Unicode << 9 >>

Màu nền
Font chữ
Font size
Chiều cao dòng

part 9

"သွေး ခုနကငါ့ကိုစိတ်ဆိုးသွားတာလား...."

ဘာစကားမှမပြောပဲ သူ့အားကျောပေးကာထိုင်နေသော
သွေးကိုသူအသာဆွဲကာရင်ခွင်ထဲထည့်ထားမိလေသည် ။

"မဆိုးပါဘူး...."

သူ့ရင်ခွင်ထဲအလိုက်သင့်မှီရင်း သွေးကအသံပိစိလေးနဲ့
ဖြေလာလေသည် ။နူးညံ့တဲ့ကိုယ်လေးကို မချင့်မရဲဖြစ်ညစ်
ရင်း နားရွက်ဖျားလေးကိုအသာငုံ့နမ်းလိုက်တော့ သွေးရဲ့
ကိုယ်လေးတုန်တက်သွားသည်ကိုသတိထားမိလိုက်သည် ။

"ဟာ မင်း....."

အနေရအထိုင်ရခက်ဟန်နှင့်သူ့ရင်ခွင်ထဲကနေရုန်းထွက်ဖို့
လုပ်နေသောပေါက်စကိုမာန်အလွတ်မပေးပဲပို၍တိုးကာတင်းကြပ်စွာဖက်ထားမိတော့သည် ။

"မာန် လွှတ်ပေးဦးကွာ...."

"ဟင့်အင့် ဒီအတိုင်းလေးနေချင်သေးတယ် ငြိမ်ငြိမ်နေ...."

မာန် ထိုသို့ဆိုတော့လည်း သူ ထပ်မရုန်းတော့ပဲငြိမ်နေ
လိုက်တော့သည် ။မာန်ကသူ့ကိုအနောက်နေတင်းကြပ်စွာ
ဖက်ထားပြီး ပခုံးထက်မေးလေးတင်ကာငြိမ်နေလေသည် ။

"မာန်...."

"အင်း....."

"မင်း ငါ့ကိုဘယ်အချိန်ကစချစ်ခဲ့တာလဲ...."

သွေးရဲ့အမေးကြောင့် မာန် စဉ်းစားဟန်ဖြင့်ငြိမ်သွားလေ
တော့သည် ။ခဏအကြာမှ

"ငါမသိဘူး သွေး ငါမင်းကိုဘယ်အချိန်မှာစချစ်မိသွားလဲဆို
တာငါသေချာမသိဘူး ဒါပေမဲ့ ငါဒါကိုနားလည်သွားတဲ့အချိန်
မှာတော့ မင်းကိုအရမ်းချစ်မိနေခဲ့ပြီ...."

သွေး မာန့်ရဲ့စကားအဆုံးမှာ ကျေနပ်စွာပြုံးလိုက်မိတော့
သည် ။

"ဒါနဲ့ မင်းရော သွေး မင်းကရောငါ့ကိုဘယ်အချိန်ကတည်း
ကချစ်နေတာလဲ...."

သွေး မာန့်ရဲ့ရင်ခွင်ထဲကရုန်းထွက်လိုက်ကာ မာန့်ရဲ့မျက်နှာ
ကိုစိုက်ကြည့်လိုက်တော့သည် ။

"ငါမင်းကိုချစ်တာ ဟိုးငယ်ငယ်ကတည်းကပဲ မာန် ငါမင်းကို
ငယ်ငယ်ကတည်းကချစ်ခဲ့တာ...."

"တောင်းပန်ပါတယ် ငါမသိခဲ့လို့ မင်းရဲ့အချစ်တွေကိုမမြင်ခဲ့
လို့ မင်းကိုအချိန်အကြာကြီးနာကျင်စေခဲ့တယ်..."

သူပြောတာကို သွေး ကတခစ်ခစ်ရယ်ကာ သဘောကျနေ
လေတော့သည် ။ထို့နောက် သူ့လည်တိုင်ကိုသိုင်းဖက်ကာ
နှုတ်ခမ်းလေးကိုခပ်ဖွဖွနမ်းလေသည် ။

"မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ...."

