part 3 😍😍

Màu nᝁn
Font chᝯ
Font size
Chiᝁu cao dòng

part 3

"​မေ ဒါ​မောင့်​ရဲ့အချစ်​ဆုံးသူငယ်​ချင်း နှင်းစက်​​သွေးတဲ့
သွေး ဒါငါ့ချစ်​သူ ​မေအမရာတဲ့ ..."

မိတ်​ဆက်​စကားအဆုံးဖြစ်​​ပေါ်လာ​သော​မေအမရာဆို
တဲ့မိန်းက​လေးရဲ့အပြုံးလွင့်​လွင့်​ကို ​သွေး မျက်​ကွယ်​ပြု
ကာ​ရှေ့ကအ​အေးခွက်​ကိုအဓိပ္ပါယ်​မဲ့စိုက်​ကြည့်​​နေမိ
တော့သည်​ ။ဘာလဲ...အ​ရေးကြီးက္စိစရှိလို့ ​တွေ့ရ​အောင်​လို့​ခေါ်ရတဲ့အ​ကြောင်းက သူ့ချစ်​သူအသ
စ်​နဲ့မိတ်​ဆက်​​ပေးမလို့တဲ့လား ။သွေး ထိုသို့ရင်​နာနာ
တွေးရင်း မျက်​နှာထက်​တွင်​ဖြစ်​​ပေါ်လာ​သောအပြုးနုနု
ကအသက်​ကင်းမဲ့​နေ​တော့သည်​ ။

"ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်​..."

"အတူတူပါပဲ ​..."

အ​အေးဆိုင်​အတွင်းသုံး​ယောက်​ကြားမှာရှိ​သော​လေထု
ကနည်းနည်း​တော့​အေးစက်​​နေသည်​ ။မာန်​က​တော့
မသိ​ပေမဲ့ ​သွေး နှင့်​ ​မေအမရာတို့၏မျက်​လုံးချင်းဆုံကာ
စိန်​​ခေါ်​နေမှု​တွေကပြင်းထန်​လွန်း​နေသည်​ ။

မေသိသည်​ ။နှင်းစက်​​သွေး ဆို​သော​ကောင်​​လေးရဲ့
အကြည့်​​တွေကသူမကိုလိုလားခြင်းမရှိဘူးဆိုတာ ။
မေအမရာ အနည်းငယ်​​တော့အံ့သြမိသည်​ ။ယခုသူမ
ရှေ့တွင်​ထိုင်​​နေ​သော​ကောင်​​လေးသည်​မိန်းက​လေး
တစ်​​ယောက်​ထက်​​တောင်​ချစ်​ဖို့​ကောင်း​နေသည်​မဟုတ်​လား ။နာမည်​နှင့်​လိုက်​​အောင်​အသားအ​ရေ​လေး
တွေကလည်းနှင်းပွင့်​နှင်းဖတ်​​လေး​တွေကိုဖြူနုလွန်းလှ
သည်​ ။မျက်​​တောင်​ရှည်​ရှည်​​လေး​တွေဝန်းရံထား​သော
မျက်​လုံးဝိုင်းဝိုင်း​လေး​တွေ ၊ နှာ​ခေါင်းလုံးလုံး​လေး ၊
ပါး​ဖောင်း​ဖောင်း​လေး​တွေနှင့်​ သဘာဝအတိုင်းနီရဲ​နေ
သောနှုတ်​ခမ်းပါးဖူးဖူး​လေး​တွေ ။
ယောက်ျား​လေးတစ်​​ယောက်​က အဲ့​လောက်​လှဖို့လိုလို့
လား ။အလှဘုရင်​မလို့နာမည်​ကြီး​သောသူမပင်
ထို​ကောင်​​လေးနှင့်​ယှဉ်​ရင်​ ဘာမှမဟုတ်​​တော့ ။
မေအမရာတစ်​​ယောက်​ နှင်းစက်​​သွေးရဲ့​ခြေဆုံး​ခေါင်း
ဆုံးကိုကြည့်​ကာ ​သေချာအကဲခတ်​​နေမိ​တော့သည်​ ။

"အဟွတ်​ ဟွတ်​ အဟွတ်​ ...."

"​သွေး...."

