part 10
"ကြီးကြီး သားပြန်ရောက်ပြီနော်...."
သွေး တကြော်ကြော်အော်ရင်းအိမ်ထဲသို့ ဝင်လာခဲ့တော့လေ
သည် ။သို့သော် အိမ်ထဲတွင်ကြီးကြီးအပြင် သူမမျှော်လင့်
သောဧည့်သည်တစ်ယောက်ရောက်နေသည်ကိုတွေ့လိုက်ရ
သည် ။
"ဟင်...."
"သားလေး ပြန်ရောက်ပြီလား..."
"မာ မာမီ...."
သူ့အားပြုံးကာကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့
လိုက်ရသည် ။လှိုက်ခနဲဖြစ်သွားသောဝမ်းသာသည့်စိတ်
အနည်းငယ်နောက်မှာတော့ နာကျည်းချက်တစ်ချို့ပါကပ်ပါ
လာလေသည် ။
"ဒီကိုဘာလာလုပ်တာလဲ မာမီ..."
"သား...."
"သွေးလေး...."
"ပြန်ပါတော့ မာမီ မာမီ့ရဲ့မိသားစုဆီကို မာမီပြန်ပါတော့..."
ပြောပြီး အပေါ်သို့တက်ရန်ပြင်လိုက်ပေမဲ့ ကြီးကြီးရဲ့ဟန့်
တားသံကြောင့် သူ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားလေသည် ။
"သွေးလေး မာမီ့ကိုဘယ်လိုတွေပြောနေတာလဲ..."
"သားပြောတာမှားလို့လား ကြီးကြီး...."
"မမှားပါဘူး သားရယ် သားမမှားပါဘူး မာမီကိုသားစိတ်ဆိုး
နေတယ်ဆိုတာ မာမီသိပါတယ် နားလည်းနားလည်တယ်..."
မာမီ့ရဲ့စကားကြောင့် သွေး ခပ်မဲ့မဲ့ပြုံးလိုက်ပြီး
"ဟင့်အင်း မာမီ သားကိုနားမလည်ပါဘူး မာမီသာသားရဲ့
ခံစားချက်ကိုတကယ်နားလည်ခဲ့မယ်ဆိုရင် သားကိုထား
သွားခဲ့မှာမဟုတ်ဘူး မာမီ သားကိုစွန့်ပစ်ခဲ့မှာမဟုတ်ဘူး...."
သွေး ပြောရင်း ဝမ်းနည်းစိတ်ကြောင့် ရှိုက်ကြီးတငင်ငိုကြွေး
မိတော့သည် ။မာမီကတော့ငိုနေသောသူ့ကိုပြေးဖက်ကာ
ကျောလေးကိုပုတ်ပြီးနှစ်သိမ့်ပေးနေသည် ။
"သားရယ် မာမီ တောင်းပန်ပါတယ် မာမီ့ကြောင့်သားလေး
နာကျင်ရတာ ဝမ်းနည်းရတာ ငိုကြွေးရတာ မာမီတောင်းပန်
ပါတယ် သားရယ်...."
"မာမီ သား သားလေ မာမီ့ကိုအရမ်းလွမ်းနေတာ...."
သွေး မာမီ့ရဲ့ရင်ခွင်ထဲတိုးဝင်ဖက်ကာ ကလေးလေးတစ်
ယောက်လိုတိုင်တည်ရင်း ငိုနေမိသည် ။
"မာမီလည်း သားကိုလွမ်းနေတာပါကွယ်..."
ဘယ်လောက်ပဲစိတ်ထဲနာနေပါစေ မာမီ့ကိုသူမမုန်းနိုင်ခဲ့ပေ။
အဲ့ဒီ့အစား မာမီ့ကိုအရမ်းလွမ်းနေခဲ့သည် ၊မာမီနဲ့အတူနေ
ချင်ခဲ့သည်မှာလည်း အမြဲတမ်းပင် ။ခဏလာတာပဲဖြစ်ဖြစ်
သွေး ကျေနပ်ပါသည် ။အချိန်အတော်ကြာ မာမီနှင့်ဖက်ငို
ပြီးတော့မှ သွေး ကိုယ့်အခန်းထဲကိုယ်သွားလိုက်တော့သည်
ရုတ်တရက်မြည်လာသောဖုန်းသံကြောင့် သွေး ဖုန်းကိုင်လို
က်တော့ မာန့်ဆီကဖြစ်နေလေသည် ။
"Hello...."
