သဲလေး bye....*
ပြောချင်တာပြောပြီး ဖုန်းချသွားပါသော မမနွယ် ။ဝိုင် လည်း
သက်ပြင်းအသာချကာ ကားအား Lucky studio သို့
ဦးတည်မောင်းနှင်လာတော့သည် ။
Studio သို့သွားရတဲ့အကြောင်းကတော့ ဝိုင် က
Photographer တစ်ယောက်ဖြစ်သည် ။နာမည်ကျော်pro
တစ်ယောက်တော့မဟုတ်ပေမဲ့ ဝိုင် ရိုက်လိုက်သောရိုက်ချက်
မှန်သမျှက တစ်ဖက်လူကိုသဘောမကျပဲမနေနိုင်အောင်
ဆွဲဆောင်နိုင်စွမ်းရှိသည် ။
Studio သို့ရောက်ကာနီး အနီးအနားကCitymart တစ်ခု
သို့ဝင်ကာ Season က မမနွယ်မှာလိုက်သော ကော်ဖီအေး
နဲ့မုန့်ကိုဝင်ဝယ်ရပြန်သည် ။မြန်မြန်ဝယ် မြန်မြန်သွားဖို့စီစဉ်
ထားပေမဲ့ ဒီနေ့မှလူတွေအရမ်းကျနေလေတာကြောင့် ဝိုင်
အတော်လေးတန်းစီလိုက်ရသည် ။မိနစ်၂၀ လောက်စောင့်ခဲ့
ပြီးမှ ဝိုင်အလှည့်ရောက်လာလေသည် ။ဝိုင် လည်း မိမိရွေးလာ
သည့်မုန့်အား caisher သို့တင်မယ်လုပ်လိုက်စဉ် ရုတ်တရက်
ဝိုင်အရှေ့ကနေဖြတ်ကာရပ်လိုက်သောလူကြောင့် ဝိုင် တောင်
လန့်ဖြန့်သွားရလေသည် ။ပြီးတော့ ဒေါသထွက်သွားရကာ
"ဟေ့လူ ဘာလုပ်တာလဲ နောက်ကနေတန်းစီလေ...."
ဒေါသထွက်ထွက်နဲ့အော်လိုက်တာကြောင့် ဝိုင် ရဲ့အသံက
နည်းနည်းတော့ကျယ်သွားသည် ။ပတ်ဝန်းကျင်ကသူ့အလုပ်နဲ့
သူရှုပ်နေကြသောလူများလည်း ဝိုင် တို့နှစ်ယောက်ကိုအာရုံ
စိုက်လာကြလေသည် ။
သို့ပေမဲ့ ဝိုင် ဘယ်လောက်ဒေါသထွက်ထွက် ဝိုင့်အရှေ့က
လူကတော့ တုတ်တုတ်မလှုပ်ပေ ။ထို့ကြောင့် ဝိုင် အတော်လေး
ဒေါသထွက်လာရတော့ကြောင့် ထိုလူရဲ့ပခုံးကိုအတင်းဆွဲ
လှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့သည် ။
"ခင်ဗျား....."
ဝိုင် စကားသံတွေရပ်တန့်သွားရလေသည် ။စူးရဲလှတဲ့မျက်ဝန်း
တွေကြောင့် ဝိုင် ခေတ္တလောကကြီးနဲ့အဆက်ပြတ်သွားသလို
တောင်ခံစားလိုက်ရသည် ။
သူ....သူလား....
ခပ်တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းပါးတွေက ဝိုင့်ရဲ့
ဖြူဖျော့သွားသောမျက်နှာကိုတွေ့သည်နှင့် အနည်းငယ်တွန့်
ကွေးသွားသည်ကို တွေ့လိုက်ရသည် ။
နတ်ဘုရားတစ်ပါးလိုအရှိန်အဝါတွေတောက်ပစွာနဲ့ သူ့အရှေ့
ရပ်နေသော လူသားဟာ ဝိုင် ခုနှစ်နှစ်တာလုံးမေ့မရခဲ့တဲ့သူ ။
ရှင်း.....
အရင်ကအမြတ်တနိုးခေါ်ခဲ့သောနာမ်စားလေး ပါးစပ်ကလွှတ်
ခနဲထွက်မသွားခင် အမြန်ထိန်းလိုက်ရင်း ဝိုင် အလန့်တကြား
နောက်သို့ဆုတ်လိုက်မိတော့သည် ။စောနက ထွက်နေသော
ဒေါသတွေဆိုတာ ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်းမသိ
တော့ ။
ဝိုင့်ရှေ့ကလူကတော့ ဝိုင် သွေးပျက်နေသည်ကိုကြည့်ရင်း
အပြုံးရေးရေးလေး နှုတ်ခမ်းပါးတွင်ချိတ်ဆွဲထားလေသည် ။
အပြုံး....ဟုတ်တယ်....သေချာပြောရရင် လှောင်ပြုံး....