လူကို​ရှေ့တည့်​တည့်​ထားကာ ​သေချာစိုက်​ကြည့်​​နေ
သော​မေအမရာဆိုသည့်​အမျိုးသမီး​ကြောင့်​ ​သွေး
စိတ်​ရှုပ်​ရှုပ်​နဲ့အ​အေးခွက်​ကို​မော့​သောက်​မိလိုက်​​တော့
သည်​ ။ကံဆိုးစွာပင်​ စိတ်​​လောကာ​သောက်​လိုက်​မိ
သည်​မို့ အ​အေးသီးသွားရ​တော့သည်​ ။
ဟို​ကောင်​​လေးအ​အေးခွက်​​ကောက်​​မော့ရင်းရုတ်​တရက်​ထသီးသည်​နှင့်​ ​မောင်​ကသူမ​ဘေးက​နေဟို​ကောင်
လေးနား​စွေ့ခနဲ​ရောက်​သွား​တော့သည်​ ။

"​သွေး အဆင်​​ပြေရဲ့လား ..."

"အင်း ​ပြေ ​ပြေပါတယ်​ ..."

"မင်းကွာ ဂရုစိုက်​မှ​ပေါ့ က​လေးလည်းမဟုတ်​​တော့ဘူး
ငါဘယ်​နှခါ​ပြောရမလဲ ​သွေး မင်းကို​ရေ​တွေဘာ​တွေ
သောက်​ရင်​​ဖြေး​ဖြေး​သောက်​ပါလို့ အခု​တော့ ကြည့်
မင်းဘယ်​​တွေအာရုံ​ရောက်​​နေတာလဲ ..."

သူ့​ကျော​လေးပုတ်​ကာဆူသလို​လေးပွစိပွစိ​ပြော​နေ​သော မာန့်​​ကြောင့်​ ​သွေးပြုံးလိုက်​မိ​တော့သည်​ ။အ​ရှေ့
ကိုကြည့်​မိ​တော့ သူတို့နှစ်​​ယောက်​အားစူးစမ်းကြည့်​​နေ
သော ​မေအမရာကို​တွေ့ရသည်​ ။သူမရဲ့မျက်​နှာအမူအ
ရာကို​သွေး​ကြည့်​ရင်းပို၍​ကျေနပ်​မိ​တော့သည်​ ။

မေအမရာ...မင်းဘယ်​​လောက်​ပဲကြိုးစားကြိုးစား
မာန့်​အတွက်​မင်းကဘယ်​​တော့မှပထမဖြစ်​လာမှာမဟုတ်​ဘူး...

မေ့ကိုကြည့်​​နေ​သောထို​ကောင်​​လေးအကြည့်​ကို​မေ
လုံးဝသ​ဘောမကျ ။ဒါ ​အောင်​နိုင်​သူတစ်​​ယောက်​လို
သူမအား​လှောင်​သလိုကြည့်​​သောအကြည့်​ ။

ဘာသ​ဘောလဲ နှင်းစက်​​သွေး နင့်​အကြည့်​က....

"​မောင်​ ..."

"​ပြော​လေ ​မေ ..."

"​မေပြန်​​တော့မယ်​ အိမ်​မှာက္စိစ​လေး​တွေရှိလို့ ..."

"အို​ကေ​လေ ..."

"မအို​ကေဘူး ​မောင်​ ​မောင်​လိုက်​ပို့ရမှာ​လေ ​မေမှကား
မပါတာ ..."

"​အော်​ ဟုတ်​သား ကဲ ​သွေး ငါ​မေ့ကိုပြန်​လိုက်​ပို့လိုက်
ဦးမယ်​ ..."

မာန်​ ​ပြော​ပြောဆိုဆိုနှင့်​ ထရပ်​လိုက်​​တော့သည်​ ။သွေး
ကလည်း ပြုံးရင်း​ခေါင်းညိတ်​ပြကာ

"အင်း ​အော်​ဒါနဲ့ မင်းဒီ​နေ့ငါ့အိမ်​လာဦးမှာလား..."

"လာမှာ​ပေါ့ကွ ဘာလို့လဲ ..."

"မင်းလာမယ်​ဆို ငါ့အတွက်​လမ်းထိပ်​ကငါးကင်​ဝယ်
လာခဲ့​ပေး ငါထွက်​မဝယ်​ချင်​လို့ အို​ကေ..."