သွေးရဲ့အပြုအမူလေးကြောင့် မာန် ရင်တွေထိန်းမရအောင်
ခုန်လာရတော့သည် ။နှုတ်ခမ်းပါးရဲရဲလေးကို ချိုချဉ်လုံးလေး
ဟုသတ်မှတ်ကာ အငမ်းမရစုပ်ယူနမ်းရှိုက်မိတော့သည် ။
အချိန်အတော်ကြာအနမ်းပင်လယ်ထဲကူးခတ်နေကြပြီးမှ
ရပ်လိုက်ကြတော့သည် ။သူ့အနမ်းကြောင့်လားမသိ ၊သွေးရဲ့နှုတ်ခမ်းရဲရဲလေးကဖူးဖူးလေးဖြစ်နေလေသည် ။

"မင်းနှုတ်ခမ်းလေးကအရမ်းချိုတာပဲ သွေးရာ ဘယ်လောက်
နမ်းနမ်းမဝဘူး...."

ရဲခနဲဖြစ်သွားသော သွေးမျက်နှာလေး ။

"ငါ မင်းကိုမေးရဦးမယ် မာန်..."

"မေးလေ ဘာမေးမှာလဲ...."

"တကယ်လို့ ငါတို့နှစ်ယောက်အကြောင်းလူကြီးတွေသိသွား
ပြီးသဘောမတူဘူးဆိုရင် မင်းဘယ်လိုလုပ်မှာလဲ...."

သူ့အမေးကို မာန်ကချက်ချင်းမဖြေပဲသူ့အားစိုက်ကြည့်နေ
လေသည် ။သွေး ကြောက်နေမိသည် ။သူတို့နှစ်ယောက်အ
ကြောင်းမိဘတွေသိသွားပြီး သဘောမတူမှာ ၊ကန့်ကွက်မှာ
ကိုသွေးအရမ်းစိုးရိမ်နေမိသည် ။အဓိကကမာန်ပင် ။
မာန်ကသာထိုကိစ္စတွေအတွက် သတ္တိမရှိဘူး ၊ရင်မဆိုင်နိုင်
ဘူး ဆိုမှာကိုသူပို၍ကြောက်မိသည် ။

"မင်းငါ့ကိုယုံလား သွေး...."

"အင်း ယုံတယ်...."

မဆိုင်းမတွဖြေလိုက်သောသူ့အဖြေကြောင့် မာန် ကျေနပ်
စွာပြုံးလိုက်သည်ကိုတွေ့လိုက်ရသည် ။

"မိဘတွေငါတို့ကိုလက်ခံမှာပါ အကယ်၍လက်မခံဘူးဆိုရင်
လည်း လက်ခံလာတဲ့အထိ ငါကြိုးစားမှာ မင်းသာငါ့အနား
ကနေမထွက်သွားပါနဲ့နော် အဲ့ဒါလေးပဲမင်းကလုပ်ပေးပါ
မင်းသာငါ့အနားမှာရှိမယ်ဆိုရင် ငါဘာကိုမှမကြောက်ဘူး
ရင်ဆိုင်နိုင်တယ် ရင်ဆိုင်ရဲတယ်...."

"အင်း ငါမင်းအနားကိုဘယ်တော့မှထွက်မသွားဘူး မင်းနှင်
ထုတ်ရင်တောင်မင်းအနားမှာပဲအတင်းတွယ်ကပ်နေမှာ
ငါမင်းကိုအရမ်းချစ်တယ် မာန်..."

သွေးရဲ့အပြော သွေးရဲ့အပြုအမူလေးကြောင့် သူ အသဲ
တွေယားလာရသည် ။ထို့ကြောင့် သွေးရဲ့ကိုယ်လေးကို
ကလေးတစ်ယောက်လိုပွေ့ချီလိုက်တော့ သူ့လက်ထဲအရုပ်
လေးတစ်ရုပ်လိုပါလာလေသည် ။

"မရတော့ဘူး မင်းကြောင့်ငါရူးတော့မယ် သွေးရာ...."

သွေးကိုပွေ့ချီလျက်သားပင် အိပ်ခန်းထဲဝင်သွားပြီး သွေး
ကိုယ်လေးကိုကုတင်ပေါ်သိုအသာချကာ သူအပေါ်ကနေ
အုံ့မိုးလိုက်တော့သည် ။

"ဘာ ဘာလဲ...."

"မင်းကိုချစ်မလို့လေ...."

"ဘာ...."

မျက်နှာကလေးနီမြန်းသွားပြီး သူ့ကိုအတင်းတွန်းထုတ်ကာ
ကုန်းရုန်းထရန်ပြင်သောသွေးကို မာန်ပြန်တွန်းလှဲလိုက်လေ
သည် ။

"မင်း မင်းနော် အဲ့ဒါကြောင့်ကျောင်းမတက်ပဲငါ့ကိုမင်းအိမ်ကို
ခေါ်လာတာလား..."