နှုတ်ခမ်းပါးကပြုံးနေပေမဲ့ မျက်ဝန်းကအကြည့်တွေကတော့
အေးစက်လျက် ။နာကျင်ရိပ် နာကျည်းရိပ်တွေစွန်းထင်းနေ
သော ထိုမျက်ဝန်းကို ဝိုင် စေ့စေ့မကြည့်ရဲပေ ။
"တောင်း တောင်းပန်ပါတယ်...."
ဘာအတွက်ရည်ရွယ်လို့ရည်ရွယ်မှန်းမသိတဲ့ တောင်းပန်စကား
နဲ့အတူ ဝိုင် ထိုနေရာမှထွက်ပြေးလာခဲ့တော့သည် ။
မနေချင်ပါ....ဝိုင့်ကို မုန်းနေမယ့် သူ့ရဲ့အနားတွင်....
ပြန်မတွေ့နိုင်တော့ဘူးလို့ ယုံကြည်ခဲ့တာ...
မေ့ပစ်သင့်ပြီလို့ ထင်ခဲ့တာ....
ဘာလို့အခုမှ ရုတ်တရက်ကြီး အရှေ့ကိုတည့်တည့်ရောက်ချ
လာရတာလဲ...
ထွက်ပြေးသွားသောကောင်လေးကတော့ ရပ်ကျန်နေခဲ့သော
လူသား၏ ဒေါသအခိုးအငွေ့တွေဝေနေသော တည်တင်းလှတဲ့
မျက်နှာကို မမြင်လိုက်ပါ...။
***************** ***************** ************
"ဟဲ့ ဝိုင် ဘာဖြစ်လာတာလဲ...."
မှာလိုက်သော မုန့်လည်းမပါ ၊ ရောက်လာတော့ အထိတ်တလန့်
နဲ့ မျက်နှာကလည်းသွေးမရှိတော့သလိုဖြူစုတ်နေသော ဝိုင်
ကြောင့် မမနွယ် အလန့်တကြားမေးလိုက်ရတော့သည် ။
ဝိုင် ကတော့ချက်ခြင်းမဖြေနိုင် ၊ ရင်ဘတ်ကိုလက်နဲ့အသာဖိ
ကာ မနည်းအသက်ရှူဖို့ကြိုးစားနေလေသည် ။
"ဝိုင်...."
"ရ ရတယ် မမနွယ် လာတဲ့လမ်းမှာ accident အသေးစား
လေးဖြစ်ခဲ့လို့...."
"ဟင် ဘာဖြစ်သွားသေးလဲ ဝိုင် ဘယ်နားထိခိုက်သွားသေးလဲ
ပြပါဦး မမနွယ်ကို...."
"ဘာမှမဖြစ်ပါဘူး နည်းနည်းလေးလန့်သွားရုံပါ...."
"အေးပါ ရော့ ရေသောက်လိုက်ဦး..."
ဝိုင်လည်း မမနွယ် ကမ်းပေးလာသော ရေဘူးကိုလှမ်းယူကာ
မော့သောက်လိုက်တော့သည် ။ပူလောင်နေတဲ့ရင်ထဲရေအေး
လေးဝင်တော့မှ အနည်းငယ်နေသာထိုင်သာရှိသွားသလို
ခံစားလိုက်ရသည် ။
"အဆင်ပြေရဲ့လား ဝိုင်...."
"ဟုတ် မမနွယ် ဒါနဲ့ မမနွယ် ကျွန်တော့်ကိုခေါ်တာက...."
"အော် ဒီလို ဒီနေ့ ကြော်ငြာပစ္စည်းတစ်ခုအတွက် ဓာတ်ပုံရိုက်
ရမှာ မနက်ကအစောကြီး ဒေးဗစ်က မမဆီဖုန်းဆက်လာ
တယ် သူနေမကောင်းလို့မလာနိုင်တော့ဘူးဆိုပြီး ဒီမှာလည်း
အားလုံးပြင်ဆင်ပြီးပြီဆိုတော့ ဖျက်လို့လည်းမရတော့ဘူးလေ
အဲ့ဒါနဲ့ ဝိုင့် ကိုလှမ်းခေါ်လိုက်ရတာ အဆင်ပြေတယ်မလား
ဝိုင်..."
"ပြေတာပေါ့ ဒါ ကျွန်တော့်အလုပ်ပဲဟာ...."
"ကျေးဇူးပါ ဝိုင်ရယ်...."