"အို​ကေ...."

ချစ်​စဖွယ်​အမူအရာ​လေးနှင့်​သူ့အား​တောင်းဆို​နေ​သော ​သွေးကိုကြည့်​ကာသူအသာရယ်​လိုက်​မိ​တော့သည်​ ။
ထို့​ကြောင့်​အသည်းယားကာ​သွေးရဲ့​ခေါင်း​လေးကိုလှမ်းပုတ်​ရင်းတစ်​ချက်​စလိုက်​ပြီးမှ​မေ့ကို​ခေါ်ကာထွက်​လာခဲ့​တော့သည်​ ။

ပေါက်​စက​တော့သူ့​ခေါင်းကိုပုတ်​လို့ ​ဒေါသဖြစ်​ရင်း
ကျန်​ခဲ့​လေရဲ့....

....

....

....

.
.
.

"ဟင်း ​ရောက်​ပြီ ​မေ ..."

"​မောင်​ အိမ်​ထဲမဝင်​​တော့ဘူးလား ..."

မေအမရာ ကား​ပေါ်ကမဆင်း​သေးပဲ မိုးသားမာန်​ဘက်
လှည့်​ကာ ​မေးလိုက်​​တော့သည်​ ။မာန်​ကခပ်​ပြုံးပြုံး​လေး
ပင်​​ခေါင်းကိုခါယမ်းလိုက်​ကာ

"ဟင့်​အင်း မဝင်​​တော့ဘူး ​သွေးအတွက်​ငါးကင်​သွား
ဝယ်​​ပေးရဦးမှာ ​တော်​ကြာ​နောက်​ကျသွားရင်​ငါးကင်
မရလို့ဆိုပြီး ​ကောက်​​တော်​မူလိမ့်​မယ်​ ..."

မောင့်​ရဲ့စကား​ကြောင့်​ ​မေမျက်​နှာကိုအသာမဲ့လိုက်​မိ
တော့သည်​ ။ငါးကင်​​လောက်​များ ကိုယ့်​ဘာသာကိုယ်
ဝယ်​လို့ရသားနဲ့....။

"​မောင်​ ..."

"ဟင်​..."

"​မေ ​မောင့်​ကို​မေးချင်​တာ​လေးရှိလို့...."

"​မေး​လေ ..."

"​မောင်​က​မောင့်​သူငယ်​ချင်းကို​တော်​​တော်​ချစ်​တာပဲ
နော်​..."

မေအမရာရဲ့အ​မေးကိုမိုးသားမာန်​ခပ်​ဟဟတစ်​ချက်
ရယ်​လိုက်​​တော့သည်​ ။

"ဟုတ်​တယ်​ ​သွေးက​မောင့်​အတွက်​ တစ်​ဦးတည်း
သောမရှိမဖြစ်​သူငယ်​ချင်း..."

"​အော်​..."

အော်​ဟုသာ​ပြောလိုက်​​ပေမဲ့ ​မေ့စိတ်​ထဲမှာ​မောင့်​ရဲ့အ
ဖြေကိုလုံးဝဘဝင်​မ​တွေ့ ။

"​မောင့်​အတွက်​သူကအ​ရေးပါတယ်​​ပေါ့..."

"ဒါ​ပေါ့..."

"အဲ့ဒါဆို ​မေ နဲ့ ​မောင့်​သူငယ်​ချင်း ​မောင်​ဘယ်​သူကို
ပိုချစ်​လဲ..."

ဒီ​မေးခွန်းက​မောင့်​ကိုအခက်​​တွေ့​စေမယ်​မှန်းသူမ​သိ
သည်​ ။ပြီး​တော့သူမဖြစ်​​စေချင်​တာက ​မောင်​ရဲ့အချစ်
ဆုံးကသူမဆိုတာပင်​ ။သို့​သော်​ ​မောင်​​ဖြေလိုက်​သည်
က

"နှစ်​​ယောက်​လုံးကိုတစ်​မျိုးစီချစ်​တာ​ပေါ့ ​မေရယ်​ ချစ်​သူ
နဲ့သူငယ်​ချင်း တူမှမတူတာ..."

