Unicode << 1 >>

Màu nền
Font chữ
Font size
Chiều cao dòng

part 1

"ကိုနှင်​းစက်​​သွေး ကိုကို​ရော ..."

အ​မောတ​ကော​နှင်​့သူ့​ရှေ့​ရောက်​ချလာ​သော ​ကောင်​မ
​လေး​ကြောင်​့ ​သွေး ​သောက်​လက်​စအ​အေးပင်​သီးသွား
ရ​တော့သည်​ ။ငတိမက​တော့ဘာမှမသိသလိုခပ်​​အေး
​အေးပင်​ သူ့ရဲ့အ​အေးခွက်​ကိုလှမ်​းယူကာဟုတ်​တိပက်​
တိ​ကောက်​​မော့​နေ​သေး​လေသည်​ ။

"ဟူး အခုမှပဲအ​မော​ပြေသွား​တော့တယ်​ ..."

​ပြောရင်​းခွက်​ကိုစားပွဲ​ပေါ်ပြန်​ချလိုက်​​တော့ အ​အေးခွက်​
ကအလွတ်​သာကျန်​​တော့သည်​ ။
အင်​း...​ကောင်​းပါတယ်​​လေ...

"ကိုကို​ရောလို့ ​မေး​နေတယ်​​လေ ..."

​ဆောင်​့​အောင်​့ပြီးထွက်​လာ​သောအသံစူးစူး​ကြောင်​့
​သွေး စိတ်​ရှုပ်​ရှုပ်​နဲ့နားသယ်​စပ်​ကိုအ​ကြောင်​းမရှိကုပ်​မိ
​လေ​တော့သည်​ ။

"မသိဘူး ..."

"ဘာလို့မသိရတာလဲ ..."

ငင်​့...မသိပါဘူးဆိုတာကို ဘာလို့မသိရတာလဲတဲ့​လေ။
​သွေး ဘယ်​လို​ဖြေရမှန်​းမသိ​တော့၍ မျက်​နှာကိုအတင်​း
မဲ့ရွဲ့မိ​တော့သည်​ ။

"ဒီမှာ အဲ ဒါနဲ့မင်​းက ချယ်​ရီလား သဇင်​လား ..."

"ဟင်​ ကျွန်​မက သီရိပါ ..."

"​အော်​ အင်​း အင်​း မသီရိ ​ဆောရီး​နော်​ ဟို​ကောင်​ထား
တဲ့ရည်​းစား​တွေကများလွန်​း​တော့ ကျွန်​​တော်​လည်​း
​သေချာမမှတ်​မိ​တော့ဘူး ..."

​သွေးရဲ့စကား​ကြောင်​့ သီရိဆို​သောငတိမမျက်​နှာအ
ပျက်​ပျက်​အယွင်​းယွင်​းဖြစ်​သွား​တော့သည်​ ။

"မဖြစ်​နိုင်​ပါဘူး ကိုကိုကအဲ့လိုလူမျိုးမဟုတ်​ဘူး ..."

"ဟုတ်​လား ..."

အထစ်​ထစ်​အ​ငေါ့​ငေါ့ထွက်​လာ​သော သီရိရဲ့စကား
​ကြောင်​့ ​သွေး ခနဲ့ပြုံးုပြုံးလိုက်​မိ​တော့သည်​ ။

"ကိုယ်​့သူငယ်​ချင်​းကိုဒီလို​ပြောရတာ​တော့မ​ကောင်​းမှန်​းသိပါတယ်​ ဒါ​ပေမဲ့ မသီရိကိုကိုယ်​့အစ်​မကိုယ်​့ညီမလို
သ​ဘောထားလို့သတိ​ပေးရမှာပဲ..."

"ရှင်​ ..."

"မိုးသားမာန်​ဆိုတဲ့​ကောင်​ကိုမယုံတာ​ကောင်​းလိမ်​့မယ်​
အဲ့​ကောင်​ကင​ပွေး အခုလည်​းမြင်​့မိုရ်​ဆိုလားဘာလား
အဲ့​ကောင်​မ​လေးနဲ့သွား​တွေ့တယ်​ ..."