"မင်းကအရမ်းချစ်ဖို့ကောင်းတော့ ငါကမချစ်ပဲမနေနိုင်တော့
ဘူးလေ..."

"မ မရဘူးနော် မာန် ငါ ငါ အွန်း အဆင်သင့် အွန်း မဖြစ်သေးဘူးလို့ အွန်း မာန် လွှတ် အွန်း နှာဗူးကြီး...."

နှုတ်ခမ်းနှစ်လွှာကိုအပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူ
နမ်းရှိုက်နေပြီး လက်တွေကလည်းအငြိမ်မနေပဲသွေးရဲ့ကိုယ်
လေးအနှံ့ပွတ်သပ်ကိုင်တွယ်နေတော့သည် ။ထို့နောက်
နှုတ်ခမ်းကနေတဆင့်လည်ပင်းသို့ဆင်းသွားကာ အနမ်းတွေ
ဆက်နေပြန်သည် ။လည်ပင်းနှင့်ရင်ဘတ်ကိုအနမ်းတွေ
အဆက်မပြတ်ကျဲချရင်း အချစ်အမှတ်အသားတွေစိတ်ကြို
က်ပေးနေသောမာန်ကြောင့် သွေး စိတ်အမှုမဲ့ညည်းရင်း
တစ်ကိုယ်လုံးထွန့်ထွန့်လူးနေတော့သည် ။

"ဟင့်အင်း တော် တော်ပြီ မာန် ငါ ငါမနေတတ် တော့ဘူး
မာန် အွန်း....."

မာန်ကသူ့နှုတ်ခမ်းတွေကိုနောက်တစ်ကြိမ်ခပ်ကြမ်းကြမ်း
နမ်းပြီးမှ ရပ်လိုက်တော့သည် ။သွေးမှာတော့ မာန်သူ့ကို
လွှတ်ပေးလိုက်တော့မှ အသက်ကိုရဲရဲရှူရဲတော့သည် ။

"အေးပါ တော်ပါပြီ မောနေတာလား...."

မာန်ကသူ့နဖူးလေးကိုဖွဖွလေးနမ်းကာသူ့ကိုတယုတယမေး
လေသည် ။သွေးခေါင်းညိတ်ပြမိတော့ မာန်ကရယ်ရင်း
သူ့ဘေးကိုဝင်လှဲကာ သူ့ကိုရင်ခွင်ထဲဆွဲထည့်ဖက်ထားလေ
တော့သည် ။

"အိပ်တော့...."

"ဟမ်...."

"အိပ်တော့လို့ မဟုတ်ရင် ငါ့စိတ်ကိုငါဆက်ထိန်းထားနိုင်မှာ
မဟုတ်ဘူး သွေး..."

ပြောရင်း ပိုတင်းတင်းကြပ်ကြပ်ဖက်ထားလေတော့ သွေး
လည်းဘာမှအထွန့်မတက်တော့ပဲမျက်လုံးကိုမှိတ်ကာ
အိပ်စက်ဖို့ပြင်လိုက်တော့သည် ။သွေး အိပ်ပျော်သွားတော့မှ
မာန် သွေးရဲ့မျက်နှာလေးကိုကြည့်ကာသက်ပြင်းချမိတော့
သည် ။

မင်းကိုချစ်လွန်းလို့ မင်းနာကျင်အောင်ငါမလုပ်ရက်ဘူး သွေး

စိတ်ချပါကွာ မင်းကိုတရားဝင်မပိုင်ဆိုင်ရမချင်း ငါမင်းကို
လက်ဖျားနဲ့တောင်မထိဘူး....

( နမ်းရုံပဲ နမ်းမယ်ပေါ့ ဟုတ်စ အယ်ကို....)

အဲ့ဒါ ငါမင်းကိုမြတ်နိုးလို့.......

********************************************
"သွေး ခဏထိုင်နေဦးနော် ငါသန့်စင်ခန်းခဏသွားလိုက်ဦး
မယ်...."

"Ok...."

မာန် ထွက်သွားတာနဲ့သူလည်းဖုန်းလေးကိုဖွင့်ကို fb ပေါ်
ခဏတက်ကြည့်နေလိုက်တော့သည် ။

"သိပ်ပျော်နေတယ်ပေါ့ နှင်းစက်သွေး...."