"သွေး အခုအိမ်မှာလား..."
"အင်း ဟုတ်တယ်လေ...."
"အော် ဒီည မေရီဖိတ်ထားတဲ့မွေးနေ့ပါတီ သွားရဦးမယ်နော်
မင်းလိုက်မယ်မလား...."
"ငါမလိုက်တော့ဘူး မာန်...."
"ဘာဖြစ်လို့လဲ သွေးရဲ့...."
သွေးအသံကနည်းနည်းတစ်မျိုးဖြစ်နေသည်ကို မာန် သတိ
ထားမိသွားသည် ။စကားပြောနေရင်း ရှိုက်သံလိုလိုပါလာ
တာကြောင့် မာန် စိတ်ပူသွားရလေသည် ။
"သွေး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား...."
"မဟုတ်ပါဘူး နေကောင်းပါတယ် ဟို အိမ်မှာမာမီရောက်နေ
လို့...."
မာန် သိလိုက်သည် ။သွေးရဲ့မာမီကသွေးငယ်ငယ်လေးထဲ
ကနောက်အိမ်ထောင်ပြုကာ နိုင်ငံခြားသွား၍နေထိုင်နေသူ
ဖြစ်သည် ။ငယ်ငယ်ကတည်းအဖေမရှိတော့တဲ့သွေးဟာ
သူ့ကိုစွန့်ပစ်သွားသောအမေဖြစ်သူကိုစိတ်နာ၍ကြီးပြင်းလာ
သးဖြစ်သည် ။
"သွေး မင်းအဆင်ပြေရဲ့လား..."
"ပြေပါတယ် ငါညကိုမလိုက်တော့ဘူးနော် မင်းပဲသွားလိုက်
ဒါနဲ့ မင်းပါတီရောက်ရင် အရက်တွေစွတ်မသောက်နဲ့နော်
ငါပြန်ကြားလို့ကတော့ မင်းမလွယ်ဘူးမှတ်...."
သူ့အားအုပ်ထိန်းသူတစ်ယောက်လိုသတိပေးစကားပြောနေ
သောသွေးကြောင့် မာန် ပြုံးလိုက်မိသည် ။
"အေးပါကွာ စိတ်ချ ကိုယ့်အချစ်လေးသဘောအတိုင်းပါ..."
"ဘာအချစ်လေးလဲ အဲ့လိုမခေါ်ပါနဲ့ဆို...."
"ဟား ဟား ငါကမင်ငါကမင်းကိုချစ်လို့ခေါ်တာပါ...."
မာန့်ရဲ့အပြောကြောင့် သွေး ကျေနပ်စွာပြုံးမိသည် ။
"အင်း ငါလည်းမင်းကိုချစ်တယ်...."
"ငါကမင်းချစ်တာထက်ပိုချစ်တယ် သွေး ဒါပဲနော်...."
မာန့်ဘက်ကဖုန်းချသွားတော့မှ သွေး သက်ပြင်းချလိုက်မိ
တော့သည် ။
ငါလည်းမင်းကိုအရမ်းချစ်တယ် မာန်....
နှင်းစက်သွေး ကြည်နူးစွာတွေးလိုက်မိတော့သည် ။သို့သော်
ကံတရားဆိုတဲ့မမြင်နိုင်တဲ့အရာတစ်ခုကိုတော့ သူ မထင်
မှတ်စွာမေ့လျော့နေမိလေသည် ။
********************************************
"Happy Birthday မေရီ...."