မယုံနိုင်​ခြင်​း​တွေအံ့သြဝမ်​းနည်​း​ခြင်း​ေ​တွယှက်​သန်​းသွား​သောထိုမိန်​းက​လေးရဲ့မျက်​နှာကိုကြည်​့ပြီး ​သွေး
စိတ်​ထဲက​ကြိတ်​ပြုံးမိ​တော့သည်​ ။

"တကယ်​လားဟင်​ တကယ်​​ပြော​နေတာလား ..."

"Yes totally sure ..."

အိခနဲငိုချလိုက်​ကာ ဆိုင်​ထဲမှ​ပြေးထွက်​သွား​သော
ထိုမိန်​းက​လေးကိုကြည်​့ရင်​း ​သွေး လှလှပပမဲ့ခနဲပြုံးမိ
​တော့သည်​ ။​အင်​း ဆိုင်​ထဲမှာလူသိပ်​မရှိတာ​ကြောင်​့
သူတို့နှစ်​​ယောက်​ရဲ့အ​ခြေအ​နေကိုဘယ်​သူမှသတိမ
ထားမိကြ​ပေ ။

ကျစ်​ ...အ​ရေးထဲ အ​အေး​လေး​တောင်​​ကောင်​း​ကောင်​း
မ​သောက်​ရတဲ့ ဘဝ ...

​သွေး စိတ်​ထဲက​နေ မိုးသားမာန်​ ဆို​သောအ​ကောင်​ကို
​မေတ္တာ​တွေတသီကြီးပို့သ​နေမိ​တော့သည်​ ။
ထိုစဉ်​ ဆိုင်​​ရှေ့က​နေဖြတ်​သွား​သောလူနှစ်​​ယောက်​ ။
အတွဲတစ်​တွဲလို့​ပြောရင်​ပိုမှန်​လိမ်​့မည်​ ။ထိုအတွဲ​လေး
ထဲက မိန်​းက​လေးကိုသူသိသည်​ ။
သင်​းချယ်​ရီ ဆို​သောမိန်​းက​လေး....လွန်​ခဲ့တဲ့နှစ်​ရက်​
​လောက်​မှ မာန်​ သူ့ကိုရည်​းစားအသစ်​ဆိုပြီးမိတ်​ဆက်​
​ပေးခဲ့တာဖြစ်​သည်​ ။

ဟက်​ ဟက်​ ...ဒင်​းတို့ကဒီလိုလား ...

အတွဲဟုတ်​မဟုတ်​ သူမသိသလို သိလည်​းမသိချင်​ ။
သူမ​ဘေးကတစ်​​ယောက်​ကသူမနဲ့ဘယ်​လိုပတ်​သတ်​
ပတ်​သတ်​ ​သွေး စိတ်​ထဲမှာ​တော့ဒါဟာအခွင်​့အ​ရေး
တစ်​ခုပင်​ ။စိတ်​ကထိုအ​တွေးနဲ့အတူ လက်​ကလည်​း
ဖုန်​းကင်​မရာဖြင်​့ ထိုအတွဲကိုလှလှပပ​လေးရိုက်​ပြီးသား
ဖြစ်​သွား​လေ​တော့သည်​ ။
ထို့​နောက်​ ​အော်​တိုမစ်​တစ်​ပင်​ viber က chat box
ကတဆင်​့ မာန်​့ဆီသို့ ထိုပုံကိုလှမ်​းပို့ပြီးသားဖြစ်​သွား
​တော့သည်​ ။

💬​ဟေး မာန်​ မင်​းသိပြီးသားလား

ချက်​ချင်​း reply ပြန်​လာ​သော မာန်​့​ကြောင်​့ ​သွေး ​ကျေ
နပ်​စွာပြုံးလိုက်​မိ​တော့သည်​ ။

💬No😠😠

ဘင်​ဂို....စိတ်​ထဲမှ​ရေရွတ်​လိုက်​ရင်​း လက်​ကလည်​း
Keyboard ကိုခပ်​သွက်​သွက်​ရိုက်​​နေ​တော့သည်​ ။

💬I'm so sorry 😔😔

​ဆောရီးလို့သာ​ရေးလိုက်​တာ စိတ်​ထဲမှာ​တော့ အ​တော်​
​ပျော်​​နေမိ​တော့သည်​ ။

💬no problem 😁😁 I have new one 😝😝

​သောက်​​သေနာ​ကောင်​...ချက်​ချင်​းဖုန်​းကိုပိတ်​ကာ
အ​အေးဖိုးရှင်​းပြီး ဆိုင်​ထဲမှထွက်​လာခဲ့​တော့သည်​ ။
မာန်​့ရဲ့​နောက်​ဆုံး reply ​ကြောင်​့စိတ်​ထဲခုနက​ပျော်​​နေ
တဲ့အ​ပျော်​​တွေ​တောင်​​ပျောက်​သွားရ​လေသည်​ ။

မုန်​းတယ်​ ... မာန်​
မင်​း​ဘေးနားမှာကပ်​တွယ်​​နေတဲ့ အဲ့အမှိုက်​​တွေကို ...