ခနဲ့တဲ့တဲ့အသံနှင့် သူ့အရှေ့ကိုရောက်ချလာသော မေအမရာ...။သွေး စိတ်ပျက်လက်ပျက်ဖြစ်သွားရပေမဲ့
ဘာမှမဖြစ်သလိုဟန်ဆောင်ပြုံးကာ ရင်ဆိုင်လိုက်တော့
သည် ။

"မမေအမရာပါလား တစ်ယောက်တည်းလား...."

"ကိုယ့်ချစ်သူကိုအခြားတစ်ယောက်ကလုယူသွားတော့လည်း တစ်ယောက်တည်းဖြစ်နေရတာပေါ့...."

မေအမရာကသူ့ကိုကြည့်ကာ ပြောလိုက်တာကြောင့် သွေး
မဲ့ပြုံးပြုံးလိုက်မိလေသည် ။

"အခုအရမ်းပျော်နေတယ်ပေါ့...."

"ပျော်တာပေါ့ ချစ်ရသူနဲ့အတူတူရှိနေတာကိုမပျော်တဲ့သူရှိပါ့
မလား မမေအမရာရဲ့...."

ရွှင်မြူးရိပ်လေးနှင့်ပြောလိုက်တော့ မေအမရာမျက်နှာမည်း
ခနဲဖြစ်သွားလေသည် ။

"သူများရည်းစားကိုလုယူထားပြီးပျော်နေတယ်ဆိုတော့
နင်တော်တော်မျက်နှာပြောင်တာပဲနော် နှင်းစက်သွေး...."

သွေး သူမရဲ့အပြောကိုဟာသတစ်ခုလိုပျက်ရယ်ပြုကာရယ်
လိုက်တော့သည် ။

"လုယူတယ်ပြောရအောင် မာန်ကသက်မဲ့အရုပ်မှမဟုတ်တာ
မာန့်ရဲ့နှလုံးသားကကျွန်တော့်ကိုရွေးချယ်ခဲ့တာလေ...."

"နင်ဘာမှအပိုတွေပြောမနေပါနဲ့ ယောကျ်ားဖြစ်ပြီးအခြား
ယောကျ်ားတစ်ယောက်ကိုမြူဆွယ်ဖြားယောင်းတတ်တဲ့နင့်
ကိုငါကတော့ရွံတယ် ဘာ မောင့်ရဲ့နှလုံးသားကနင့်ကိုရွေး
ချယ်တယ်ဟုတ်လား ဟက် ရယ်စရာကောင်းလိုက်တာနော်
မာန်ကနင့်ကိုတကယ်ချစ်တယ်များထင်နေလား အချိန်တန်
မိုးသားမာန်ဆိုတဲ့ယောကျ်ားကငါလိုမိန်းမကိုလက်ထပ်သွား
မှာ နင်ကတော့ကျန်ရစ်ဖြစ်မှာပဲ နှင်းစက်သွေး...."

"မာန်မလိုချင်တော့ချန်ရစ်ခဲ့လည်း ဟော့ဒီကကောင်က
အေးဆေးကျန်ရစ်ခဲ့ရမှာပေါ့ ဘာလို့လဲဆိုတော့ နှင်းစက်
သွေးဆိုတဲ့ကျွန်တော်ကဒီလောကကြီးထဲမှာမိုးသားမာန်ဆို
တဲ့လူရဲ့သဘောထားသူ့ရဲ့စကားကိုပဲ အလေးထားတယ်
အခြားဘယ်သူတွေဘာပြောပြောကျွန်တော်ဂရုမစိုက်ဘူး
အဲ့ဒါကျွန်တော်မာန့်ကိုချစ်တဲ့အချစ်ပဲ...."

သွေး သူမကိုသေချာစိုက်ကြည့်ကာ ပြတ်သားစွာပြောလိုက်
တော့သည် ။

"ခင်ဗျားကကျွန်တော့်ကိုရွံတယ်ပေါ့ ဟက် အဲ့ဒါကိုကျွန်တော်
ကဂရုစိုက်မယ်ထင်နေတာလား ကျွန်တော့်အတွက်ကတော့
မိုးသားမာန်ရဲ့အချစ်တွေကိုရထားရုံနဲ့တင်ကျေနပ်တယ်...."