"ဟာ မိုးသားမာန် နင်တစ်ယောက်တည်းလား နှင်းစက်သွေး
ရောမပါဘူးလား...."
"အင်း သူမအားလို့မလာနိုင်ဘူးတဲ့လေ ရော့ လက်ဆောင်..."
"Thanks you မာန်...."
မေရီ အခြားသူတွေနဲ့သွားနှုတ်ဆက်နေတုန်း မာန်ကတော့
အအေးတစ်ခွက်ကိုယူကာ သောက်နေလိုက်တော့သည် ။
အရက်မသောက်ရဘူးဆိုတဲ့ ချစ်ရသူလေးရဲ့အမှာစကားက
လည်းရှိသေးတာကြောင့် သူ့မှာအအေးကိုသာသောက်ရဲ
လေသည် ။
"တစ်ယောက်တည်းလား မောင် အဲ မိုးသားမာန်...."
ရင်းနှီးသောအသံကြောင့် သူလှည့်ကြည့်လိုက်တော့ မြင်
လိုက်ရသောသူကြောင့် မာန် စိတ်ပျက်သွားရလေတော့
သည် ။
"အော် ဟုတ်ကဲ့ မမေအမရာ...."
ခပ်ပြတ်ပြတ်သာဖြေပြီးထိုနေရာကထွက်ရန်ပြင်လိုက်ပေမဲ့
မေအမရာကလှမ်းတားလေသည် ။
"နေပါဦးကွယ် တို့ကမင်းကိုကိုက်စားမှာကျနေတာပဲ ဘာလို့
ကြောက်နေရတာလဲ...."
"ကျွန်တော် ခင်ဗျားနဲ့ထပ်မပက်သတ်ချင်တော့ဘူး... "
"ဘာလဲ နှင်းစက်သွေး အထင်လွဲမှာကြောက်လို့လား..."
"သွေးကကျွန်တော့်ကိုရာနှုန်းပြည့်နားလည်ပေးနိုင်တဲ့သူပါ
သူအထင်လွဲမှာထက် သူစိတ်ဆင်းရဲရမှာကျွန်တော်မလိုချင်
ဘူး...."
မာန် ခပ်တည်တည်ပဲပြောပြီးထိုနေရာမှထွက်လာခဲ့တော့
သည် ။
"နှင်းစက်သွေး စိတ်ဆင်းရဲရမှာကို ကြောက်တယ်တဲ့လား
ဟက် မောင်ရယ် မေကတော့ အဲ့အကောင်စိတ်ဆင်းရဲတာ
ကိုမြင်ချင်တာ အဲ့လိုဖြစ်အောင်လည်းသေချာပေါက်လုပ်
မှာ...."
မေအမရာ ကိုယ့်အကြံနဲ့ကိုယ် သဘောကျစွာရယ်လိုက်
တော့လေသည် ။
မာန် မေအမရာနဲ့တွေ့ပြီးနောက် စိတ်ရှုပ်လာတာကြောင့်
ပြန်ရန်ပြင်လိုက်တော့သည် ။
"မေရီ ငါပြန်တော့မယ်...."
"ဟယ် နင်ကလည်း ရောက်တာမှမကြာသေးဘူး ပြန်တော့
မလို့လား...."
"အေးလေ နေပါဦး မင်းကလည်း...."
တစ်ယောက်တစ်ပေါက်ဝိုင်းတားနေကြသောသူငယ်ချင်း
တွေကြောင့် မာန် နာရီဝက်လောက်ဆက်နေရန်စဉ်းစား
လိုက်တော့သည် ။အကယ်၍ဖြစ်လာမယ့်အရာတစ်ခုကိုသာ
မာန်ကြိုသိခဲ့မယ်ဆိုရင် ထိုနာရီဝက်လောက်ကိုသူဆက်နေ
ခဲ့မှာမဟုတ်ပေ ။
နောက်တစ်နေ့မနက်.....