.....

.....

.....

"ကြီးကြီး ​သွေး​ရော ..."

ဧည်​့ခန်​းထဲမှာထိုင်​ကာ ဇာတ်​လမ်​းကြည်​့​နေ​သော
ကြီးကြီးမြကို ​မေး​တော့ ကြီးကြီးမြကသူ့အားပြုံးပြရင်​း

"အ​ပေါ်ထပ်​ကသူ့အခန်​းထဲမှာ​လေ သားရဲ့ ..."

"ဟုတ်​ အဲ့ဒါဆိုကျွန်​​တော်​သူ့ဆီသွားလိုက်​ဦးမယ်​ ..."

"​အေးကွယ်​ ..."

ကြီးကြီးမြကိုနှုတ်​ဆက်​ပြီးတာနဲ့ မာန်​ အ​ပေါ်ထပ်​သို့
ခပ်​သုတ်​သုတ်​​ပြေးတက်​လာ​တော့သည်​ ။ဒီ​နေ့တစ်​
​နေ့လုံး သူ ထို​ပေါက်​စကိုမ​တွေ့ရ​သေး​ပေ ။ထို့​ကြောင်​့
အပြင်​ကပြန်​လာလာချင်​းကိုယ်​့အိမ်​ကိုကိုယ်​မပြန်​​သေး
ပဲ ​ပေါက်​စဆီတန်​းလာခြင်​းဖြစ်​သည်​ ။အခန်​း​ရှေ့​ရော
က်​​တော့ ​လော့ခ်​မချထား​သောတံခါးကိုတွန်​းဖွင်​့ကာ
အခန်​းထဲသို့ဝင်​သွား​တော့သည်​ ။
အခန်​းထဲ​ရောက်​​ရောက်​ချင်​းမြင်​လိုက်​ရသည်​က
ကွန်​ပြူတာ​ရှေ့ထိုင်​ကာငိုက်​​နေ​သော ​ပေါက်​စကိုပင်​ ။
ပိုကီမွန်​အရုပ်​ပုံပါသည်​့ညအိပ်​ဝတ်​စုံအဝါ​တောက်​​တောက်​​လေးနှင်​့ ​ခေါင်​းကိုလည်​းသိုးမွှေးဦးထုပ်​အဝါ​လေးကို
​ဆောင်​းထား​သေးသည်​ ။ဘယ်​လိုပဲကြည်​့ကြည်​့
တကယ်​့က​လေး​လေးတစ်​​ယောက်​အတိုင်​းပင်​ ။
​သေး​သေးညှပ်​ညှပ်​ကိုယ်​လုံး​လေးကဆုံလည်​ကုလား
ထိုင်​​ပေါ် ဟန်​ကျပန်​ကျတပျဉ်​​ခွေထိုင်​ကာငိုက်​​နေသည်​့
ပုံစံ​လေး​ကြောင်​့ မာန်​ တကယ်​ကိုအ​သဲယားမိသည်​ ။
ဒီ​ပေါက်​စကိုသူနဲ့သက်​တူရွယ်​တူသူငယ်​ချင်​းပါလို့​ပြော
ရင်​ ဘယ်​သူမှမယုံကြ​ပေ ။တကယ်​တမ်းကြည်​့မယ်​ဆို
ရင်​ ​ပေါက်​စကသူ့ထက်​ပင်​လကြီး​သေးသည်​မဟုတ်​ပါ
လား ။
မစရရင်​မ​နေနိုင်​​သောညဉ်​ဆိုး​လေး​ကြောင်​့ မာန်​ ​သွေး
ငိုက်​​နေ​သောဆုံလည်​ခုံကို​ခြေ​ထောက်​နဲ့ကန်​လိုက်​
​တော့သည်​ ။ဝုန်​းခနဲယိုင်​သွား​သောခုံနှင်​့အတူ ပြူးတူး
ပြဲတဲနှိုးလာ​သော အ​ကောင်​​ပေါက်​စ ။

"မိုးသားမာန်​ သူ​တောင်​းစား​လေး ..."