မောင့်​ရဲ့အ​ဖြေကရိုးရှင်းပါသည်​ ။သို့​ပေမဲ့ သူမက​တော့
မ​ကျေနပ်​ ။

"တကယ်​လို့တစ်​​ယောက်​ကိုပဲ ​ရွေးချယ်​ရမယ်​ဆို
မောင်​ဘယ်​သူ့ကို​ရွေးချယ်​မှာလဲ..."

မေအမရာ အတ္တဆန်​စွာထို​မေးခွန်းရဲ့အ​ဖြေကို သူမ
စိတ်​ထဲကအတိုင်းဖြစ်​​စေချင်​သည်​ ။
မောင်​က​တော့​မေ့ကိုပဲ​ရွေးချယ်​မှာ​ပေါ့ ဆိုတာမျိုးကို
လေ ။တကယ်​တမ်းကျ​တော့ ထို​မေးခွန်းအတွက်
မိုးသားမာန်​ရဲ့အ​ဖြေကသူမကိုလုံးဝ​ရှော့ခ်​ရ​စေသည်
ဖြစ်​သည်​ ။

"အဲ့လိုဆိုရင်​​တော့ ​မောင်​ ​သွေးကိုပဲ​ရွေးမှာ ​မေ..."

ထို​မေးခွန်းကို​ဖြေ​နေချိန်​ ​မောင့်​ရဲ့မျက်​ဝန်း​တွေကသိပ်
ကိုတည်​ငြိမ်​လွန်း​နေသည်​ကို ​မေ သတိထားမိသည်​ ။
ရင်​ထဲ​အောင့်​တက်​သွား​သောနာကျင်​မှု​ကြောင့်​မျက်​နှာ
ကကွက်​ခနဲပျက်​သွားရ​ပေမဲ့ အတတ်​နိုင်​ဆုံးပြန်​ထိန်း
လိုက်​ကာပြုံးလိုက်​​တော့သည်​ ။

"ကဲ ​တော်​ပါပြီ ​မေ အိမ်​ထဲဝင်​​တော့မယ်​ ညကျမှဖုန်း
ဆက်​လိုက်​မယ်​​နော်​..."

"အင်း သွားပြီ​နော်​ ​မေ..."

တ​ရွေ့​ရွေ့ထွက်​သွား​သောကားကိုကြည့်​ကာ ​မေအမရာ
ဘာကိုအလိုမကျလို့မကျမှန်းမသိ ​ဒေါသဖြစ်​ရ​တော့
သည်​ ။အ​တွေးထဲ​ရောက်​လာတာက ဘာဘီရုပ်​​လေး
တစ်​ရုပ်​လိုလှလွန်းသည့်​ ​ကောင်​​လေးတစ်​​ယောက်​ ။

နှင်းစက်​​သွေး....ငါ နင့်​ကိုမုန်းတယ်​....

မေအမရာဆို​သောသူမသည်​ ဘဝမှာဘာကိုမဆိုလိုချင်
သမျှ ပိုင်​ဆိုင်​ရမှ​ကျေနပ်​တဲ့သူဖြစ်​သည်​ ။ပြီး​တော့
ဘယ်​​နေရာမှာမဆို ပထမရတာကိုပဲလိုချင်​သူဖြစ်​​လေ
သည်​ ။

မောင့်​ရဲ့အချစ်​....​မောင့်​ရဲ့နှလုံးသား....အားလုံးက
ငါ့အတွက်​ပဲဖြစ်​ရမယ်​.....

( ဆု​တောင်း​ပေါ့ အစစ်​မရယ်​....)

....

....

....

.
.
.

ရုတ်​တရက်​ထမြည်​လာ​သော ဖုန်းသံ​ကြောင့်​ ​သွေး
အိပ်​ငိုက်​​နေရာမှလန့်​ဖြန့်​ကာနိုးသွားရ​တော့သည်​ ။

"အာ Fu*k ဘယ်​ကဖုန်းလဲကွာ လန့်​သွားတာပဲ..."

ပါးစပ်​ကကျိန်​ဆဲရင်း ဖုန်းကိုနံပါတ်​မကြည့်​ပဲ ကိုင်​လိုက်
တော့သည်​ ။

"ဘယ်​သူလဲ..."

"ကိုယ်​ပါ..."

"​အော်​ ကိုယ်​ဆို​တော့​ခေါင်းမပါဘူး​ပေါ့ဟုတ်​လား..."