မာန် အိပ်ရာပေါ်မှထထချင်း ခေါင်းတွေမတရားထိုးကိုက်နေ
သည်ကို ခံစားလိုက်ရသည် ။မနေ့ညကသူဘာတွေဖြစ်ခဲ့လဲ
ဆိုတာ သေချာမမှတ်မိတော့ပေ ။
မနေ့ညကမေရီရဲ့မွေးနေ့ပါတီကိုသူသွားသည် ။ထို့နောက်
အရက်တောင်မသောက်ပဲ အအေးသာသောက်ပြီးပြန်ဖို့
ပြင်ခဲ့လေသည် ။ထို့နောက်ဖြစ်သောအကြောင်းအရာတွေ
ကိုတော့သူဘာမှမသိတော့ ။
"အ ခေါင်းကိုက်လိုက်တာ...."
မာန် ညည်းညူလိုက်ရင်း အခန်းထဲကိုမျက်လုံးဝေ့ကြည့်
လိုက်မိတော့သည် ။
"ဟင် ငါဘယ်ကိုရောက်နေတာလဲ...."
"မောင် နိုးနေပြီလား...."
"ဟင်...."
အခန်းထဲဝင်လာသော မေအမရာကိုမြင်လိုက်ရတာကြောင့်
မာန် လန့်သွားရလေသည် ။သူမကရော ဘာလို့ဒီကိုရောက်
နေရတာလဲ....။
"မောင် နိုးရင်ထတော့လေ မျက်နှာသစ်ပြီးဆင်းလာခဲ့ချေ
အောက်မှာနှစ်ဖက်မိဘနဲ့ လူကြီးတွေစောင့်နေတယ်...."
"ဗျာ....."
မာန် ဘာကိုမှမစဉ်းစားတတ်တော့လောက်အောင် အံ့သြ
သွားရသည် ။ဘာတွေဖြစ်ကုန်တာလဲ....။
"ခင်ဗျားဘာတွေပြောနေတာလဲ ကျွန်တော့မိဘတွေက
ဘာလို့ရောက်နေရတာလဲ ကျွန်တော်ကရော ဒီကိုဘယ်လို
နေပါဦး ညကဘာတွေဖြစ်ခဲ့တာလဲ...."
"မောင် ဘာမှမမှတ်မိတော့ဘူးလား မောင်နဲ့မေ ညက...."
မေအမရာ ဆက်မပြောပဲ ရှက်ရွံ့ဟန်ုပြုံးကာသူ့ကိုကြည့်နေ
လေသည် ။
"ဟာ မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး...."
"မောင်ရယ် ဘာလို့အဲ့လောက်အသည်းအသန်ငြင်းနေရတာ
လဲ မောင်နဲ့မေ ညကဒီအခန်းထဲမှာအတူတူရှိခဲ့တယ်ဆိုတာ
အားလုံးသိကြတာပဲလေ...."
"ဒါဆိုကျွန်တော့်မိဘတွေကရော ကျွန်တော့်မိဘတွေကို
ခင်ဗျားခေါ်လိုက်တာမလား...."
"အခုမှတော့ဒါတွေပြောမနေပါနဲ့ မောင် ကဲပါ အောက်ကို
ဆင်းလာခဲ့နော် မေ အောက်မှာပဲစောင့်နေတော့မယ်...."
မေအမရာ ပြောပြီး အခန်းထဲမှထွက်သွားလေတော့သည် ။
မာန် သိလိုက်ပါပြီ ။ဒါတွေဟာ မေအမရာရဲ့ကောက်ကျစ်တဲ့
အစီအစဉ်တွေဆိုတာ ။
သွေး ငါဘာဆက်လုပ်ရတော့မလဲကွာ....
ငါ့ကိုမင်းမုန်းသွားတော့မှာ ငါမလိုလားဘူး သွေးရာ...
မိုးသားမာန် အခန်းလေးထဲတွင် ဒေါသတကြီးပေါက်ကွဲနေမိ
တော့သည် ။
To be continue
Bạn đang đọc truyện trên: Truyen2U.Pro