သူ့ရဲ့ကို့ ရို့ကားယားပုံစံကိုကြည်​့ကာ တခွီးခွီးရယ်​​နေ
​သော မာန်​့ကိုကြည်​့ရင်​း ရှက်​​ဒေါသနှင်​့အတူကျိန်​ဆဲမိ
​တော့သည်​ ။သူဘယ်​လိုပဲကျိန်​ဆဲ​နေပါ​စေ မိုးသားမာန်​
ဆိုတဲ့​ကောင်​ကနည်​းနည်​း​လေးမှအပြုံးမပျက်​ ။

"သူငယ်​ချင်​း​လေး ငါဒီ​နေ့အသဲကွဲလာတယ်​ ..."

"မင်​းမှာကွဲတတ်​တဲ့အသဲ​ရောရှိလို့လား ..."

သူ့ရဲ့ရွဲ့တဲ့တဲ့အ​မေးကို မာန်​ကဂရုမစိုက်​ပဲ သူ့အိပ်​ရာ
​ပေါ်ပိုင်​စိုးပိုင်​းနင်​းပစ်​လှဲကာခပ်​တည်​တည်​ဝင်​အိပ်​​နေ
​တော့သည်​ ။

"​ဟေ့​ကောင်​ အိပ်​ချင်​ကိုယ်​့အိမ်​ကိုယ်​ပြန်​အိပ်​ ..."

ပိုင်​ရှင်​ကိုခွင်​့မ​တောင်​းပဲ အိပ်​ရာ​ပေါ်တက်​လှဲသည်​့
မိုးသားမာန်​ဆိုတဲ့ငနဲသားကိုမ​ကျေနပ်​တာ​ကြောင်​့
​သွေး လှဲ​နေ​သောသူ့ကိုအတင်​းဆွဲထူမိ​တော့သည်​ ။
သို့​သော်​ မာန်​ကနည်​းနည်​း​လေးမှ​တောင်​မလှုပ်​ပဲ
အတင်​းဆွဲထူ​နေ​သောသူ့ရဲ့လက်​ကိုပြန်​​ဆောင်​့ဆွဲလိုက်​​တော့သည်​ ။ရုတ်​တရက်​မို့ ​သွေးရဲ့ကိုယ်​လုံး​လေး
ကမာန်​့ကိုယ်​​ပေါ်သို့ ပစ်​လှဲကျသွား​တော့သည်​ ။

"လာ မင်​းပါငါနဲ့အတူတူအိပ်​ ..."

​ပြောရင်​းတစ်​ကိုယ်​လုံးကိုသိမ်​းကျုံးဖက်​ထားတာမို့
​သွေးရဲ့ကိုယ်​​သေး​သေး​လေးကမာန်​့ရဲ့ရင်​ခွင်​ထဲတွင်​
နစ်​မြှုပ်​​နေ​လေသည်​ ။

"​ဟေ့​ကောင်​ ဖယ်​စမ်​းကွာ ငါ့ကိုလွှတ်​ ..."

အတင်​းရုန်​းကန်​ကြည်​့​ပေမဲ့ အားသန်​လွန်​း​သောမာန်​က
သူ့လက်​​တွေအတင်​းချုပ်​ထားကာ ​ခြေ​ထောက်​​တွေက
လည်​းသူ့​ခြေ​ထောက်​​တွေကိုမရုန်​းနိုင်​​အောင်​အတင်​း
ဖိခွထား​လေသည်​ ။ထို့​ကြောင်​့ ဘယ်​လိုမှသူမရုန်​းနိုင်​
ဖြစ်​မိ​တော့သည်​ ။

"ငြိမ်​ငြိမ်​​နေကွာ ​သွေး ..."

အမိန်​့တစ်​ခုလိုမာန်​့နှုတ်​ကထွက်​ကျလာ​သောစကား
တစ်​ခွန်​း​ကြောင်​့ သူရုန်​း​နေရာမှငြိမ်​ကျသွား​တော့သည်​။
ရင်​ဘတ်​ထဲကနှလုံးကလည်​းအပြင်​သို့ထွက်​ကျ​တော့
မယ်​့အလားခုန်​​နေလိုက်​တာဝုန်​းဒိုင်​းကိုကြဲ​နေ​လေသည်​ ။

"ဒီ​နေ့ငါရည်​းစားနှစ်​​ယောက်​နဲ့ပြတ်​သွားတယ်​ ..."