"ကျေးဇူးမလိုပါဘူး မမနွယ် အချင်းချင်းတွေပဲကို...."
ဝိုင် ရဲ့အပြောလေးကြောင့် မမနွယ်က သူမရဲ့သွားဖြူဖြူလေး
တွေပေါ်သည်အထိရယ်ပြလေသည် ။
"အခုစတော့မလား...."
"အင်း model ပြင်လို့မပြီးသေးဘူးထင်တယ် ၁၅ မိနစ်လော
က်ပဲ ထပ်စောင့်လိုက်ပါ..."
"အဲ့ဒါဆို ကျွန်တော် toilet ခဏသွားဦးမယ် မမနွယ်...."
"အင်း အင်း...."
ဝိုင် လည်းမမနွယ်ရှေ့ကထွက်လာကာ toilet သို့ဦးတည်
လိုက်တော့သည် ။ခုနကစိတ်လှုပ်ရှားတာများသွားပြီး ရေ
သောက်တာများသွားတာကြောင့် ဆီးသွားချင်လာ၍ဖြစ်သည်။
ကိစ္စရှင်းပြီးသည်နှင့် ဘေစင်တွင်လက်ဆေးကာ ခေတ္တငေး
ငိုင်နေမိသည် ။အတွေးတွေက ရုတ်တရက်ပေါ်လာသော
လူသားဆီတွင်သာဖြစ်သည် ။
ရှင်းသန့်မင်းမာန်.....ထိုလူသားဟာ သူ့အတွက်တော့ မေ့မရ
တဲ့အမှတ်တရတွေဖန်တီးပေးခဲ့သော တစ်ဦးတည်းသောသူ ။
သူ့ဘဝရဲ့ ကြယ်ပွင့်လေးဖြစ်ခဲ့သည် ။
မဟုတ်ဘူး....ထိုလူဟာ အားလုံးရဲ့အထက်ကကြယ်လေး
တစ်ပွင့်ဖြစ်ခဲ့တာ...
ကျစ်.....နှင်းသက်ဝိုင် မင်းဘာဖြစ်နေတာလဲ....
မေ့လိုက်တော့....ခုနှစ်နှစ်တောင်ကြာခဲ့ပြီပဲဟာ....
ခေါင်းထဲကအတွေးတွေကို မောင်းထုတ်နိုင်ရန်အလို့ငှါ
ခေါင်းကိုအတင်းခါယမ်းမိတော့သည် ။ထို့နောက် အသက်ကို
ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ အပြင်သို့ထွက်ရန်ပြင်
လိုက်တော့သည် ။သို့သော် တံခါးဝနားမရောက်ခင်မှာပဲ
လူကတစ်စုံတစ်ယောက်ရဲ့ချုပ်နှောင်ခံလိုက်ရပြီး နံရံသို့
အတင်းအကြပ်ဖိကပ်ခံလိုက်ရသည် ။ရုတ်တရက်မို့ ကျောက
အောင့်တက်သွားရပြီး နာကျင်မှုကြောင့် အသံထွက်ညည်း
လိုက်မိတော့သည် ။
"အ...."
"ထွက်ပြေးတယ်ပေါ့ အဟက် အရင်တုန်းကလိုပါပဲလား...."
ဟင်.....ဒီအသံ....
ဝိုင် အလန့်တကြားမော့ကြည့်လိုက်တော့ စူးရဲတဲ့မျက်ဝန်း
တစ်စုံကို ထပ်မံတွေ့လိုက်ရသည် ။
"ရှင်း...."
"အင်း မှတ်မိနေသားပဲ...."
"ရှင်း ဘယ်လို အွန်း....."
နှုတ်ခမ်းထက်ကျလာသော အနမ်းကြမ်းကြမ်းတွေက ဝိုင့်ကို
ဘာစကားမှမပြောနိုင်အောင် နှုတ်ပိတ်လိုက်နိုင်လေသည် ။
ပြင်းပြင်းရှရှ မွတ်မွတ်သပ်သပ်အနမ်းတွေကြား ဝိုင် ခြေထော
က်တွေယိုင်နဲ့လာရသည် ။အနမ်းတွေအဆုံးမှာ ပျော့ခွေကျ
သွားသော ဝိုင် အားပွေ့ဖက်ထိန်းထားရင်း နားနားကပ်ကာ
ခပ်တိုးတိုးဆိုလာလေသည် ။
"ကိုယ် ပြန်လာပြီ ဘေဘီ...."
သေချာတာတစ်ခုက သူအခုထိ ထိုလူသားရဲ့လက်ထဲက
မလွတ်မြောက်နိုင်သေးဘူးဆိုတာ....
To be continue
Bạn đang đọc truyện trên: Truyen2U.Pro