သွေး စိတ်​မရှည်​စွာခပ်​ရွဲ့ရွဲ့ပြန်​​မေးလိုက်​​တော့သည်​ ။
တစ်​ဖက်​လူကသူ့အ​ပြောကိုသ​ဘောကျကာရယ်​​လေ
တော့သည်​ ။

"​သွေး​လေးရယ်​ ကိုယ့်​အသံကိုမမှတ်​မိဘူးလား..."

"ခင်​ဗျားအသံကိုမှတ်​မိ​နေရ​အောင်​ ခင်​ဗျားကအဆို
တော်​မို့လို့လား ဘာလဲကွာ ခင်​ဗျားကဖုန်းသရဲလား..."

"ဟား ဟား မဟုတ်​ပါဘူးကွာ ကိုယ်​ စိုင်းခွန်းသ ပါ ..."

အော်​...ဒင်းကို ။စိတ်​တိုတိုနဲ့ဖုန်းချမည်​အလုပ်​ စိုင်းခွန်းသ ကသူ့စိတ်​ကိုကြိုသိ​နေသလို

"​ဟေ့ ​ဟေ့ ဖုန်းမချလိုက်​နဲ့​နော်​ ကိုယ်​​ပြောစရာ​လေး
တွေရှိ​သေးလို့...."

"မင်းဘာသာ​ပြောစရာရှိရှိ မရှိရှိ ငါနား​ထောင်​ချင်​စိတ်
မရှိဘူး ဒါပဲ..."

"မိုးသားမာန်​ အ​ကြောင်းဆိုရင်​​ရော...."

"ဟင်​...."

ဖုန်းချမလိုလုပ်​ပြီးမှ မိုးသားမာန်​ဆို​သောနာမည်​ပါလာ
တာ​ကြောင့်​ ​သွေး အံ့သြသွားရသည်​ ။

"မာန့်​အ​ကြောင်း...."

"မိုးသားမာန်​ဆိုတဲ့နာမည်​လည်းကြား​ရော ချက်​ချင်းကို
စိတ်​ဝင်​စားသွားတာပဲ​နော်​ ကိုယ်​​တော့မိုးသားမာန်​ကို
တကယ်​မနာလိုဖြစ်​မိတယ်​...."

"အပို​တွေ ​ပြောမ​နေပါနဲ့ လိုရင်းသာ​ပြောစမ်းပါ မာန်
ဘာဖြစ်​လို့လဲ..."

"မင်း မိုးသားမာန်​ကိုစိတ်​ဝင်​စား​နေတာလား...."

ချက်​ချင်းထွက်​လာ​သောစိုင်းခွန်းသရဲ့အ​မေးစကား
ကြောင့်​ ​သွေး ရုတ်​တရက်​ဘာပြန်​​ပြောရမှန်းမသိ ဆွံ့အ
သွားရ​တော့သည်​ ။သူဘယ်​လိုသိသွားတာလဲ ။

"​ဟေး ​ဖြေ​လေ ..."

"မင်း ဘာ​တွေလာ​မေး​နေတာလဲ အဓိပ္ပါယ်​မရှိတာ​တွေ
တော်​ပြီ စိုင်းခွန်းသ မင်းငါ့ဆီ​နောက်​တစ်​ခါဖုန်းမဆက်
ရင်​​ကောင်းလိမ့်​မယ်​...."

"မင်းဘယ်​လိုပဲငြင်းငြင်းပါ ​သွေးရယ်​ မင်းရဲ့မျက်​လုံး
တွေကတဆင့်​ မင်းရဲ့စိတ်​ကိုငါမြင်​​နေရတယ်​...."

"..........."

"ငါသိတယ်​ မင်း မိုးသားမာန်​ကို ချစ်​ ​နေ တယ်​ ဆိုတာ
ကို​လေ ဟက်​...."

"စိုင်းခွန်းသ !! "

ဒေါသထွက်​ထွက်​နှင့်​ ပြန်​​ပြောမည်​ပြင်​လိုက်​​ပေမဲ့
လက်​ထဲကဖုန်းကဆွဲလုတာခံလိုက်​ရ​တော့သည်​ ။

"ဒီမှာ စိုင်းခွန်းသ ငါမင်းကိုထပ်​သတိ​ပေးလိုက်​မယ်
မင်း​နောက်​တစ်​ခါ​သွေးနဲ့လာပတ်​သတ်​မယ်​ဆိုရင်​ ငါ
ကျိန်​တယ်​ ငါမင်းကို ​ဆေးရုံဆီfreeပို့​ပေးမယ်​..."