"မင်းရဲ့စကားတွေကတော့နားထောင်လို့ကောင်းပါတယ်
ဒါမင်းဘက်ကအတွေးလေ မောင်ကရောအဲ့လိုတွေးမယ်ထင်
နေတာလား အခုတော့အစဆိုတော့အချစ်ကိုဘဝထင်ပြီး
သာယာချင်သာယာနေလိမ့်မယ် ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကများလာရင် မောင်ခံနိုင်
ရည်ရှိမယ်လို့မင်းထင်နေတာလား..."

"ဒါကတော့ မမေအမရာ ကျွန်တော့်ကိုအထင်သေးတာပဲ...."

ဘယ်ကနေဘယ်လိုပြန်ရောက်နေမှန်းမသိသောမာန်က
သူ့အနားသို့ရောက်ချလာလေသည် ။မာန့်ကိုမြင်တော့
မေအမရာ မျက်နှာပျက်ယွင်းသွားလေသည် ။

"အဲ့ဒီ့ပတ်ဝန်းကျင်ကိုသာဂရုစိုက်မယ်ဆို ကျွန်တော်သွေးကို
ချစ်တယ်လို့ဖွင့်ပြောခဲ့မှာမဟုတ်ဘူး...."

"မာန်...."

"ကျွန်တော် သွေးကိုချစ်တာ ခဏတာအတွက်မဟုတ်ဘူး
တစ်ဘဝလုံးစာစဉ်းစားထားပြီးတစ်သက်လုံးအတူနေသွား
ဖို့အထိချစ်ခဲ့တာပါ မမေအမရာ အစ်မ ကျွန်တော်တို့အချစ်
ကိုလက်ခံပါလို့ကျွန်တော်မပြောပါဘူး ဒါပေမဲ့ကျေးဇူးပြုပြီး
ကျွန်တော့်ချစ်သူကိုတော့နောက်ထပ်ရင့်ရင့်သီးသီးစကားလုံးတွေနဲ့မစော်ကားပါနဲ့ ဒါနောက်ဆုံးတောင်းဆိုတာပါ...."

"မဟုတ်ဘူး မောင် မေပြောချင်တာ အဲ့လိုမဟုတ်...."

"ကျွန်တော်ကိုမောင်လို့ထပ်မခေါ်ပါနဲ့တော့ မမေအမရာ..."

"ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦးနော် လာ မာန် ငါတို့အခြား
ဆိုင်သွားရအောင်...."

"အင်း အချစ်လေးသဘော...."

နှစ်ယောက်သားလက်ကလေးတွဲကာထွက်သွားသော
မိုးသားမာန်နှင့်နှင်းစက်သွေးကြောင့် မေအမရာ ဆွေ့ဆွေ့ခုန်
ကာကျန်ခဲ့လေတော့သည် ။ဆိုင်အပြင်မရောက်ခင်သူမအား
လှည့်ကြည့်ကာအောင်နိုင်သူတစ်ယောက်လိုပြုံးပြသွားသော
နှင်းစက်သွေးကြောင့်သူမရင်ထဲကဒေါသတွေကပေါက်ခံနီး
ချိန်ကိုက်ဗုံးတစ်လုံးနှယ်ဖြစ်နေတော့သည် ။

နှင်းစက်သွေး ငါနင့်ကိုအရမ်းမုန်းတယ်....

နင်ကသိပ်ပျော်နေတယ်ပေါ့ အေး ငါကအဲ့ဒီ့အပျော်တွေကို
တစ်စစီဖျတ်ဆီးပြမယ်....

နင်သိပ်ချစ်ပါတယ်ဆိုတဲ့ မိုးသားမာန်ကို ငါမရရအောင်ယူပြ
မယ် နင်သေချာစောင့်ကြည့်နေလိုက်....

မေအမရာ ရင်ထဲမှာအကြီးအကျယ်ကြိမ်းဝါးနေမိတော့သည်
ထိုစဉ် ခေါင်းထဲဝင်လာသောအတွေးတစ်ခုကြောင့် သူမ
ကျေနပ်စွာပြုံးလိုက်တော့သည် ။

နှင်းစက်သွေး မကြာခင်နင်ငါ့အရှေ့မှာကျရှုံးရတော့မှာပါ....

To be continue
နောက်တစ်ပိုင်း is မုန်တိုင်း....
မုန်တိုင်းအကြီးကြီးလာပါတော့မည်နော်....
စိတ်တွေအသင့်ပြင်ထားကြပါလို့....

Bạn đang đọc truyện trên: Truyen2U.Pro