"ဟုတ်​လား ..."

သိပြီးသား​ပေမဲ့ မသိချင်​​ယောင်​​ဆောင်​ကာ​မေးလိုက်​
​တော့သည်​ ။ရင်​ထဲမှာ​တော့အ​ပျော်​လှိုင်​း​လေး​တွေ
စီးဆင်​းလျက်​ ။

"ပြီး​တော့ဒီ​နေ့​တွေ့ခဲ့တဲ့တစ်​​ယောက်​ကိုလည်​း ငါဖြတ်​
​တော့မလို့ ..."

"ဟင်​ ..."

ထိုစကား​ကြောင်​့ ရင်​ထဲဝုန်​းခနဲအ​ပျော်​တစ်​ချို့လှိုက်​
တက်​သွားရ​တော့သည်​ ။သို့​သော်​ ထိုအ​ပျော်​​တွေက
ကြာကြာမခံလိုက်​ ။

"ဒါ​ပေမဲ့ မင်​းသိလား ငါဒီ​နေ့အရမ်​းလှတဲ့မိန်​းက​လေး
တစ်​​ယောက်​နဲ့​တွေ့ခဲ့တယ်​ သူကငါ့ထက်​​တော့နည်​း
နည်​းကြီးတယ်​ ဒါ​ပေမဲ့ပုံစံကလုံးဝအလန်​း လုံးဝကို
အပြတ်​​ကြွေမိတာ ..."

မာန်​က​တော့အားတက်​သ​ရော​ပြော​နေ​ပေမဲ့ သူက​တော့မာန်​့ရင်​ခွင်​ထဲမျက်​နှာအတင်​းအပ်​ထားကာ
တိတ်​တဆိတ်​မျက်​ရည်​ဝဲ​နေမိ​တော့သည်​ ။မာန်​ ထိုသို့
မိန်​းက​လေးတစ်​​ယောက်​အ​ကြောင်​းအားရပါးရ​ပြော
တိုင်​း သူ့ရင်​ထဲတဆစ်​ဆစ်​နာကျင်​ရသည်​ ။ဒါကို မာန်​
သိမည်​မထင်​​ပေ ။ငယ်​သူငယ်​ချင်​း​တွေမို့တစ်​​ယောက်​
အ​ကြောင်​းတစ်​​ယောက်​အကုန်​သိမည်​ထင်​ကြ​ပေမဲ့
တကယ်​တမ်​းမာန်​ကသူ့ရင်​ထဲကခံစားချက်​​တွေကို
​သေချာမသိ​ပေ ။ရင်​ထဲကနင်​့ခနဲတက်​လာ​သောခံစား
ချက်​​ကြောင်​့ ​သွေး မာန်​့ရဲ့ရင်​ခွင်​ထဲပိုတိုးဝင်​ကာ မာန်​့
ရဲ့ခါးကိုခပ်​တင်​းတင်​းဖက်​ထားမိ​တော့သည်​ ။

ဒီလို​လေးပဲအမြဲ​နေချင်​မိတယ်​ မာန်​....
မင်​းရင်​ခွင်​ကို ငါတစ်​​ယောက်​တည်​းပဲပိုင်​ဆိုင်​ချင်​တယ်​

မုန်​းတယ်​....မင်​း​ဘေးကိုကပ်​လာတဲ့မိန်​းက​လေး​တွေကို

မုန်​းတယ်​....ရည်​းစား​တွေထည်​လဲတွဲ​​နေတဲ့မင်​းကို

မုန်​းတယ်​.....မင်​းကလွဲရင်​တခြားသူကိုစိတ်​ထဲမထား
နိုင်​တဲ့ ငါ့ကိုငါ ပိုမုန်​းတယ်​ ....

...

...

ဆက်​ရန်​...
ဒီဇာတ်​လမ်​းမှာ​တော့ အစစ်​မ​တွေ​သောက်​မြင်​ကပ်​ဖို့
​ကောင်​း​လောက်​​အောင်​ပါပါမည်​ 😁😁

Bạn đang đọc truyện trên: Truyen2U.Pro