ဒေါသကိုအတတ်​နိုင်​ဆုံးထိန်းကာအံကြိတ်​သံနှင့်
သေချာ​ပြောကာသတိ​ပေးလိုက်​ရင်းဖုန်းကိုချလိုက်
တော့သည်​ ။

"အဲ့နံပါတ်​ကိုblockလိုက်​ မဟုတ်​ဘူး မင်းsimcard
အသစ်​လဲလိုက်​​တော့ ​သွေး...."

"မာန်​...."

"ငါမကြိုက်​ဘူး ​သွေး...."

မာန်​ ​ပြောရင်းလက်​ထဲကဖုန်းကို ကြမ်းပြင်​သို့ရိုက်​ကာ
ခွဲလိုက်​​တော့သည်​ ။သွေးလည်းမာန်​​ဒေါသထွက်​​နေ
သည်​ကိုကြည့်​ရင်းလန့်​ဖြန့်​သွားရ​လေသည်​ ။

"မာန်​...."

"အဲ့​ကောင်​နဲ့​နောက်​လုံးဝမပတ်​သတ်​ပါဘူးလို့ကတိ​ပေး
ပါ ​သွေး ငါ့ကိုကတိ​ပေးပါ...."

သူ့ကိုရင်​ခွင်​ထဲဆွဲသွင်းကာ တဖွဖွကတိ​တောင်း​နေ
သော မာန့်​​ကြောင့်​ ​သွေး လန့်​​နေရင်းမှရင်​​တွေခုန်​လာ
ရ​တော့သည်​ ။

"​အေးပါ ငါကတိ​ပေးပါတယ်​ ဟုတ်​ပြီလား...."

သူထိုသို့​ပြောလိုက်​​တော့မှ မာန်​ ချက်​ချင်းပြန်​ပြုံးသွား
လေ​တော့သည်​ ။သွေး ကြမ်းပြင်​ထက်​ကတစစီဖြစ်​​နေ
သောဖုန်း​လေးကို နှ​မြောစွာကြည့်​လိုက်​ပြီး

"ဟင့်​ ငါ့ဖုန်း​လေး မာန်​ သူ​တောင်းစား မင်း​ဒေါသကြီး
တာနဲ့ဘာမဆိုင်​ညာမဆိုင်​ငါ့ဖုန်း​လေး ကွဲသွားပြီ ဗြဲ
လူယုတ်​မာအစုတ်​ပလုတ်​ကြီး...."

အ​ကောင်းကြီးက​နေထငို​သော ​သွေး​ကြောင့်​ မာန်
ဘာလုပ်​လို့လုပ်​ရမှန်းမသိ ဖြစ်​သွား​လေ​တော့သည်​ ။

"ဟာ မငိုနဲ့​လေ ​သွေး တိတ်​ တိတ်​ ငါအသစ်​ပြန်​ဝယ်
ပေးပါ့မယ်​ကွာ...."

"ဟင့်​ တ တကယ်​ လား ...."

"အင်း​ပေါ့ကွ ...."

"ဟီး ပြီး​ရော လာ သွားမယ်​ မင်းငါးကင်​ဝယ်​လာတယ်
မလား သွားစားကြမယ်​...."

"​အော်​ ဟုတ်​ကဲ့...."

တကယ်​တတ်​လည်းတတ်​နိုင်​တဲ့ဟာ​လေး....သူပဲရုပ်
ကိုအမျိုးမျိုးလုပ်​တတ်​တယ်​...
တော်​ပါ​ပေတယ်​ ​မောင်​နှင်းစက်​​သွေးရယ်​....

မိုးသားမာန်​ ​ခေါင်းကိုသာအသာခါယမ်းမိရင်း လှုပ်​ပဲ့
လှုပ်​ပဲ့နဲ့ထွက်​သွား​သော နှင်းစက်​​သွေး ​နောက်​လိုက်
သွားရ​လေ​တော့သည်​ ။

.
.
.

ဆက်​ရန်​.....

Bạn đang đọc truyện trên: Truyen2U.Pro